ဘလူးဘယ်ရီသီးလေးတွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။
ထွက်မှာ သေချာပြီလား။
ဘလူးဘယ်ရီသီးလေးတွေက အမြင်လှသလို စားရင်လည်း အရသာရှိပါတယ်။ သူ့ရဲ့ အရည်အချင်းက ဒီလောက်နဲ့ပဲ ပြီးသွားတာလားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးတွေရှိနေပါသေးတယ်။
• အမျှင်ဓာတ်
• ဗီတာမင် C
• ဗီတာမင် K
• ဗီတာမင် A
• ဗီတာမင် E
• ဖောလိတ်
• ဓာတ်တိုးဆန့်ကျင်ပစ္စည်း
• မဂ္ဂနိ့
• မဂ္ဂနီဆီယမ်
• နီကာဆင်
• သံဓာတ်
• ကယ်လ်ဆီယမ်
• အခြားအာဟာရဓာတ်တွေပါဝင်နေပါတယ်။
စားလို့ကောင်းတဲ့ ဘလူးဘယ်ရီသီးတွေက ကျန်းမာရေးအတွက် အခုလို အထောက်အကူပြုပေးပါတယ်။
• Anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက်ပါဝင်တာကြောင့် သွေးချိုကျစေနိုင်ပြီး ဆီးချိုသမားတွေအတွက် သင့်တော်ပါတယ်။
• ဆီးလမ်းကြောင်းပိုးဝင်တာကို သက်သာစေနိုင်တယ်။
• သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။
• ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝတာကြောင့် ကင်ဆာကာကွယ်ပေးပါတယ်။
• ဝက်ခြံသက်သာစေနိုင်တယ်။ အသားအရေကို ကြည်လင်စေနိုင်တယ်။
• အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာကို ကာကွယ်ပေးတယ်။
• ဆံသားကို ကျန်းမာသန်စွမ်းစေတယ်။
• အရွယ်မတိုင်ခင် ဆံပင်မဖြူအောင်ကာကွယ်ပေးတယ်။
• အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အစာခြေစနစ်ကျန်းမာစေနိုင်တယ်။
• ကယ်လ်လိုရီပါဝင်မှုနည်းတာကြောင့် ဝိတ်ကျစေနိုင်တယ်။
• ဆံချည်မျှင်သွေးကြောလေးတွေကို ကျန်းမာစေနိုင်တယ်။
• နှလုံးကျန်းမာစေနိုင်တယ်။
• ကြွက်သားတွေကို ကျန်းမာစေနိုင်တယ်။
ဘလူးဘယ်ရီသီးကို အသီးအတိုင်းစားပေးလို့ရသလို ဒိန်ချဉ်နဲ့တွဲဖက်ပြီးလည်းစားလို့ရပါတယ်။ ဆံသားအတွက်ကတော့ သံလွင်ဆီနဲ့ရောစပ်ပြီး ခေါင်းမလျှော်ခင် နာရီဝက်လောက်ပေါင်းတင်ပေးရုံပါ။ တစ်နေ့ကို ဘလူးဘယ်ရီ တစ်ခွက်စာပုံမှန်စားသုံးပေမယ်ဆိုရင် ခေါင်းအစခြေအဆုံး လှပမှုနဲ့ ရောဂါကင်းပြီးကျန်းမာတဲ့ ခန္ဓာကိုယ်ကိုပါ ပိုင်ဆိုင်နိုင်မှာပါ။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။