backup og meta

မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!

    မနက်စောစော အိပ်ရာနိုးလာချိန်မှာ သောက်သင့်တဲ့ အရာလေး တစ်ခု ရှိပါတယ်။ ဒါကတော့ ချင်း ( ဂျင်း) ရေနွေးကြမ်း နွေးနွေးလေးပါ။ ဒီလို ပြောရတာ ဘာကြောင့်လဲ! မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတာလေးကို ဆောင်းပါးလေး ကနေတဆင့် ပြောပြပေးလိုက်ပါတယ်။ 

    ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာ ဘာလဲ!

    ချင်း (ဂျင်း) ရေနွေးကြမ်း ဆိုတာက ရေစင်စင် ဆေးပြီး ပါးပါးလေး လွှာထားတဲ့ ချင်း ကို ခွက်တစ်ခုထဲကို ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်လို့ ၅ မိနစ်လောက် စိမ်ထားပြီး ခပ်နွေးနွေး အခြေအနေလေးမှာ သောက်ချလိုက်ရုံပါ။ ချင်းကို ထောင်းပြီး ထည့်လို့လည်း ရပါတယ်။

    ချင်း (ဂျင်း) ရေနွေးကြမ်းက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး အမျိုးမျိုးသော ကျန်းမာရေး ကောင်းကျိုးလေးတွေ ကိုလည်း ရရှိစေနိုင်ပါတယ်။ ဘယ်လို ကောင်းကျိုးလေးတွေလဲ ဆိုတာကိုတော့ ကိုယ်တိုင် လေ့လာကြည့်လိုက်ဦး နော်။ 

    မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ!

    မနက်စောစော ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးရင် ဘယ်လို ကောင်းကျိုး ရမလဲ! ဆိုတော့ – 

  • အစာခြေစနစ် ကျန်းမာစေတယ်
  • ချင်း (ဂျင်း) က အစာကြေစေနိုင်ပြီး အစာမကြေတာ၊ လေပွတာ၊ မအီမသာဖြစ်တာတွေကို သက်သာစေနိုင် ပါတယ်။ ဝမ်းမှန်စေပြီး အစာအိမ်အူလမ်းကြောင်းတွေကို ကျန်းမာစေဖို့ရော အူမကြီး ကျန်းမာစေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။

  • နှလုံး ကျန်းမာစေတယ်
  • ချင်း (ဂျင်း) က သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး သွေးကြောတွေထဲက အဆီတွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တာကြောင့် နှလုံးဆီ သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပြီး နှလုံး ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။

    • အရောင်ကျစေနိုင်တယ်

    ချင်း (ဂျင်း) ရေနွေးကြမ်း သောက်တာက အဆစ်တွေ နာကျင်တာကို သက်သာစေနိုင်သလို အဆစ်ရောင်နာ တာကိုလည်း သက်သာစေနိုင်ပါတယ်။ နောက်ပြီး ချင်း (ဂျင်း) က ဘက်တီးရီးယားတွေနဲ့ အဆစ်ရောင်တာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

    • ကိုယ်ခံအား ကောင်းစေနိုင်တယ်

    ချင်း (ဂျင်း) က ကိုယ်ခံအားကောင်းစေဖို့ လှုံ့ဆော်ပေးနိုင်သလို ခန္ဓာကိုယ်ကို ရောဂါပိုးတွေ ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အဖျားအနာ သက်သာစေဖို့လည်း ချင်း (ဂျင်း) ရေနွေးကြမ်းကို သောက်ပေးလို့ ရပါတယ်။

    • သွေးတွင်းသကြားဓာတ် ထိန်းပေးနိုင်တယ်

    ချင်း (ဂျင်း) က သွေးတွင်းသကြားဓာတ်ကို ထိန်းပေးပြီး ခန္ဓာကိုယ်ကို အင်အားပြည့်ဝစေဖို့ ထောက်ကူပေးနိုင် ပါတယ်။ ဒါကြောင့် မနက်စောစောမှာ ချင်း (ဂျင်း) ရေနွေးကြမ်းကို သောက်သုံးပေးတာက သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးပြီး အမျိုးအစား – ၂ ဆီးချို မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

    • နာတာရှည်ရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်

    ချင်း (ဂျင်း) ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ နာတာရှည် ကျန်းမာရေးပြဿနာတွေ ဖြစ်ကြတဲ့ သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    • လန်းဆန်းတက်ကြွစေတယ်

    မနက်စောစောမှာ ချင်း (ဂျင်း) ရေနွေးကြမ်း ပူပူနွေးနွေး တစ်ခွက်သောက်ပေးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး တစ်နေ့တာလုံးမှာ လန်းဆန်းတက်ကြွစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ မှာလည်း ပျို့အန်တာနဲ့ မအီမသာဖြစ်တာကို သက်သာစေပါတယ်။

    • ကိုယ်အလေးချိန် ထိန်းညှိပေးတယ်

    ချင်း (ဂျင်း) ရေနွေးကြမ်းက ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်တွင်းအဆီကျစေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန် ရရှိစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒါကြောင့် အဆီကျချင်တယ် ကိုယ်အလေးချိန် ထိန်းချင်တယ်ဆိုရင် မနက်ခင်းတိုင်းမှာ ချင်း (ဂျင်း) ရေနွေးကြမ်း သောက်ပေးလို့ ရပါတယ်။

    # အမှာစကား 

    ချင်း (ဂျင်း) ရေနွေးကြမ်းက ကျန်းမာရေး ကောင်းကျိုး များတယ် ဆိုပေမယ့် အများကြီး သောက်တာ၊ အလွန်အကျွံသောက်တာက ရင်ပူတာလိုမျိုး ကျန်းမာရေးဆိုးကျိုးတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ရောဂါအခံ ရှိမယ်။ ကျန်းမာရေး ပြဿနာ တစ်ခုခုကြောင့် ဆေးသောက်နေရတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။ 

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 3 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement