backup og meta

ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ!

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ!

    ရေနွေးကြမ်း နဲ့ ကော်ဖီက မတူကွဲပြားတဲ့ အရသာရှိသလို လူတွေမှာလည်း ကော်ဖီကြိုက်သူ ရှိသလို ရေနွေးကြမ်းကြိုက်သူကလည်း ရှိပါတယ်။ ဒီနှစ်ခုမှာ ကျန်းမာရေး ကောင်းကျိုးအသီးအသီး ရှိသလို ဘေးထွက်ဆိုးကျိုးလည်း အနည်းငယ်စီ ရှိကြပါတယ်။ အခုတစ်ခေါက်မှာတော့ ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ! ဆိုတာကို ပြောပြပေးသွားပါမယ်။

    ရေနွေးကြမ်း နဲ့ ကော်ဖီ ဘယ်အရာက ပိုကျန်းမာစေသလဲ!

    ရေနွေးကြမ်းရော ကော်ဖီရောက လူကြိုက်များတဲ့ သောက်စရာတွေ ဖြစ်ပြီး တစ်ခုချင်းဆီမှာလည်း ကောင်းကျိုး၊ ဆိုးကျိုး အသီးသီး ရှိတာကြောင့် ဘယ်ဟာက ဘယ်ဟာထက် ပိုကောင်းတယ်လို့ ပြောလို့မရပါဘူး။

    ရေနွေးကြမ်းရဲ့ ကျန်းမာရေး ကောင်းကျိုးများ

    လေ့လာမှုတွေအရ သိရတာက ရေနွေးကြမ်းကို ပုံမှန်သောက်သုံးပေးတာက 

    • အရွယ်မတိုင်ခင် သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်
    • လေဖြတ်နိုင်ခြေကို လျှော့ချပေးတယ်
    • နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
    • အမျိုးအစား – ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
    • သွေးတွင်း ကိုလက်စထရော ကျစေတယ်
    • သွေးပေါင်ချိန် ထိန်းညှိပေးတယ်
    • အရောင်ကျစေနိုင်တယ်
    • သွေးတွင်းသကြားဓာတ် ထိန်းပေးတယ်
    • အင်ဆူလင် ထွက်ရှိမှုကောင်းစေဖို့ လုပ်ဆောင်ပေးတယ်
    • ခန္ဓာကိုယ်အပူချိန် ထိန်းညှိပေးတယ်
    • ဦးနှောက် ကျန်းမာစေတယ်
    • မှတ်ဉာဏ်ကောင်းစေတယ် စတဲ့ ကျန်းမာရေး ကောင်းကျိုးလေးတွေကို ရရှိစေနိုင်ပါတယ်။

    အခြားသော လေ့လာမှုတွေအရ သိရတာက ရေနွေးကြမ်းက အစာအိမ်၊ အစာရေမြို၊ ခံတွင်း၊ ဆီးကျိတ်၊ အူမကြီး ကင်ဆာတွေ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်ဆိုပါတယ်။

    ကော်ဖီရဲ့ ကျန်းမာရေး ကောင်းကျိုးများ

    ကော်ဖီကို အသင့်ဖျော်မဟုတ်ဘဲ သဘာဝ နှပ်ကော်ဖီစစ်စစ်ကို သောက်သုံးပေးတာက အသည်းရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို နှလုံးရောဂါ၊ ဦးနှောက်ကျန်းမာရေးကို ကောင်းစေပြီး အမျိုးအစား – ၂ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို အခြားကျန်းမာရေး ကောင်းကျိုးတွေ အနေနဲ့လည်း – 

    • သွေးတွင်းသကြားဓာတ်ကို ယာယီကျဆင်းစေနိုင်တယ် 
    • ဦးနှောက်ဆဲလ်တွေကို ကာကွယ်ပေးတယ်
    • အရောင်ကျစေနိုင်တယ်
    • ဆဲလ်တွေပျက်စီးနိုင်ခြေကို လျှော့ချပေးတယ်
    • ပါကင်ဆန်ရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်
    • အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးတယ်

    ဘယ်တစ်ခုက ပိုကျန်းမာစေမလဲ!

    ရေနွေးကြမ်းက ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝတာကြောင့် နာတာရှည် ကျန်းမာရေးပြဿနာတွေ အပါအဝင် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ လုပ်ဆောင်ပေးနိုင်ပါတယ်။ 

    ကော်ဖီမှာလည်း ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေတဲ့အတွက် ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နာတာရှည် ကျန်းမာရေး ပြဿနာတွေကို မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ 

    ကျန်းမာရေးဆိုးကျိုးဘက်က ကြည့်မယ်ဆိုရင်တော့

    ကော်ဖီမှာ ရေနွေးကြမ်းထက် ကဖင်းပါဝင်မှုများပြီး အများကြီး သောက်မိတာမျိုး ဖြစ်မယ်ဆိုရင်တော့ – 

    • ခြေကုန်လက်ပမ်း ကျတာ
    • စိတ်ရောကိုယ်ပါ အနားမရတာ
    • စိုးရိမ်စိတ် လွန်ကဲတာ
    • ခေါင်းကိုက်တာ
    • အိပ်ပျော်ဖို့ ခက်တာ
    • စိတ်ရှုပ်ထွေးတာ
    • ကဖင်း များပြီး နေရထိုင်ရ မအီမသာဖြစ်တာ
    • ရင်တုန်တာမျိုးတွေကို ခံစားရစေနိုင်ပါတယ်။

    အရွယ်ရောက်ပြီးတဲ့ ကျန်းမာသူ တစ်ယောက် အနေနဲ့ တစ်နေ့ကို ကဖင်း ၄၀၀ မီလီဂရမ်အထိ သောက်လို့ ရပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေကတော့ တစ်နေ့ကို ၂၀၀ မီလီဂရမ်အောက်ပဲ စားသုံးသင့်ပါတယ်။ လေ့လာမှုတွေအရ သိရတာက ကိုယ်ဝန်ဆောင်ချိန်မှာ ကဖင်းအများကြီး စားသုံးတာ ပေါင်မပြည့်ဘဲမွေးဖွားတာ၊ ကိုယ်ဝန်ပျက်ကျတာမျိုး အခြေအနေတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါပေမဲ့ ဒါကိုတော့ ဆက်ပြီး လေ့လာဖို့ လိုပါသေးတယ်။ 

    ရေနွေးကြမ်းရဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • Tannins ပါဝင်မှုကြောင့် သံဓာတ်စုပ်ယူမှုကို အားနည်းစေပါတယ်။ ဒါကြောင့် အစာစားချိန်နဲ့ အနည်းဆုံး ၁နာရီလောက် ခွာသောက်သင့်ပါတယ်။
    • ကော်ဖီနဲ့ ယှဉ်ရင် ကဖင်းပါဝင်မှု နည်းပေမယ့် အလွန်အကျွံသောက်မယ်ဆိုရင်တော့ လူက အလန်းလွန်ပြီး ဂဏှာမငြိမ်တာ ဖြစ်တတ်ပါတယ်။
    • ဆေးတွေနဲ့ ဓာတ်ပြုနိုင်၊ ဆေးတွေရဲ့ စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် ဆေးတွေနဲ့ ခပ်ခွာခွာ သောက်သင့်ပါတယ်။

    အရွယ်ရောက်ပြီးသား သူတစ်ယောက်အနေနဲ့ တစ်ရက်ကို ရေနွေးကြမ်း ၃-၄ခွက် (၁လီတာ နီးပါး) လောက် သောက်နိုင်ပါတယ်။ ဒါက ကိုယ့်ကျန်းမာရေးပေါ်  မူတည်ပြီး အပြောင်းအလဲတော့ ရှိနိုင်ပါတယ်။

    ကော်ဖီ‌ရော၊ ရေနွေးကြမ်းမှာရောက ကောင်းကျိုးဆိုးကျိုး ကိုယ်စီ ရှိပါတယ်။ ဒါကြောင့် ကိုယ်နှစ်သက်တာကို သောက်ပါ။ အရေးကြီးတာက ဘာပဲ‌သောက်သောက် အလွန်အကျွံ မသောက်ဖို့နဲ့ ကိုယ့်ကျန်းမာရေးအခြေအနေအလိုက် ထိန်းပြီး သောက်ဖို့ပဲ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 05/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement