ကျန်းမာစေမည့်အလေ့အကျင့်များ

ကျန်းမာတဲ့ အလေ့အကျင့်တွေဆိုတာ သင့်ကျန်းမာရေးကို အကျိုးပြုစမြဲပါပဲ။ သင့်ရဲ့ နေထိုင်စားသောက်မှု ပုံစံကို ပြောင်းလဲမယ်ဆိုရင် အရေးကြီးဆုံးက ကောင်းတဲ့ အကျင့်နဲ့ မကောင်းတဲ့ အကျင့်ကို ခွဲခြားသိဖို့ပါပဲ။ ဒီစာမျက်နှာမှာ ကောင်းတဲ့ အလေ့အကျင့်တွေနဲ့ သူတို့ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစေမည့်အလေ့အကျင့်များ

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ကျန်းမာစေမည့်အလေ့အကျင့်များ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစေမည့်အလေ့အကျင့်များ ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

ခွေးရူးပြန်အန္တရာယ် သတိပြုကာကွယ်

ကုရာနတ္ထိ ဆေးမရှိ ရောဂါတွေထဲမှာ ခွေးရူးပြန်ရောဂါဟာလည်း နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ရောဂါပိုးရှိတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးမှတစ်ဆင့် ဗိုင်းရပ်စ်ပိုးတွေဟာ အကိုက်ခံရသူရဲ့ သွေးကြောထဲကို ဝင်ရောက်ပြီး ကူးစက်ပါတယ်။ အကိုက်ခံရသူမှာ ခွေးရူးပြန်ကာကွယ်ဆေး မထိုးထားဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရောဂါလက္ခဏာ စတင်ပြလာပြီး နောက်ဆုံး ကုသကယ်တင်ဖို့ မတတ်နိုင်တော့ဘဲ အသက်ဆုံးရှုံးရလောက်တဲ့အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ ခွေးရူးပြန် ဗိုင်းရပ်စ်ပိုးကို ကာကွယ်ဆေး မထိုးထားတဲ့ အလေအလွင့် ခွေးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ကြောင်၊ ကြွက်၊ လင်းနို့၊ မြေခွေး အစရှိတဲ့ တိရစ္ဆာန်တွေကနေလည်း ကူးစက်နိုင်ပါတယ်။ ကိုယ်က ဒဏ်ရာသေးတယ်ဆိုပြီး အမှုမဲ့ အမှတ်မဲ့ နေလိုက်မယ်ဆိုရင်တော့ အသက်အန္တရာယ် ဆုံးရှုံးဖို့ အခွင့်အလမ်း တော်တော်များတယ်ဆိုတာ သိထားဖို့ လိုပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ ခွေးရူးပြန်ရောဂါ မဖြစ်ပွားစေဖို့ […]


ရှေးဦးသူနာပြုစုခြင်း

အရေပြားမှာ စူပါဂလူး မတော်တဆကပ်မိသွားရင် ဘယ်လိုဖယ်ရှားမလဲ

ပစ္စည်းတစ်ခုခုပြင်ဖို့၊ ကပ်ဖို့လိုတိုင်း စူပါဂလူးကိုပြေးဝယ်ကြပါတယ်။ တကယ်လည်းစွယ်စုံအသုံးဝင်တဲ့ အရာဖြစ်ပေမယ့် ကပ်လိုတဲ့နေရာမဟုတ်ဘဲ မတော်တဆ ချော်ပြီး မျက်စိကိုစဉ်မိရင် အန္တရာယ်ရှိနိုင်ပါတယ်။ အသားမှာကပ်သွားရင်လည်း အတင်းဆွဲခွာရလို့ အသားတွေစုတ်ပြဲရနိုင်တယ်။စူပါဂလူးက အရေပြားနဲ့ထိတွေ့တဲ့အခါ ထိခိုက်မှုအာနိသင်မဖြစ်နိုင်ပေမယ့် အသားတွေထိကပ်ကုန်တာ၊ တခြားအရာဝတ္တုတွေနဲ့ အသားကပ်ကုန်တာတွေဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်တောင် လက်မှ ကော်တွေကပ်ကျန်နေတာ စိတ်ညစ်ဖို့ကောင်းပါတယ်။ ဒီတော့ မတော်တဆကပ်မိတဲ့အခါ အရေပြားကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာ အလွယ်ဆုံးနည်းလေးတွေပြောပြမယ်နော် - (၁) ဆပ်ပြာရည် ဆပ်ပြာဖျော်ထားတဲ့ ရေနွေးနွေးလေးမှာ ခဏစိမ်ပြီး လက်မှာကပ်နေတဲ့ကော်တွေကို ဖယ်ရှားပါ။ကော်မခြောက်ခင်မှာ စိမ်နိုင်ရင် ပိုကောင်းပါတယ်။ ဇလုံတစ်ခုထဲရေနွေးစပ်ပြီးချေးချွတ်ဆပ်ပြာ သို့မဟုတ် ဆပ်ပြာတစ်မျိုးမျိုးထည့်ပါ။ကော်ကပ်နေတဲ့လက်ကို ၅ မိနစ် သို့မဟုတ် ၁၀ မိနစ်စိမ်ထားပါ။ကော်ကပျော့လာပြီဆိုရင် အသာအယာပွတ်ပါ ဒါမှမဟုတ် အသာလေးခွာကြည့်ပါ။ လုပ်ကြည့်လို့နာတယ်ဆို ဆက်မလုပ်ပါနဲ့။ အရေပြားစုတ်ပြဲသွားနိုင်ပါတယ်။ ကော်သိပ်မများဘူးဆိုရင် ဒီနည်းနဲ့တင် နည်းနည်းချင်း လျော့ပါးသွားနိုင်ပါတယ်။ မရရင်နောက်တစ်နည်းပေါ့။   (၂) လက်သည်းဖျက်ဆေး လက်သည်းဖျက်ဆေးအများစုမှာacetone […]


ရှေးဦးသူနာပြုစုခြင်း

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ

သွေးပေါင်ကျနေတဲ့သူကို အရေးပေါ်ဘယ်လိုပြုစုမလဲ ..... အရာရာက အစွန်းနှစ်ဖက်ရှိစမြဲပါနော်။ ဒီလိုပါပဲ သွေးတိုးတယ်၊ သွေးပေါင်တက်တယ်ဆိုတာမျိုးရှိသလို သွေးပေါင်ကျတယ်ဆိုတာကလည်း ရှိပါတယ်။ ဘယ်အစွန်းမှကတော့ မကောင်းဘူးပေါ့။ သွေးပေါင်တက်တာကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်နိုင်သလို သွေးပေါင်ကျတာကလည်း ထိခိုက်စေတာပါပဲ။ ဒါကလည်း အသက်ဆုံးရှုံးသည်အထိပြင်းထန်တဲ့ ရောဂါလက္ခဏာတစ်ခုပါ။ သွေးတိုးလောက်အဖြစ်မများပေမယ့် သတိထားသင့်ပါတယ်နော်။ ဒီတစ်ခေါက်တော့ မြင်ရခဲပေမယ့် ကိုယ့်ပတ်ဝန်းကျင်မှာ ကြုံလာခဲ့ရင် အကောင်းဆုံးကူညီပေးနိုင်စေဖို့အတွက် သွေးပေါင်ကျတဲ့အခါ လုပ်ဆောင်ပေးသင့်တဲ့ ရှေးဦးသူနာပြုစုနည်းလေးကို ပြောပြပေးပါရစေနော်။ သွေးပေါင်ကျတယ်ဆိုတာ သွေးပေါင်ကျတယ်ဆိုတာက လူတစ်ယောက်မှာရှိသင့်တဲ့ သွေးပေါင်ချိန်ထက် လျော့နည်းနေတဲ့အနေအထားပါ။ တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပေမယ့် အပေါ်သွေးက ၉၀ mmHg ရှိပြီး အောက်သွေးက ၆၀ mmHg ဖြစ်နေမယ်ဆိုရင် သွေးပေါင်ကျနေပြီလို့သတ်မှတ်ရပါမယ်။ သွေးပေါင်ကျတဲ့အခါ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆီကို သွေးလုံလောက်အောင် မရောက်ရှိတော့တာမျိုးတွေ ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေက သွေးပေါင်ကျတာက သွေးတိုးတာထက်စာရင် လက္ခဏာပြတတ်တာကြောင့် သတိထားမိလွယ်ပါတယ်။ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာကနေ အမာရွတ်မကျန်အောင်ဒါတွေရှောင်ပါ

အမာရွတ်ဆိုတာမုန်းစရာကောင်းပါတယ်။လက်မှာဖြစ်ဖြစ်၊ခြေထောက်မှာဖြစ်ဖြစ်အမာရွတ်ရှိနေရင်သိပ်အရုပ်ဆိုးတာနော်။အမာရွတ်မပေါ်အောင်လက်ရှည်ဝတ်ရတာနဲ့ဘောင်းဘီရှည်ပဲဝတ်ရတာနဲ့တော်တော်အဆင်မပြေဖြစ်ရပါတယ်။ ငယ်ငယ်ကဘယ်မှာကစားရင်းဘာနဲ့ထိခိုက်ခဲ့တဲ့ဒဏ်ရာလေဆိုပြီးအမာရွတ်လေးတွေကိုငယ်ဘဝအမှတ်တရအဖြစ်နဲ့တော့ထည့်ပြောလေ့ရှိပေမယ့်ကျန်ရစ်ခဲ့တဲ့ရလဒ်ကတော့မလှဘူးလေ။တကယ်တော့ဒါတွေကမဖြစ်လာအောင်ကာကွယ်လို့ရနေတဲ့အရာတွေပါ။ ထိခိုက်ဒဏ်ရာတိုင်းအမာရွတ်မဖြစ်ပါဘူး။အမာရွတ်မဖြစ်အောင် ကြိုတင်ကာကွယ်လို့ရတယ်ဆိုတော့ဒီ(၆)ချက်ကိုတော့မလုပ်နဲ့နော်။ (၁)အနာကိုဒီအတိုင်းမထားပါနဲ့ အသေးစားထိရှနာလေးတွေကိုပဲဖြစ်ဖြစ်သန့်စင်ပေးပြီးမဖုံးအုပ်ဘဲဒီအတိုင်းထားလိုက်ရင်အနာကျက်သွားလိမ့်မယ်လို့ထင်ထားတယ်ဆိုရင် ပြန်စဉ်းစားပါနော်။အရေပြားမှာလေသလပ်ပြီးခြောက်သွေ့စေတာကရောဂါပိုးဝင်နိုင်ခြေပိုများတယ်လို့ဆေးပညာကဆိုပါတယ်။ထိခိုက်ဒဏ်ရာတွေကိုပလာစတာနဲ့ဖုံးအုပ်ကာကွယ်ခြင်းအားဖြင့်အစိုဓါတ်ထိန်းပေးလို့အနာကျက်ခြင်းကိုအားပေးပါတယ်။ ပြင်ပကရောဂါပိုးမွှားတွေရန်ကကာကွယ်ပေးပါတယ်။ (၂)အနာပေါ်ကိုအပြင်းစားတွေမသုံးပါနဲ့ အနာကိုအရက်နဲ့ဆေးတာ၊အရက်ပြန်လောင်းချတာ၊ hydrogen peroxideနဲ့ဆေးကြောတာတွေကဒဏ်ရာရတဲ့အရေပြားအတွက်သိပ်ကိုပြင်းထန်လွန်းပါတယ်။အများယုံကြည်ထားသလိုပိုးသေစေတယ်ဆိုတာထက်အရေပြားကိုထိခိုက်စေပြီးအနာကျက်မြန်စေဖို့၊အမာရွတ်မကျန်ဖို့ကိုအနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။အနာကိုသန့်စင်တယ်ဆိုတာဖုန်အညစ်အကြေးတွေ၊ဘက်တီးရီးယားနဲ့အမှုန်အမွှားတွေကိုဖယ်ရှားမှာဖြစ်တဲ့အတွက်ရေနဲ့ဆေးကြောရင်ပဲလုံလောက်ပါတယ်။လိုအပ်ရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးနိုင်ပါတယ်။ (၃)ဈေးသက်သာတဲ့ဘက်ဦးစားမပေးပါနဲ့ အနာကျက်ဆေးတွေ၊ပိုးသတ်ဆေးတွေဆိုဈေးကွက်မှာအမျိုးအစားစုံရှိနေတဲ့အတွက်ဈေးချိုတာကိုဝယ်မိတတ်ကြပါတယ်။ကိုယ့်ကျန်းမာရေးအတွက်နဲ့ငွေကြေးပမာဏအနည်းငယ်ကွာခြားမှုအတွက်ဘယ်ဟာကိုဦးစားပေးမလဲစဉ်းစားပါနော်။ဥပမာ-ထိခိုက်ဒဏ်ရာအတွက်ဆိုအရည်အသွေးကိုအသိအမှတ်ပြုထောက်ခံပြီးသားဖြစ်တဲ့ ဆေးရည်မျိုးကိုရွေးချယ်တာမျိုး။အရည်အသွေးမကောင်းတဲ့ဈေးပေါတာတွေသုံးမိရင်အနာကျက်သင့်တဲ့အချိန်ထက်ပိုကြာပြီးအမာရွတ်ကျန်နိုင်ခြေများပါတယ်။ (၄)ရည်ြကည်ဖုတွေမဖောက်ပါနဲ့၊အနာဖေးမခွာပါနဲ့ အပူလောင်နာမှာဖြစ်လာတဲ့ရည်ကြည်ဖုသို့မဟုတ်အနာမှာတက်လာတဲ့အနာဖေးတွေကိုမဖောက်၊မခွာပါနဲ့။သွားထိလိုက်ကာမှလက်မသန့်ရင်ရောဂါပိုးဝင်ပြီးပိုဆိုးစေနိုင်ပါတယ်။ (၅)အပူလောင်နာကိုဘာမှလေျှာက်မလိမ်းပါနဲ့ အပူလောင်နာကိုထောပတ်လိမ်းတာ၊အရွက်ကြိတ်ရည်တွေလိမ်းတာ၊အထူးသဖြင့်သွားတိုက်ဆေးလိမ်းတာတွေကမလုပ်သင့်တဲ့အချက်တွေပါ။သွားတိုက်ဆေးတွေကသွားကိုဖြူဖွေးတောက်ပစေဖို့နဲ့ ကြံ့ခိုင်စေဖို့ ပြင်းတဲ့ဓါတုပစ္စည်းတွေပါဝင်တတ်လို့အနာရှိတဲ့အရေပြားကိုအခြေအနေပိုဆိုးစေနိုင်ပါတယ်။အပူလောင်ခြင်းအတွက်ကဖြစ်ဖြစ်ချင်းမှာရိုးရိုးရေနဲ့လောင်းချပေးတာကအရေးပေါ်နည်းဖြစ်ပါတယ်။အနာသက်သာစေ၊အရောင်ကျစေနိုင်ပြီးနီမြန်းမှုတွေကိုသက်သာစေတဲ့ Ointment တစ်ခုခုကိုလိမ်းပေးလို့ရပါတယ်။ (၆)အနာကနီမြန်းတာ၊ယားတာ၊ရောင်တာြဖစ်လာရင်မပေါ့ဆပါနဲ့ ယားလာတာကအနာကျက်လာတဲ့လက္ခဏာတစ်ခုဖြစ်နိုင်ပေမယ့်သတိထားဖို့လိုတဲ့အချက်လည်းဖြစ်ပါတယ်။အနာအရေပြားကနီမြန်းလာတာ၊တဒုတ်ဒုတ်သွေးခုန်တာ၊ယားတာ၊ရောင်ရမ်းတာဖြစ်လာရင်အနာပိုးဝင်တဲ့လက္ခဏြာဖစ်နေနိုင်ပါတယ်။နောက်ဆက်တွဲပြဿနာတွေမဖြစ်လာခင်အမြန်ဆုံးကုသမှုခံယူပါ။   အမာရွတ်မကျန်အောင်လုပ်သင့်တဲ့ (၈)ချက် လက်ကိုစင်အောင်ဆေးသင့်တယ်။ဒါမှအနာကိုထိတွေ့တဲ့အခါ၊ဆေးထည့်တဲ့အခါရောဂါပိုးမဝင်မှာပါ။ သွေးတိတ်အောင်လုပ်ပါ။အသေးစားထိခိုက်ဒဏ်ရာတွေကသူ့အလိုလိုသွေးတိတ်သွားလေ့ရှိတယ်ဆိုပေမယ့်လိုအပ်လာရင်ပတ်တီးစသို့မဟုတ်အဝတ်သန့်လေးနဲ့သွေးတိတ်တဲ့အထိအသာအယာဖိထားပေးပါ။ အနာကိုဆေးကြောသန့်စင်ပါ။ရေနဲ့ပဲဆေးကြောတာလုံလောက်ပါတယ်။ညစ်ပေနေတာ၊အညစ်အကြေးတွေကပ်ငြိနေတာဆိုရင်အနာဘေးတဝိုက်ကိုဆပ်ပြာအပျော့စားနဲ့ဆေးကြောလို့ရပါတယ်။အနာထဲကိုတော့တိုက်ရိုက်ဆပ်ပြာနဲ့မထိပါစေနဲ့။ အနာပိုးသတ်ဆေးထည့်ပါ။အနာကျက်မြန်စေဖို့၊အနာပိုးမဝင်စေဖို့ အနာပိုးသတ်ဆေးတစ်ခုခုထည့်ပါ။ အနာထဲကိုဘက်တီးရီးယားတွေ၊ပိုးမွှားတွေရန်ကကာကွယ်ပေးပြီးအနာကျက်မြန်စေပါတယ်။ ပလာစတာ၊ပတ်တီးဖုံးအုပ်ပါ။ဆေးထည့်ပြီးတာနဲ့ပလာစတာ၊ပတ်တီးနဲ့ဖုံးအုပ်ပါ။ဒါမှပြင်ပကရောဂါပိုးမွှားတွေမဝင်အောင်အကာအကွယ်ဖြစ်စေမှာပါ။အနာကျက်နှေးစေနိုင်တဲ့အရေပြားခြောက်သွေ့မှုကိုလည်းကာကွယ်ပြီးသားဖြစ်စေပါလိမ့်မယ်။ ပလာစတာ၊ပတ်တီးကိုပုံမှန်လဲပေးပါ။အနည်းဆုံးတစ်နေ့တစ်ကြိမ်သို့မဟုတ်ပလာစတာမှာရေစိုတာ၊ညစ်ပေတာတွေဖြစ်လာတိုင်းအသစ်လဲပါ။ မေးခိုင်ကာကွယ်ဆေးထိုးပါ။ဒဏ်ရာနက်ရင်သို့မဟုတ်ထိခိုက်စဉ်ကအရမ်းညစ်ပေနေခဲ့ရင်မေးခိုင်ကာကွယ်ဆေးထိုးသင့်ပါတယ်။ဆရာဝန်နဲ့တိုင်ပင်ပြီးကာကွယ်ဆေးထိုးသင့်ထိုးပါ။ အနာပိုးဝင်တဲ့လက္ခဏာရှိမရှိြကည့်ပါ။ဒဏ်ရာတဝိုက်မှာနီရဲလာတာ၊ပိုနာကျင်လာတာ၊ ပြည်တည်လာတာ၊ပူပူကြီးဖြစ်လာတာ၊ရောင်လာတာလိုမျိုးအနာပိုးဝင်တဲ့လက္ခဏာတွေရှိမရှိသတိထားကြည့်ပါ။ Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့

တစ်နေ့တာလုံး ခန္ဓာကိုယ်က ချွေးနံ့ ကင်းတာကလည်း ကိုယ့်ကိုကိုယ် ယုံကြည်မှု တိုးစေတဲ့ အချက် တစ်ခု ပါပဲနော်။ ကိုယ့်ကိုယ်က အနံ့ဆိုးတွေ ထွက်နေလို့ စိတ်ညစ်ပြီး အလုပ်တွေကို ကောင်းကောင်း မလုပ်နိုင်တဲ့ အခိုက်အတန့်မျိုးများ ကြုံဖူးလား။ ခန္ဓာကိုယ်က မွှေးမနေရင်တောင် အနံ့ဆိုး ထွက်မနေမှ အဆင်ပြေတာပါနော်။ ခန္ဓာကိုယ်က အနံ့ဆိုးတွေ ရှိနေမယ် ဆိုရင် ကိုယ်တိုင်အတွက် အဆင်မပြေနိုင်သလို အခြားသူတွေ အတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်နေနိုင်ပါတယ်။ ဒီတော့ ဘယ်လိုလုပ်ရမလဲ လို့များ သိချင်နေပြီလား။ ကဲ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဘာတွေ လုပ်ရမလဲ ဆိုတာကို ဆက်ကြည့်လိုက်ရအောင်နော်။ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ တစ်နေ့တာလုံး အနံ့အသက်ကင်းကင်းနဲ့ စမတ်ကျနေစေဖို့ ဆိုရင် ရေပုံမှန်ချိုးပါ ရေချိုး ပျင်းတယ် ဆိုရင်တောင် တစ်နေ့ကို […]


ရှေးဦးသူနာပြုစုခြင်း

အပူရှပ်တာအတွက် ရှေးဦးသူနာပြုစုခြင်း

ရာသီဥတုတစ်မျိုးချင်းစီမှာကောင်းကွက်တွေရှိသလို ဆိုးကွက်တွေလည်းရှိပါတယ်။ဆောင်းအအေးဒဏ်က ပိုးတွေကိုပြင်ပလေထုထဲမှာ ပိုမိုရှင်သန်နိုင်စေတာကြောင့် အအေးမိတုပ်ကွေးြဖစ်နိုင်ခြေပိုများပါတယ်။ မိုးရာသီမှာဆိုရင်လည်း စွတ်စိုမှုကြောင့် မှိုပိုးပေါက်ဖွားပြီး အရေပြားပြဿနာတွေ၊ ဝမ်းရောဂါတွေဖြစ်နိုင်ပါတယ်။ ဒီလိုပါပဲ နွေရာသီမှာဆိုရင်လည်း အပူရှပ်တာ၊ အရေပြားပြဿနာနဲ့ ဝမ်းရောဂါလိုမျိုးရောဂါတွေဖြစ်နိုင်ပါတယ်။ အဖြစ်အများဆုံးကတော့ အပူရှပ်တာပေါ့။ ကိုယ့်မိသားစုဝင်တွေမှာဖြစ်ဖြစ်၊ သူငယ်ချင်းတွေမှာဖြစ်ဖြစ် အပူရှပ်တာမျိုးဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုလုပ်ပေးရမလဲဆိုတာကို သိချင်တဲ့သူများရှိရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ပြောပါရစေ။ အပူရှပ်ခြင်း အပူရှပ်တယ်ဆိုတာက ခန္ဓါကိုယ် အပူချိန်အရမ်းမြင့်တက်လာတာကြောင့်ပါ။ အပူဒဏ်ကို အချိန်ကြာမြင့်စွာ ထိတွေ့တာ၊ ပူပြင်းတဲ့အခြေအနေမှာ လှုပ်ရှားမှုတွေပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ခန္ဓါကိုယ်အပူချိန်မြင့်တက်တဲ့အခါမျိုးမှာတွေကြုံရတဲ့ အခြေအနေတစ်ရပ်ပါ။ ခန္ဓါကိုယ်အပူချိန် ၁၀၄ ဒီဂရီ ဖာရင်ဟိုက် ဒါမှမဟုတ် ဒီအပူချိန်ထက်မြင့်တက်နေတာမျိုးဖြစ်နိုင်ပါတယ်။နွေရာသီရဲ့လတွေအများဆုံးဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးအခြေအနေတစ်ရပ်ပါ။ အပူရှပ်တဲ့အခါမှာ အရေးပေါ်ပြုစုကုသမှုလုပ်ဆောင်ပေးဖို့လိုအပ်ပါတယ်။ မကုသဘဲ သတိလက်လွတ်ထားလိုက်မယ်ဆိုရင် အပူရှပ်တာကြောင့် ဦးနှောက်၊ နှလုံး၊ကျောက်ကပ်နဲ့ ကြွက်သားတို့ဟာ အချိန်တိုအတွင်းမှာ ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ဒါတွေတင်မကသေးပါဘူးပြင်းထန်တဲ့နောက်ဆက်တွဲဝေဒနာတွေနဲ့ အသက်သေဆုံးတာမျိုး အထိဖြစ်နိုင်ပါတယ်။ အပူရှပ်တဲ့အခါ ဘယ်လိုလက္ခဏာမျိုးတွေတွေ့ရနိုင်လဲ အပူရှပ်တဲ့အခါ - ခန္ဓါကိုယ်အပူချိန်က […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

ချွေးထုတ်ခန်းထဲ ဝင်လို့ ဘာကောင်းကျိုးတွေ ရနိုင်လဲ

ချွေးထုတ်ခန်း ဆိုတာ ယနေ့ခေတ် လူငယ်တွေနဲ့ သိပ်စိမ်းမယ်တော့ မထင်ပါဘူး။ စိတ်ဖိစီးမှုကို ပြေလျော့စေဖို့နဲ့ စိတ်အပန်းဖြေစေဖို့ ပတ်ဝန်းကျင်တစ်ခု အဖြစ် ချွေးထုတ်ခန်းကို စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သုတေသီတွေရဲ့ လေ့လာချက်အရ ချွေးထုတ်ခန်းကို ပုံမှန်ဝင်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာ ရနိုင်တယ်ဆိုတာ လေ့လာတွေ့ရှိခဲ့ပါတယ်။ ချွေးထုတ်ခန်းကို ဘယ်လိုအချိန်မှာ ဝင်ကြလဲ။ များသောအားဖြင့် အားကစားကို ပြင်းပြင်းထန်ထန်လုပ်ပြီးတဲ့အချိန် တင်းမာနေတဲ့ ကြွက်သားတွေကို ပြေလျော့စေဖို့ ချွေးထုတ်ခန်းထဲ ဝင်တတ်ကြတာ ရှိသလို လေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ၊ စိတ်ဖိစီးမှုတွေ များနေတဲ့အခါမှာလည်း ချွေးထုတ်ခန်းကို ဝင်တတ်ကြပါတယ်။ ခန္ဓါကိုယ်ထဲမှာ အောင်းနေတဲ့ အညစ်အကြေးတွေကို ချွေးအဖြစ် ထွက်လာစေတာကြောင့် ကိုယ်အလေးချိန်ထိန်းသူတွေ၊ အလှအပလိုက်စားသူတွေလည်း ပုံမှန် ချွေးထုတ်ခန်း သွားတတ်ကြပါတယ်။ ချွေးထုတ်ခန်းထဲမှာ ဘယ်နှမိနစ်လောက် နေသင့်လဲ။ ချွေးထုတ်ခန်း အမျိုးအစားနဲ့ ကိုယ်ခံနိုင်တဲ့ အပူချိန်အတိုင်းအတာပေါ်မူတည်ပြီး ၁၅မိနစ် ကနေ မိနစ် […]


ရှေးဦးသူနာပြုစုခြင်း

အနာကိုသေချာဂရုမစိုက်တဲ့အခါ ဖြစ်လာနိုင်တဲ့ ကြောက်စရာနောက်ဆက်တွဲဆိုးကျိုးများ။

အနာ၊ထိခိုက်ဒဏ်ရာ၊ ပွန်းပဲ့ဒဏ်ရာ၊ ကုတ်ခြစ်ဒဏ်ရာ၊ပြတ်ရှဒဏ်ရာ အချိန်မရွေးကြုံတွေ့ရနိုင်တဲ့ အသေးစားကျန်းမာရေးပြဿနာပါ။ သွားရင်းလာရင်းဖြစ်နိုင်သလို အိမ်မှာနေရင်း အိမ်မှုကိစ္စတွေလုပ်ရင်းနဲ့တောင်ဖြစ်နိုင်ပါတယ်။ ဒီရှောင်လွှဲဖို့ခက်တဲ့ အသေးစားကျန်းမာရေးပြဿနာလေးတွေက သတိလက်လွတ်ထားလိုက်မိတဲ့အခါမျိုးဆိုရင် အထိတ်တလန့်ဖြစ်စေမယ့်နောက်ဆက်တွဲပြဿနာတွေကို ယူဆောင်လာတတ်ပါတယ်။ ထိခိုက်ရှနာ အနာဖြစ်တယ်၊ ထိခိုက်ရှနာဖြစ်တယ်ဆိုတာက ခန္ဓါကိုယ်ရဲ့ရှေ့တန်းခံစစ်ကျိုးပျက်သွားတာပါ။ အရေပြားပေါက်ပြဲသွားပြီဆိုမှတော့ ခန္ဓါကိုယ်ထဲကို ဘက်တီးရီးယားတွေက ဝင်ချင်သလိုဝင်ခွင့်ရသွားပြီပေါ့။ ဘက်တီးရီးယားတွေက ခန္ဓါကိုယ်ထဲကို ဝင်ပြီးသွားရင် ဒီအတိုင်းပြန်ထွက်မသွားပါဘူး။ ထင်တိုင်းကြဲပြီးမှ ထွက်သွားကြတာပါ။ ဒီအခါမှာ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာပြီပေါ့။ ဒီတော့ အနာထဲကိုပြင်ပက ဘက်တီးရီးယားတွေဝင်မလာအောင်သေချာဂရုစိုက်ဖို့လိုပါမယ်။ အနာတရဖြစ်လာရင် ထိခိုက်မိတာကြောင့် အပေါ်ယံအရေပြားပေါက်ပြဲသွားတဲ့ ထိခိုဒဏ်ရာတွေရလာပြီဆိုရင် ဒီနည်းလေးတွေအတိုင်း ဂရုစိုက်ပါနော်။ အနာကိုသေချာဆေးကြောပေးပါ - ထိခိုက်ဒဏ်ရာရပြီဆိုရင် အနာကိုရေသန့်သန့်နဲ့ သန့်စင်ဆေးကြောပေးပါ။ အနာကိုခြောက်အောင်သုတ်ပါ - အနာဆေးကြောပြီးရင် ဂွမ်းစသန့်သန့်လေးနဲ့ခြောက်အောင်သုတ်ပါ။ သွေးတိတ်အောင်လုပ်ပါ - အနာပေါ်ကို ပတ်တီးစသန့်သန့်လေး ဒါမှမဟုတ် အဝစသန့်သန့်လေးနဲ့ခပ်ဖွဖွလေးဖိပြီးသွေးတိတ်အောင်လုပ်ပါ။ အနာကို ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးပါ - အနာကိုသန့်စင်ဆေးကြောပြီးရင် အနာပိုးမဝင်အောင်ကာကွယ်တဲ့အနေနဲ့ ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။ Antiseptic Solution ကဆိုရင် အနာထဲကိုပိုးမဝင်အောင်ကာကွယ်ပေးပြီး […]


တစ်ကိုယ်ရေသန့်ရှင်းရေး အလေ့အထများ

တည်ကြည်ခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ အမျိုးသားဖြစ်စေဖို့

လှချင်၊ ပချင်တယ်ဆိုတာ မိန်းကလေးတွေအတွက်ပဲလို့ ထင်နေရင် ကိုယ့်လူတို့ မှားသွားပါလိမ့်မယ်။ ဒီဘက်ခေတ်ကြီးထဲမှာ အမျိုးသားတွေဟာလည်း ဆွဲဆောင်မှုရှိပြီး ကြည့်ကောင်းဖို့ အလှအပရေးရာမှာ ပိုပြီး စိတ်ဝင်စားလာကြတယ်။ အားကစားကိုလည်း သေချာလိုက်နာပြီး ကျန်းမာရေးကို ပိုပြီး ဂရုစိုက်လာကြပါတယ်။ ဒါဟာ ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါပဲ။ ကိုယ့်ရဲ့ လိင်စိတ်တိမ်းညွတ်မှုဟာ မည်သို့ပင်ဖြစ်နေစေကာမူ ကိုယ်သဘောကျတဲ့ သူတစ်ယောက်ကို ကိုယ့်နောက်ကို ကောက်ကောက်ပါအောင် ကြွေကျသွားစေဖို့ ပြုပြင်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။ အသိနောက်ကျလေသည် မရှိရလေအောင် ကိုယ့်လူတို့လည်း ဒီအချက်တွေကို သေချာလိုက်နာကြည့်ဖို့တော့ လိုမယ်နော်။ ၁။ တစ်ကိုယ်ရေ သန့်ရှင်းမှုကို အလေးထားပါ။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားတစ်ယောက် ဖြစ်ဖို့ အရေးကြီးဆုံး အချက်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုပါပဲ။ တစ်ကိုယ်ရေသန့်ရှင်းမှုဟာ ကျန်းမာရေးအတွက်သာမက ပတ်ဝန်းကျင်က လူတွေကို ကိုယ့်ကို စိတ်ဝင်စားလာစေနိုင်တဲ့ အဓိကသော့ချက်ပါပဲ။ အမျိုးသားတွေဟာ အမြဲ […]


ရှေးဦးသူနာပြုစုခြင်း

အနာချုပ်ရိုးတွေကို ဘယ်လိုဂရုစိုက်မလဲ

ထိခိုက်ဒဏ်ရာရတိုင်း ချုပ်တာမျိုးလုပ်ဖို့မလိုပေမယ့် အနာကအရမ်းကြီးမယ်ဆိုရင်တော့ အနာကို ချုပ်ဖို့လိုအပ်မှာပါ။ အရမ်းကြီးတဲ့အနာတွေက ချုပ်လိုက်မှ အနာကျက်မှာပါ။ ချုပ်ပြီးရင်လည်း မပြီးသေးပါဘူး။သေချာလေးဂရုစိုက်မှ အနာကျက်ြပီး အမာရွတ်ကင်းမှာလေ။ ဒီတော့အနာချုပ်တဲ့အခါ ဘာတွေဂရုစိုက်ဖို့လိုမလဲပြောပြမယ်နော်။ ချုပ်ရိုး အရေပြားကိုချုပ်တာကလလည်း အဝတ်စတွေကိုချုပ်သလိုပဲ လို့သင်ယူဆနိုင်ပါတယ်။ အပ်ချည်ကြိုးတစ်ခုနဲ့ တစ်ခုချင်းစီဖြစ်နေတဲ့အဝတ်စတွေကိုချုပ်သလိုလိုပဲပေါ့။ ဒါပေမယ့် အဝတ်စတွေနဲ့ လူ့အရေပြားက သိပ်တော့မတူပါဘူး။ အရေပြားမှာချုပ်တဲ့အခါ ပိုပြီးအနုစိတ်သေချာဂရုစိုက်ရပါတယ်။ အတွင်းချုပ်ရိုးနဲ့ အပြင်ချုပ်ရိုးဆိုပြီးလည်း ရှိပါသေးတယ်။ အရေပြားကိုချုပ်တဲ့အခါသေချာလေးဂရုစိုက်ချုပ်မှာ အမာရွတ်ထင်ကျန်မနေခဲ့မှာပါ။ အဓိက ကတော့ အနာစေ့သွားစေဖို့နဲ့ အနာပေါက်ပိတ်သွားစေဖို့ပေါ့။ အတွင်းချုပ်ရိုးကပြန်ဖြေစရာမလိုပေမယ့် အပြင်ချုပ်ရိုးကတော့ပြန်ဖြေဖို့လိုပါမယ်။ အနာအရမ်းနက်တဲ့အခါ၊ ခွဲစိတ်မှုတွေလုပ်တဲ့အခါမျိုးမှာ အနာကိုချုပ်ရပါမယ်။ ချုပ်ရိုးတိုင်းကိုပြန်ဖြေစရာလိုပေမယ့် ပါးစပ်တွင်းကချုပ်ရိုးတွေကတော့ပြန်ဖြေစရာမလိုဘဲ အနာကျက်သွားကြပါတယ်။ ချုပ်ရိုးကိုသေချာဂရုစိုက်ပါ ချုပ်ရိုးကိုသေသေချာချာလေးဂရုစိုက်မှနောက်ဆက်တွဲဖြစ်လာမယ့် အန္တရာယ်တွေနဲ့အမာရွတ်တွေကင်းဝေးမှာပါ။ ဒီတော့ အနာကောင်းကောင်းကျက်သွားဖို့ ချုပ်ရိုးကိုဘယ်လိုများဂရုစိုက်မလဲ။ ချုပ်ရိုးကို မကုတ်ပါနဲ့ - အနာကျက်လာတာနဲ့အမျှ ချုပ်ရိုးကပိုပြီးယားလာနိုင်ပါတယ်။ ဒီလိုအချိန်မှာ ချုပ်ရိုးကို မကုတ်မိဖို့ သတိထားပေးပါ။ ရေမကူးပါနဲ့ - ခန္ဓါကိုယ်မှာ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း