backup og meta

ဘာကြောင့် လက်သန့်စင်ဆေးရည်ကို အမြဲဆောင်ထားသင့်တာလဲ


Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြင်ကို အမြဲသွားနေရတဲ့သူတွေအတွက် လက်သန့်စင်ဆေးရည်ဆိုတာ အရမ်းအသုံးဝင်တယ်နော်။ အရေပြားပေါ်မှာ ကပ်ငြိနေနိုင်တဲ့ ဘက်တီးရီးယားပိုးတွေကို ချက်ချင်းသေစေတဲ့အပြင် ခရီးသွားနေတဲ့အချိန် လက်ဆေးစရာနေရာမရှိဘူးဆိုရင် လက်သန့်စင်ဆေးရည်က သင့်အတွက် အဖော်ကောင်းဖြစ်မှာပါ။

    လက်သန့်စင်ဆေးရည်တွေရဲ့ ကောင်းကျိုးတွေ

    ရေမလို လက်သန့်စင်ဆေးရည်ဆိုတဲ့အတိုင်း ဆပ်ပြာ၊ ရေအသုံးပြုစရာမလိုဘဲ ဆေးရည်ကို လက်မှာနည်းနည်းညှစ်ပြီး သုံးလိုက်ရုံနဲ့ အဆင်ပြေတာမို့ ကလေးေတွအတွက်ရော၊ အလုပ်များတဲ့သူတွေအတွက် အရမ်းအသုံးဝင်ပါတယ်။ ဒါ့အပြင်

    • အချိန်သိပ်ပေးစရာမလိုဘဲ လက်ကိုသန့်စင်ပေးနိုင်တယ်။
    • အလုပ်လည်း မရှုပ်စေဘဲ အလွယ်တကူ အသုံးပြုနိုင်တယ်။
    • အယ်လ်ကိုဟော ပါလို့ လက်ပေါ်က မျက်စိနဲ့မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ အမြန်သေစေနိုင်တယ်။
    • ဓါတ်မတည့်တဲ့ဆပ်ပြာသုံးမိလို့ လက်အရေပြား ယားတာတွေ၊ အဖုအပိမ့်ထတာမျိုးတွေ မဖြစ်စေပါဘူး။
    • သွားလေရာဆောင်သွားလို့ ရတယ်။
    • ခရီးသွားနေတဲ့အခါ လက်ဆေးလို့ အဆင်မပြေတဲ့နေရာတွေမှာဆိုရင် လက်သန့်စင်ဆေးရည်ကို အသုံးပြုနိုင်တယ်။
    • အမြဲေဆာ့ကစားေနတဲ့ ကလေးတွေ၊ ဟိုကိုင်၊ ဒီကိုင်နဲ့ လက်ဆေးရမှာ ပျင်းတဲ့ ကလေးတွေဆိုရင် လက်သန့်စင်ဆေးရည် ဆောင်ထားပေးလို့ အဆင်ပြေစေတယ်နော်။
    • နေမကောင်းတဲ့ သူကို ပြုစုနေရတဲ့သူတွေအတွက်လည်း ရောဂါပိုးကင်းစေဖို့ ကူညီပေးနိုင်ပါတယ်။
    • ဘက်တီးရီးယားပိုးတွေကို သေစေတာကြောင့် မိုးရာသီမှာ ကလေးတွေ ဖျားနာခြင်းကင်းဝေးဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    လက်သန့်စင်ဆေးရည်ကို ဘယ်လိုအသုံးပြုကြမလဲ။

    အရင်ဆုံး လက်ပေါ်မှာရှိတဲ့ ဖုန်တွေ၊ သဲတွေ ပြောင်စင်သွားအောင် ခါချလိုက်ပါ။ ပြီးသွားမှ လက်သန့်စင်ဆေးရည်ကို လိုသလောက်ပမာဏ လက်ပေါ်မှာ ထည့်ပြီး လက်ဖဝါး၊ လက်ဖမိုး၊ လက်ချောင်းကြား၊ လက်သည်းကြားတွေကို ပွတ်ပြီးဆေးပါ။ လက်ပေါ်မှာ ဆေးရည်လုံးဝခြောက်သွားတဲ့အထိ ပွတ်ဆေးဖို့ လိုပါတယ်။ ရေမလိုလက်သန့်စင်ဆေးရည်ဖြစ်တဲ့အတွက် အသုံးပြုပြီးချိန်မှာ ရေပြန်သုံးစရာမလိုပါဘူး။ ကိုယ့်အိမ်ကို ပြန်ရောက်သွားရင်၊ လက်ဆေးလို့ ရတဲ့နေရာရောက်ရင်တော့ ဆပ်ပြာနဲ့ ရေကို အသုံးပြုပြီး လက်ကို သေချာပြောင်စင်အောင် တစ်ခေါက် ပြန်ဆေးပါ။

    ကလေးတွေ ကျောင်းသွားတဲ့အခါ အိတ်ထဲမှာ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပါ။ အိမ်သာတက်ပြီး၊ တခြားသူတွေရဲ့ အရုပ်၊ ပစ္စည်းတွေကို ထိတွေ့ကိုင်တွယ်ပြီးတဲ့အချိန်၊ ထမင်းမစားခင်နဲ့ ထမင်းစားပြီးတိုင်း လက်သန့်စင်ဆေးရည် အသုံးပြုဖို့ သေချာလေ့ကျင့်ပေးပါ။ လက်သန့်စင်ဆေးရည် အများစုမှာ ကလေးတွေအတွက် အဆင်ပြေစေတဲ့ အမွှေးရနံ့တွေ ပါဝင်တာကြောင့် ကလေးတွေအနေနဲ့ ပိုပြီး သုံးချင်စိတ်ဖြစ်မိမှာပါ။ ခရီးမကြာခဏ ထွက်နေရတဲ့သူတွေ၊ အလုပ်များလွန်းတဲ့သူတွေ၊ အပြင်နေပူထဲ၊ ဖုန်ထဲမှာ တစ်နေကုန် အလုပ်လုပ်နေရတဲ့သူတွေ၊ နေမကောင်းဖြစ်နေသူတွေ၊ သူတို့ကို ပြုစုပေးနေရတဲ့ အိမ်သားတွေလည်း လက်သန့်စင်ဆေးရည်ကို ဆောင်ထားဖို့ လိုပါတယ်။

    လက်ဆိုတာ အမြဲတမ်း ဖုန်တွေနဲ့ ကပ်ငြိနိုင်ပြီး ဘက်တီးရီးယားပိုးတွေနဲ့ အလွယ်တကူထိတွေ့မိနိုင်တာကြောင့် လက်သန့်စင်ဆေးရည် အမြဲဆောင်ထားခြင်းဟာ ကိုယ့်အတွက်ရော ကိုယ့်မိသားစုဝင်တွေရဲ့ ကျန်းမာရေးကိုပါ တစ်ဖက်တစ်လမ်းက အကျိုးထူးဖြစ်စေမှာ အသေအချာပါပဲ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement