backup og meta

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း တို့က မျိုးရင်း တူတူပဲ ဆိုပေမယ့် ပန်းဂေါ်ဖီ မျိုးရင်းဝင်တွေပါပဲ။ မျိုးရင်းတူသလို အာဟာရတန်ဖိုးလည်း သိပ်မကွာလှပါဘူး။ ဒါပေမယ့် ပန်းဂေါ်ဖီထက် ပန်းဂေါ်ဖီစိမ်းကို ဆေးဖက်ဝင်တယ်လို့ ထင်မှတ်ကြသူက ခပ်များများပါ။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

ပန်းဂေါ်ဖီ  ကောင်းကျိုး များသလား!

ပန်းဂေါ်ဖီ ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကတေ့ အဖြူရောင် အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ဘဲဥလေး၊ ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။ 

ပန်းဂေါ်ဖီက အဖြူရောင် ဒါမှမဟုတ် စိမ်းဖန့်ဖန့် အရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ 

ပန်းဂေါ်ဖီကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။ ချဉ်ရည်ဟင်းချက်စားလို့ ရသလို လက်ဖက်နဲ့ သုပ်စားရင်လည်း အတော်လေး အဆင်ပြေပါတယ်။ 

ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ကိုယ်ခံအား ကောင်းစေပြီး ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။  အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေမှဖို့ ထောက်ကူပေးမှာပါ။ 

ပန်းဂေါ်ဖီမှာ ခိုလင်း ပါဝင်နေတာက  ကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။

ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီက နှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီစိမ်း  ကောင်းကျိုး များသလား!

ပန်းဂေါ်ဖီစိမ်း ဆိုတာက အရိုးတံ စိမ်းစိမ်း အရွက်ဖက် စိမ်းစိမ်းလေးတွေနဲ့ အပွင့်အခက်လေးတွေကလည်း နာမည်နဲ့ လိုက်အောင် စီမ်းစိမ်း အဆုတ်လိုက် ကလေးတွေပေါ့။ ခပ်သိပ်သိပ်လေးဆိုရင် ပိုကောင်းတယ်လေ။ ပန်းဂေါ်ဖီကို ပုစွန်ခြောက်လေးနဲ့ ကြော်စားတာက တော်တော်လေး စားကောင်းပါတယ်။ မာလာအနှစ်နဲ့ ကြော်စားတာ ကင်စားတာကလည်း စားရတာ အရသာ အတော် ရှိတာပါ။

ပန်းဂေါ်ဖီက အစိမ်းအရောင် ရှိပြီး အမျှင်ဓာတ် ကြွယ်ဝသလို ဗီတာမင် C၊ ဗီတာမင် K နဲ့ အရောင်ကျစေနိုင်တဲ့ အာနိသင်တွေနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ 

ပန်းဂေါ်ဖီစိမ်းကို သူ့ချည်း ကြော်စားလို့ ရသလို အခြား အသီးအရွက်တွေ၊ အသား၊ ဘဲဥ နဲ့ အခြားသော နှစ်သက်ရာ တွေနဲ့ ကြော်စားလို့ ရပါတယ်။ 

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီထက် ပိုများပြီး ကိုယ်ခံအား ကောင်းစေဖို့ မှိဝဲပေးလို့ ရပါတယ်။ ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင် K ပါဝင်နေတာက သွေးတိတ်စေဖို့နဲ့ အရိုးတွေ သန်မာစေဖို့ ထောက်ကူပေးနိုင်သလို ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး အမျှင်ဓာတ် ကြွယ်ဝမှုက ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။  အစာခြေစနစ် ကျန်းမာစေပြီး ဝမ်းမှန်စေဖို့လည်း ထောက်ကူပေးပါ သေးတယ်။ 

ပန်းဂေါ်ဖီစိမ်းမှာ ခိုလင်း ပါဝင်နေတာက  ကောင်းကောင်း အိပ်ပျော်စေပြီး မှတ်ဉာဏ်၊ သင်ယူနိုင်စွမ်းတွေ ကောင်းစေသလို ကြွက်သားလှုပ်ရှားမှုတွေ ကောင်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ဒီအာဟာရဓာတ်တွေ အပြင် ပန်းဂေါ်ဖီမှာ စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်တဲ့ အာဟာရဓာတ်တွေ ဖြစ်ကြတဲ့ ဗီတာမင် B၊ ဖော့စဖရိတ်နဲ့ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီစိမ်းက အရေပြား ကျန်းမာစေသလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ 

ဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ပန်းဂေါ်ဖီက နှလုံး ကျန်းမာစေသလို အချို့သော ကင်ဆာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!

ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ! ဆိုတော့ ၂ မျိုးစလုံးက အာဟာရဓာတ် ပြည့်ဝသလို အရသာလည်း ရှိပါတယ်။ ကျန်းမာရေးကိုလည်း ကောင်းကျိုးပြုကြသလို တစ်မျိုးစီမှာ မတူညီတဲ့ ကျန်းမာရေး အာနိသင် ထူးလေးတွေလည်း ရှိကြပါတယ်။ 

ပန်းဂေါ်ဖီစိမ်းက ဗီတာမင် C ကြွယ်ဝပြီး ကိုယ်ခံအား ကောင်းစေသလို ဗီတာမင် K ၊ အမျှင်ဓာတ် နဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တဲ့ ဒြပ်ပေါင်း တစ်ခုဖြစ်တဲ့ sulforaphane လည်း ပါဝင်နေပါတယ်။ 

ပန်းဂေါ်ဖီမှာ ဗီတာမင် C ပါဝင်မှုက ပန်းဂေါ်ဖီစိမ်းမှာလောက် မများပေမယ့် အမျှင်ဓာတ် နဲ့ ကယ်လ်ဆီယမ် ပါဝင်မှုကတော့ မလျော့ပါဘူး။ ဒါတွေအပြင် ဗီတာမင် K၊ ခိုလင်း တို့လိုမျိုး ဦးနှောက်ကို အကျိုးပြုပေးနိုင်တဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ အရောင်ကျစေနိုင်တဲ့ ဒြပ်ပေါင်းတွေလည်း ပါဝင်နေပါတယ်။

သဘာဝကနေရတဲ့ အသီးအရွက်တိုင်းက ကျန်းမာရေး ကောင်းကျိုးပြုတာကြောင့် နေ့စဉ် စားသုံးမှုမှာ အသီးအရွက် တစ်မျိုးမျိုးကို ပါဝင်အောင် စားသုံးတာက စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်မှာပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

In the Battle of Broccoli Vs. Cauliflower, Here’s the Verdict on Which Is Healthier https://www.wellandgood.com/broccoli-vs-cauliflower/ Accessed Date 15 January 2024

Broccoli vs. Cauliflower: Which Should You Choose for Health? https://plushcare.com/blog/broccoli-vs-cauliflower-differences/ Accessed Date 15 January 2024

Broccoli vs Cauliflower: Which is Healthier? https://www.healthifyme.com/blog/broccoli-vs-cauliflower/ Accessed Date 15 January 2024

Broccoli vs. Cauliflower: Which One Is Healthier? https://www.eatingwell.com/article/7824383/broccoli-vs-cauliflower-which-one-is-healthier/ 

Accessed Date 15 January 2024

Broccoli vs. Cauliflower: Health Benefits https://www.medicinenet.com/broccoli_vs_cauliflower_health_benefits/article.htm  Accessed Date 15 January 2024

ယခုပုံစံ

05/02/2024

Aye Thi Mon မှ ရေးသားသည်။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ပန်းဂေါ်ဖီစိမ်းရဲ့ ကျန်းမာရေး အကျိုးအာနိသင်များ

ပန်းဂေါ်ဖီ ကြိုက်ကြလား.....


မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 05/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement