သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

သံပုရာရည်ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ ဗီတာမင် စီနဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ်တခု ဖြစ်ပြီး ပမာဏအများကြီး သောက်သုံးစရာလည်း မလိုပါဘူး။

ချဉ်တဲ့အသီးတွေကနေ flavanones ဓါတ်ကိုလည်း ရရှိနိုင်တဲ့အတွက် သံပုရာရည်ရဲ့ ဓါတ်တိုးဆန့်ကျင်အာနိသင်ကို ပိုလာစေပါတယ်။

ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အလွန်အကျွံသောက်သုံးရင်တော့ သွားတွေပျက်စီးတာ၊အစာချေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

အခြားသော ချဉ်တဲ့ အသီးတွေနည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ ဗီတာမင်စီ ၁၉မီလီဂရမ်လောက်ကို သံပုရာသီးတလုံးတည်းကနေ ရရှိနိုင်ပါတယ်။

ဒီပမာဏက အတိအကျတော့မဟုတ်ဘဲ သင်အသုံးပြုတဲ့ သံပုရာသီးပေါ်မူတည်ပြီး အနည်းငယ် တိုးတာလျော့တာ ရှိကောင်းရှိနိုင်ပေမယ့် သင့်အတွက် အင်မတန်အကျိုးရှိစေမယ်ဆိုတာကတော့ သေချာပါတယ်။

အမျိုးသမီးတွေဟာ တနေ့ကို ဗီတာမင်စီ၇၅မီလီဂရမ်လောက် လိုအပ်ပြီး အမျိုးသားတွေကတော့ ၉၀မီလီဂရမ်လောက် လိုအပ်ပါတယ်။
ခန္ဓါကိုယ်တစ်ရှူးတွေကို free radicals လို့ခေါ်တဲ့ ဓါတ်ပစ္စည်းတွေက မဖျက်ဆီးခင် ဗီတာမင် စီ က တားဆီးပေးနိုင်တဲ့အတွက် သူတို့ဟာ အလွန်အရေးပါပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလို့ ခေါ်ပါတယ်။

ဒါ့အပြင် free radicals တွေကြောင့် ပရိုတင်း၊အဆီဓါတ်၊ကာဘိုဟိုက်ဒရိတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ဗီတာမင် စီက ကာကွယ်ပေးပါသေးတယ်။

ဗီတာမင် စီကို များများစားပေးရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။ ကြွက်သား၊အရွတ်၊အရေပြား နဲ့ ကိုယ်တွင်းအင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက်တစ်ရှူးတမျိုးဖြစ်တဲ့ collagen ဓါတ်ကိုလည်း ဗီတာမင် စီက ပေးစွမ်းနိုင်ပါသေးတယ်။

သံပုရာရည်မှာ ပါဝင်တဲ့ Citric Acid

၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ Endourology ဂျာနယ်ရဲ့ အလိုအရ သံပုရာရည်ဟာ အခြားသော ချဉ်တဲ့အသီးတွေထက် citric acid ပါဝင်နှုန်းပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

citric acid ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုဖြစ်ပေမယ့် ပုံမှန်အားဖြင့် လိုအပ်တဲ့ပမာဏအတိုင်း ခန္ဓါကိုယ်က ထုတ်လုပ်ပေးနိုင်တဲ့အတွက် ၎င်းဟာ အရေးကြီးတဲ့ အာဟာရဓါတ်တခုတော့ မဟုတ်ပါဘူး။

ဒါပေမယ့် သံပုရာရည်ကို သောက်ခြင်းအားဖြင့် ရရှိလာတဲ့ citric acid ဟာ ကျန်းမာရေးအတွက် အထောက်အကူပြု ကောင်းကျိုးဖြစ်စေတာတော့ ငြင်းလို့ မရပါဘူး။

သံပုရာရည်သောက်လိုက်တဲ့အခါ သင့်ဆီးထဲမှာရှိတဲ့ citric acid ပမာဏဟာ မြင့်တက်လာပြီး ဒီလိုမြင့်တက်လာခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ရှိပြီးသား ကျောက်အသေးလေးတွေကိုလည်း ကြေသွားစေနိုင်ပါတယ်။

ဆီးထဲမှာ citric acid ပမာဏနည်းပါးခြင်းဟာ ဆီးကျောက်တည်ခြင်းကို အားပေးပြီး ရှိပြီးသား ကျောက်တွေကိုလည်း အရွယ်အစားကြီးလာစေပါတယ်။
ဒါတင်မက flavanones လို့ခေါ်တဲ့ အပင်ကရရှိတဲ့ flavonoids ဓါတ်တမျိုးကိုလည်း သံပုရာရည်က ပေးစွမ်းနိုင်ပါသေးတယ်။

အခြားသော သစ်သီးနဲ့ အသီးအရွက်တွေမှာ ပါဝင်တဲ့ flavonoids တွေနည်းတူ flavanonesတွေ (hesperetin, naringenin နဲ့eriodictyol လို့ခေါ်ပါတယ်) ဟာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ဆဲလ်တွေထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Hesperetin ဟာ ကင်ဆာကျိတ်ကြီးလာခြင်းကိုတောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် flavanones တွေဟာ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီပမာဏကို လျှော့ချပေးနိုင်တာမို့ နှလုံးရောဂြါဖစ်ပွားနှုန်းကို ကျဆင်းစေပြီး ဆီးချိုကိုလည်း ကုသပေးနိုင်ပါတယ်။

သံပုရာရည် အလွန်အကျွံသောက်ရင် ?

သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။

အက်ဆစ်ဓါတ်ကဲတဲ့ အစားအစာတွေဟာ အစာချေရည်ဆန်တက်တဲ့ ရောဂါတမျိုးဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေကို ပိုဆိုးစေပြီး အချို့လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့အခါ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

Citric acid နဲ့ ascorbic acid နှစ်မျိုးရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂ – ၂.၆ လောက် ရှိပါတယ် (pH တန်ဖိုး သုညဟာ အက်ဆစ်ဓါတ်အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)။

pH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို ဖျက်ဆီးနိုင်တယ်လို့ “ မန်နီဆိုးတား သွားဆရာဝန်များ အဖွဲ့အစည်း” က ဆိုတဲ့အတွက် သံပုရာရည်ဟာ သင့်သွားတွေကို ထင်ခိုက်စေမှာ အသေအချာပါပဲ။

ဒါကြောင့် သံပုရာရည်သောက်ပြီးတိုင်း အာလုပ်ကျင်းပေးခြင်းဖြစ် သွားကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ်ရပါလိမ့်မယ်။

ဒါ့အပြင် သံပုရာရည်သောက်ပြီး တနာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဝိတ်မတက်ချင်ရင် ကော့တေးလ် ကို ဝေးဝေးရှောင်ဟေ့

ကော့တေးလ်၊ အယ်လ်ကိုဟော၊ အသီးအနှံ၊ ကော်ဖီ၊ ကိုယ်အလေးချိန်၊ အုန်းရည်၊ အုန်းနို့အနှစ်၊ ဘီယာ၊ ကယ်လိုရီ၊ သံပုရာရည်၊ လိမ္မော်ရည်၊ သကြား၊ Black Tea၊ ဂျင်းပြုတ်ရည်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးတွေ ခြင်ကိုက်ခံရရင်

ခြင်ကိုက်တာ အရေပြား ဘေဘီလေးတွေ မေမေ အုတ်ဂျုံ ခြင်ကိုက်ဖု အဖုအပိမ့် ဆားရည် ပျားရည် ဆား ယားယံမှု သံပုရာရည် Lotion မကုတ်ပါနဲ့ ရေခဲကပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ကိုယ်ဝန်ဆောင်မေမေ အချိုရည် မသောက်ပါနဲ့

အချိုရည် အေးအေးလေး တစ်ငုံက ဘေဘီလေးကို တအား ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ဆောင်နေချိန်မှာ အချိုရည် မသောက်ကြဖို့ ပြောပါရစေ မေမေတို့ရေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အရမ်းစပ်နေတဲ့အခါ သက်သာစေဖို့

စပ်တဲ့အရသာက ခံတွင်းတွေ့စေမယ့် အပူအစပ်တွေ စားပြီးတဲ့အခါ ပြင်းပြင်းရှရှ ပူစပ်တာကအတော်လေး ခံရခက်ပါတယ်။ အရမ်းစပ်တဲ့အခါ မြန်မြန်လေး သက်သာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

သွေးသန့်စေဖို့ ဒါတွေစားပါ။

သွေးသန့်စေဖို့ ဒါတွေစားပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 7, 2020 . 1 min read
ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဘေဘီလေးကို ရေညှိကျွေးပေးတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 30, 2020 . 2 mins read
Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

Sugar Wax ကို အိမ်မှာ ကိုယ်တိုင် လုပ်ကြမယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 1 min read