backup og meta

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

အခုအချိန်ထိ လုံးဝ မပြီးပြတ်သေးတဲ့  corona virus ကို သတိထားနေရဆဲ ဖြစ်သလို ရာသီအကူးအပြောင်းမှာ ဖြစ်တတ်တဲ့ တုပ်ကွေးဖျားနာမှု တွေကလည်း ဖြစ်ပွားနေတာကြောင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေကို ဂရုတစိုက် ရွေးချယ် စားသောက်ပေးဖို့ အလွန် အရေးကြီး လှပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကိုကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ ၁၅ မျိုး

ကိုယ်ခံအားကောင်းစေနိုင်သော အစားအစာ တွေကတော့

၁ – အချဉ်ဓာတ်ပါသော အသီးများ

အအေးမိဖျားနာပြီးကာစ တော်တော်များများက အချဉ်ဓာတ်ပါတဲ့ ဗီတာမင်စီ ဖြည့်တင်းဖို့လို့ပါတယ်။ ဘာလို့လည်းဆိုတော့ ဗီတာမင်စီ ကကိုယ်ခံအားကိုတက်စေနိုင်လို့ပါ။

ရောဂါတွေကို တိုက်ထုတ်ပေးတဲ့ သွေးဖြူဥအရေအတွက်ကိုလည်း ဗီတာမင်စီက တိုးတက်စေပါတယ်။

အချဉ်ဓာတ်ပြည့်ဝစွာပါဝင်တဲ့ အသီးတွေကတော့

– ရှောက်ခါးသီး ( ဂရိတ်ဖရု )

လိမ္မော်သီး

– ကဗ္ဗလာသီး

သံပုရာသီး

– ရှောက်သီး

– ကျွဲကောသီး အစရှိသည်တို့ပဲဖြစ်ပါတယ်။

အရေးကြီးတဲ့အချက်ကတော့ သင့်ခန္ဓာကိုယ်က ဗီတာမင်စီကို မထုတ်လုပ်နိုင်၊ မသိုလှောင်နိုင်တဲ့အတွက် နေ့စဉ်လုံလောက်တဲ့ ဗီတာမင်ပမာဏရရှိအောင် စားသုံးပေးနိုင်ဖို့လုံလောက်ပါတယ်။

အချဉ်ဓာတ်ပါဝင်တဲ့ အသီးတော်တော်များများမှာ ဗီတာမင် စီဓာတ်ပါဝင်တဲ့အတွက် ရွေးချယ်စားသုံးစရာတွေကတော့ အများကြီးရှိနေပါတယ်။

၂ – ငရုတ်ပွသီး

အချဉ်ဓာတ်ပါတဲ့ အသီးတွေမှာပဲ ဗီတာမင် စီပါတယ်လို့ထင်နေရင်တော့ အမှားကြီးမှားသွားပါလိမ့်မယ်။

သာမန်အချဉ်ဓာတ်ပါတဲ့ အသီးတွေထက် ငရုတ်ပွသီးမှာ ဗီတာမင်စီ နှစ်ဆလောက်ပိုပြီးပါဝင်နေတာကို အံအားသင့်ဖွယ်တွေ့ရှိပါတယ်။ ဘီတာကယ်ရိုတင်း ( beta carotene ) လို့ခေါ်တဲ့ဓာတ်ပေါင်းတစ်မျိုးလည်း ပါဝင်သေးတာကြောင့် ကိုယ်ခံအားကောင်းလာစေယုံသာမက အသားအရေကိုလည်း လှပလာစေပါလိမ့်မယ်။

၃ – ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီမှာ ဗီတာမင်အပြင် သတ္ထုဓာတ်တွေနဲ့ပြည့်နက်နေပါတယ်။

ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဗီတာမင်အီး အပြင်အခြားသော အမျှင်ဓာတ်နဲ့ အိုမင်းရင့်ရော်ခြင်းကိုကာကွယ်တဲ့ ဓာတ်ပေါင်းတွေပါဝင်တဲ့အတွက် ပန်းဂေါ်ဖီက သင့်ရဲ့ထမင်းစားပွဲပေါ်က ကျန်းမာရေးနဲ့အညီညွတ်ဆုံး အသီးအရွက်တွေထဲက တစ်ခုဆိုရင်မမှားပါဘူး။

၄ – ကြက်သွန်ဖြူ

ကြက်သွန်ကို နေရာအနှံအပြားက ဟင်းပွဲတိုင်းလိုလိုမှာတွေ့နိုင်ပါတယ်။ ဟင်းပွဲတွေအတွက် အရသာတင်မကပဲ ကျန်းမာရေးအတွက်ပါ အရေးကြီးတဲ့ အရာတခုပဲဖြစ်ပါတယ်။

၅ – ဂျင်း

နေမကောင်းဖြစ်တဲ့အခါတိုင်း ဂျင်းပြုတ်ရည် ဒါမှမဟုတ် ဂျင်းတက်လေးတွေပါတဲ့ စွပ်ပြုတ်ပူပူလေးသောက်ပေးရတာကို လူတိုင်းကြုံဖူးမှာပါ။

ဂျင်းရဲ့အစွမ်းကတော့ ကိုယ်ခံအားတက်စေပြီး လည်ချောင်းနာတာတွေအပြင် အခြားသောရောင်ရမ်းခြင်းတွေကိုပါသက်သာစေပါတယ်။

၆ – မြင်းခွာရွက်

မြင်းခွာရွက်ကလည်း ကိုယ်ခံအားကောင်းစေတဲ့အပြင် ဗီတာမင်စီ၊ အိုမင်းမှုကို ကာကွယ်ပေးတဲ့ဒြပ်ပေါင်းတွေနဲ့ ဘီတာကယ်ရိုတင်း တို့ပါဝင်တာကြောင့် ပုံမှန်စားသုံးပေးသင့်ပါတယ်။

၇ – ဒိန်ချဉ်

ဒိန်ချဉ်မှာ ကိုယ်ခံအားကောင်းနိုင်တဲ့ ဓာတ်ပေါင်းစုံအပြင် ဗီတာမင်ဒီလည်း ပေါများစွာပါဝင်ပါတယ်။ ဗီတာမင်ဒီ က ရောဂါပိုးတွေကိုတိုက်ထုတ်မယ့် ခန္ဓာကိုယ်ရဲ့စနစ်တွေကို အများကြီးအထောက်အကူပြုပါတယ်။

သကြားတွေ၊ အခြားအရသာတွေနဲ့ ပြုပြင်ထားတဲ့ ဒိန်ချဉ်တွေကိုရှောင်ပါ၊ မပြုပြင်ထားတဲ့ ဒိန်ချဉ်က ရောဂါပိုးတွေကိုပြန်လည်တိုက်ထုတ်မဲ့ ခုခံအားတပ်တွေကို အများကြီးပိုပြီးအားပေးပါတယ်။

၈ – သစ်ကြားသီး

ရောဂါပိုးတွေကို တိုက်ထုတ်ရာမှာ ဗီတာမင်ဒီက ဗီတာမင်စီနောက်မှာရှိနေပါတယ်။

နို့ဆီခွက်တစ်ဝက်လောက်ရှိတဲ့ သစ်ကြားသီးစေ့ပမဏက တစ်နေ့လိုအပ်တဲ့ ဗီတာမင်ဒီအပြည့်အဝနီးပါးရှိတာကြောင့် ရံဖန်ရံခါမှာတော့ သစ်ကြားသီးကို စားသုံးပေးသင့်ပါတယ်။

၉ – နနွင်း

ဟင်းပွဲပေါင်းများစွာမှာ ပါဝင်နေတဲ့ ဒီအဝါရောင်အမုန့်လေးတွေကလည်း ဖျားနာယောင်ရမ်းခြင်းကို ကျစေတဲ့အာနိသင်ရှိကြောင်းတွေ့ရှိခဲ့တာကြာပါပြီ။

၁၀ – လက်ဖက်စိမ်း

လက်ဖက်စိမ်းရဲ့ကောင်းကျိုးကတော့ လူတိုင်းသိနေပြီးသားဖြစ်တဲ့အတွက် အထူးတလည်ရှင်းပြနေစရာမလိုတော့ပါဘူး။

T cell လို့ခေါ်တဲ့ ရောဂါပိုးတွေတိုက်ထုတ်တဲ့ ဆဲလ်တစ်မျိုးထုတ်လုပ်တဲ့နေရာမှာလိုအပ်တဲ့ အမိုင်နိုအက်စစ် (Amino acid) ကို လက်ဖက်စိမ်းထဲမှာလည်း ပေါပေါများများတွေ့နိုင်ပါတယ်။

၁၁ – သင်္ဘောသီး

တစ်နေ့တာအတွက်လိုအပ်တဲ့ ဗီတာမင်စီရဲ့ 224 ရာခိုင်နှုန်းက သင်္ဘောသီးတစ်လုံးထဲမှာတင် ပါဝင်နေပါတယ်။ ဒါ့အပြင် ပိုတက်စီယမ်၊ ဗီတာမင်ဘီနဲ့ ဖော်လစ်အက်စစ်ဓာတ်တွေလည်းပေါများစွာပါဝင်ပါတယ်။

၁၂ – ကီဝီသီး

ကီဝီကလည်း သင်္ဘောသီးလို လိုအပ်တဲ့ဓာတ်ပေါင်းစုံပါဝင်တဲ့အပြင် တနေ့တာပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ခန္ဓာကိုယ်ကိုလည်း ထိန်းညှိပေးပါတယ်။

၁၃ – အသား

နေမကောင်းတဲ့အချိန်မှာ ကြက်စွပ်ပြုတ်လေးသောက်လိုက်ရရင် အားတွေရှိသွားမယ်ဆိုတဲ့ စကားနဲ့သိပ်စိမ်းကြမယ် မထင်ပါဘူး။ ဥစားလို့ရတဲ့ အသားတွေဖြစ်တဲ့ ကြက်၊ဘဲနဲ့ ကြက်ဆင်သားတွေက ဗီတာမင် B6 ကြွယ်ဝစွာပါဝင်ပါတယ်။

၁၄ – နေကြာစေ့

နေကြာစေ့တွေထဲမှာ မက်ဂနီဆီယမ်၊ ဖော့စ်ပရပ်နဲ့ ဗီတာမင်B6၊ ဗီတာမင် E တို့ပြည့်ပြည့်ဝပါဝင်ပါတယ်။

၁၅ – အခွံပါသောအကောင်များ

ကိုယ်ခံအားတက်စေတဲ့ အစားအစာစာရင်းထဲမှာ အခွံပါတဲ့အကောင်တွေပါမယ်လို့ထင်ထားမှာ မဟုတ်ပါဘူး ဒါပေမယ့်သူတို့တွေမှာ ဇင့်ဓာတ်တွေများစွာပါဝင်နေပါတယ်။

ဗီတာမင်ဓာတ်တွေလိုပဲ ဇင့်ဓာတ်ကလည်း ရောဂါပိုးတွေကိုတိုက်ထုတ်ဖို့အတွက် အရေးကြီးတဲ့နေရာကနေပါဝင်နေပါတယ်။

ရေးသားသူ – မောင်မျိုးအောင် (ဆေး – ၁)

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/food-nutrition/foods-that-boost-the-immune-system 

ယခုပုံစံ

03/07/2023

Ye Zon Aung မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နေကြာစေ့တွေရဲ့ ကျန်းမာရေးစွမ်းအင်

ကီဝီသီးကို စားပေးသင့်တဲ့ အကြောင်းရင်း(၆)ခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement