ဆောင်းတွင်းလို အေးပြီးခြောက်သွေ့တဲ့ရာသီဥတုမှာ နှာခေါင်းသွေးထွက်လေ့ရှိပါတယ်။ ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ ဆောင်းလေကြောင့်ရော၊ အိမ်မှာ တပ်ထားတဲ့ အပူပေးစက်တွေကြောင့်ရော ပတ်ဝန်းကျင်က လေတွေ အကုန် စိုထိုင်းဆနည်းပြီး ခြောက်သွေ့ကုန်ပါတယ်။ ဒီခြောက်သွေ့နေတဲ့လေတွေကို ရှူရှိုက်တာများတဲ့အခါ နှာခေါင်းအတွင်းသားတွေ ကွဲအက်တတ်ပြီး သွေးထွက်တတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။
- အိပ်ခန်းထဲ ရေငွေ့ထိန်းစက်တပ်ထားပါ။ အထူးသဖြင့် ဆောင်းတွင်းပိုင်းတွေမှာပေါ့။
- Saline နှာခေါင်းအစက်ချဆေး လေးကို နှာခေါင်းထဲထည့်ပြီး အတွင်းသားနံရံတွေရဲ့ အစိုဓာတ်ကို ထိန်းပေးပါ။
- ဒါမှမဟုတ် နှာခေါင်းအတွင်းလိမ်းလို့ရတဲ့ အစိုဓာတ်ထိန်းဆေး တစ်မျိုးမျိုး လိမ်းပြီးမှ အိပ်ပါ။
ဓာတ်မတည့်မှုပြင်းထန်တဲ့ လူတစ်ယောက်ဟာ နှာခေါင်းတွေယားပြီး နှာစေး၊ နှာချေတာတွေခဏခဏဖြစ်တတ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ဒီလို ခဏခဏ နှာချေတာဟာ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့အကြောင်းအရာတစ်ခုပါ။
- နှာခေါင်းယားတဲ့အခါ နှာခေါင်းကိုကုတ်မိမယ်၊ အဲ့အါ သွေးကြောလေးတွေကိုထိမိသွားပြီး သွေးထွက်လာမယ်
- နှပ်ခဏခဏ ညှစ်တဲ့အခါ အားသုံးရတာကြောင့် အတွင်းက သွေးကြောလေးတွေ ကွဲသွားမယ်
- စတီးရွိုက်ပါတဲ့ ပန်းနာရင်ကြပ်ရှူဆေးတွေကြောင့်လည်း နှာခေါင်းအတွင်းသားခြောက်ပြီး ကွဲအက်တတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။
- ဓာတ်မတည့်ခြင်းက အရင်းခံဖြစ်တာကြောင့် ဓာတ်မတည့်တာကို သက်သာစေတဲ့ဆေးတွေသောက်ပါ။
- ကိုယ်နဲ့ ဓာတ်မတည့်တဲ့ အရာကို မှတ်ထားပြီး အဲဒါနဲ့ ဝေးဝေးရှောင်ပါ။
- နှပ်ညှစ်တဲ့အခါ အားကုန်သုံးပြီး ညှစ်မချလိုက်ပါနဲ့။
- ရှူဆေးသုံးတဲ့အခါမှာလည်း Saline နဲ့လုပ်ထားတဲ့ နှာခေါင်းဖြန်းဆေးတွေ သုံးပေးတာက ပိုကောင်းပါတယ်။.
( ၅ ) – ရောဂါပိုးဝင်ခြင်း ။
တုပ်ကွေးမိချိန်၊ ထိပ်ကပ်နာရောဂါ ခံစားနေရချိန်မှာ အတွင်းနှာခေါင်းနံရံလေးတွေက အရမ်းကို နုပြီး အထိမခံဖြစ်နေတတ်ပါတယ်။ ဒီလိုအချိန်မှာ နှာကလည်းစေးတော့ နှပ်ညှစ်လိုက်တာနဲ့တင် သွေးကြောပေါက်ပြီး သွေးတွေထွက်လာတတ်ပါတယ်။
ဒါကိုဘယ်လိုကာကွယ်ကြမလဲ ။ ။
- နှာပိတ်တာကို သက်သာစေဖို့ နှာခေါင်းထဲ အစက်ချဆေးရည်ထည့်တာမျိုး၊ ရေငွေ့ပါတဲ့ နှာဖြန်းဆေးရှူတာမျိုး၊ ရေနွေးငွေ့ရှူတာမျိုးလုပ်ပေးပါ။
- နှာရည်ခဲနဲ့ ချွဲတွေပျော်စေဖို့ ရေများများသောက်ပါ။
- ခုခံအားကောင်းပြီး အားပြန်ပြည့်အောင် အနားများများယူပါ။
- ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ပိုးသတ်ဆေးတွေ သောက်သင့်ရင်လည်းသောက်ပါ ။ ။
ဒါတွေကတော့ ညဘက် နှာခေါင်းသွေး လျှံတတ်တဲ့အကြောင်းအရင်းတွေနဲ့ သူတို့ကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ အကြောင်းအရာတွေပဲဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာ အများအားဖြင့် မစိုးရိမ်ရပေမယ့် ရောဂါအခံတစ်ခုခုရှိတာကြောင့်လည်းဖြစ်နိုင်တာကြောင့်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။