backup og meta

ပျားတုပ်ခံရတဲ့အခါ အမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျားတုပ်ခံရတဲ့အခါ အမြန်သက်သာအောင် ဒီနည်းတွေ လုပ်ကြည့်ပါ ။

    ပျားဆိုတဲ့ သတ္တဝါလေးတွေဟာ သူ့ဘာသာဆို ဘာမှမလုပ်ပေမယ့် သူနေတဲ့ အုံကိုများ သွားထိမိလိုက်လို့ကတော့ အပြုံလိုက်ထွက်လာပြီး တုပ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ပျားတုပ်ခံရတဲ့ အရသာဟာ ဘာနဲ့မှ မတူအောင် အီစိမ့်တယ်ဆိုတာ အတုပ်ခံရဖူးသူတိုင် းသိကြမှာပါ။

  • ပျားတုပ်ခံရတဲ့နေရာက ရောင်ကိုင်းပြီး တင်းနေမယ်
  • တဆစ်ဆစ်ကိုက်မယ်
  • ယားသလိုလို နာသလိုလိုဖြစ်ပြီး နီရဲနေမယ်
  • အတုပ်ခံရတဲ့နေရာက လှုပ်ရှားရတဲ့ လက်ဆစ်လိုနေရာမျိုးတွေမှာ ဖြစ်ခဲ့ရင် လှုပ်မရလို့ အလုပ်တွေပျက်မယ် စတဲ့ နောက်ဆက်တွဲ ပြဿနာတွေ လိုက်လာပါလိမ့်မယ်။.
  • ဒီတော့ ပျားအတုပ်ခံရရင် နာလည်းနာမယ်၊ အလုပ်လည်းပျက်မယ်ဆိုတေ့ ကိုယ်ပျားအတုပ်ခံရတဲ့အခါ အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်လို့ရလဲ။ ပြောကြတာကြားဖူးတယ်မလား၊ ပျားတုပ်ခံ၊ ပုရွက်ဆိတ်ကိုက်ခံရရင် ပရုတ်ဆီတွေ မလိမ်းရဘူး၊ ဆေးတွေ လျှောက်မလိမ်းရဘူးဆိုတာကို။ ဒီတော့ ပျားတုပ်ခံထားရတဲ့အနာ မြန်မြန်သက်သာစေဖို့ သဘာဝနည်းတွေနဲ့လုပ်ကြည့်ရင် မကောင်းဘူးလား။ ။

    ပျားတုပ်ခံရင် အမြန်သက်သာအောင် ဒီသဘာဝနည်းလေးတွေ လုပ်ကြည့်ပါ။

    ( ၁ ) ရေခဲကပ်ပါ။

    ရေခဲဟာ ရောင်ရမ်းခြင်းတွေနဲ့ နာကျင်ခြင်းတွေကို လျော့ကျစေနိုင်တဲ့ အစွမ်းတွေရှိပါတယ်။ ဒီတော့ ပျားတုပ်ခံရပြီးပြီးချင်း အတုပ်ခံရတဲ့နေရာက ပျားဆိပ်တွေစင်သွားအောင် ရေဆေးလိုက်ပါ။ ရောင်ပြီးနီလာတဲ့နေရာကို မိနပ်အတော်ကြာအောင်ရေခဲကပ်ပါ။ ကပ်ကပ်ချင်း ကိုက်သလိုခံစားမှု ဖြစ်ပေမယ့် လုံးဝမရပ်လိုက်ဘဲ ဆက်ပြီးရေခဲကပ်ပါ။ တစ်တုံးကုန်သွားရင် နောက်တစ်တုံးနဲ့ ဆက်လုပ်ပါ။ ရေခဲကပ်တဲ့အခါ ရေခဲနဲ့ အသားနဲ့ တိုက်ရိုက်မထိဘဲ ကြားထဲ အဝတ်တစ်ခုခုခံပြီး ရေခဲကပ်ပါ။

    ( ၂ ) ရှားစောင်းလက်ပတ်

    ရှားစောင်းလက်ပတ်ထဲက ဂျယ်လီလေးမှာ ရောင်ရမ်းခြင်းကိုလျော့ကျစေတဲ့အာနိသင်အပြင် ဘက်တီးရီးယားပိုးတွေကို သေစေနိုင်တဲ့အစွမ်းရှိတာကြောင့် ပျားတုပ်ခံထားရတဲ့နေရာကို ရှားစောင်းလက်ပတ်ဂျယ်လေးနဲ့ စိမ့်ဝင်အောင် လိမ်းပေးပါ။ အေးမြမြ ခံစားမှုနဲ့အတူ နာကျင်ရောင်ရမ်းတာတွေသက်သာသွားမှာပါ။

    ( ၃ ) Calamine lotion

    ခြင်ကိုက်ယားယံတာဖြစ်ဖြစ်၊ ယားယံတဲ့အဖုအပိန့်တွေကို သက်သာစေဖို့ဖြစ်ဖြစ် သုံးကြတဲ့ Calamine lotion ကို ပျားတုပ်ခံရတာကို သက်သာစေဖို့ သုံးပေးလို့ရပါတယ်။ ပျားတုပ်ခံထားရတဲ့နေရာကို Calamine lotion လေး ပွတ်ပေးလိုက်ရုံပါပဲ။

    ( ၄ ) ပျားရည်။

    ပျားရည်မှာ ရောင်ရမ်းခြင်းကို လျော့စေတဲ့အာနိသင်ရှိတာကြောင့် ပျားတုပ်ခံရလို့ ရောင်ကိုင်းနေခြင်းကို သူက သက်သာစေမှာပါ။ နောက်ပြီး ပျားရည်ရဲ့ ဘက်တီးရီးယားကိုသေစေနိုင်တဲ့ အာနိသင်ကြောင့် ပျားတုပ်ခံရတဲ့နေရာကို နောက်ထပ်ပိုးဝင်တာတွေကို ကာကွယ်ပေးမယ့်အပြင် အနာကျက်ြမန်အောင်လည်း သူက ကူညီပေးဦးမှာပါ။

    ဒါကတော့ ပျားတုပ်ခံရတဲ့အမြန်သက်သာစေမယ့် အသုံးဝင်သဘာဝနည်းလမ်းတွေဖြစ်ပါတယ်။ သဘာဝနည်းလမ်းတွေကိုမသုံးချင်ဘူး ဆေးတွေကို ယုံကြည်တယ်ဆိုတဲ့သူတွေကတော့ ပျားတုပ်ခံရတဲ့နေရာကို ခုပြောပြမယ့်ဆေးတွေ သုံးပေးလို့ရပါတယ်။

    • hydrocortisone creams – ရောင်ရမ်းနီရဲနေတာတွေနဲ့ နာကျင်တာကို လျှော့ချပေးနိုင်ပါတယ်။
    • antihistamines သောက်ဆေး – ယားယံတာကို အဓိကသက်သာစေမှာဖြစ်ပြီး ရောင်ရမ်းခြင်းကိုလည် းလျှော့ချပေးနိုင်မှာပါ။
    • အကိုက်အခဲပျောက်ဆေး – တစ်ချို့ အကိုက်အခဲပျောက်ဆေးတွေက ပျားတုပ်ခံထားရလို့ တဆစ်ဆစ်နာကျင်မှုကို သက်သာစေမယ့်အပြင် ရောင်ရမ်းတာတွေကိုလည်း သက်သာစေမှာပါ။

    တစ်ချို့ ဓါတ်မတည့်မှု ပြင်းထန်တဲ့သူတွေကျတော့

  • ဆရာဝန်ဆီ ချက်ချင်းသွားပြီး epinephrine ဆေးထိုးဖို့လိုအပ်ပါတယ်။
  • သဘာဝနည်းတွေက လွဲလို့ သောက်ဆေး၊ လိမ်းဆေး၊ ထိုးဆေးတွေအားလုံးကို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်ဖို့ မမေ့နဲ့နော် ။ ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 22/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement