home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တစ်နေ့တာလုံး အားအင်ပြည့်နေစေဖို့ စားပေးသင့်တဲ့ အစားအသောက်များ ။ ။

တစ်နေ့တာလုံး အားအင်ပြည့်နေစေဖို့ စားပေးသင့်တဲ့ အစားအသောက်များ ။ ။

တစ်နေ့တာလုံး လန်းဆန်းအားပြည့်စေဖို့အတွက် ကိုယ်စားလိုက်တဲ့ အစားအသောက်တွေက အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီတော့ တစ်နေ့တာလုံး အားအင်ပြည့်ပြီး လန်းဆန်းနေအောင် ဘယ်လို အစားအသောက်တွေ စားပေးသင့်လဲ ။ ။

ရေ ။ ။

ရေ အသက် တစ်မနက်လို့ ဆိုရလောက်အောင် ရေဆိုတာ သင့်ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်စာတစ်ခုပါ။ ကိုယ်တွင်းက ဆဲလ်တွေ စိုပြည်ဖို့၊ အဆိပ်အတောက်တွေကို စွန့်ထုတ်ဖို့အတွက် ရေက မရှိမဖြစ်လိုအပ်ပါတယ်။ ဒီလို အရေးကြီးတဲ့ ရေကို လုံလောက်အောင် မသောက်မိရင် ရေဓါတ်ခမ်းခြောက် ပြီး နုန်းချိသလို ခံစားရတတ်ပါတယ်။

Green Tea ( လက်ဖက်စိမ်းရည်) ။ ။

လက်ဖက်စိမ်းရည်ရဲ့ ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြောင့် သင့်ကိုယ်ခန္ဓါမှာ ဖိစီးနေတဲ့ဖိစီးမှုတွေ အကုန်ပြေလျော့စေမှာ ဖြစ်တဲ့အပြင် ကဖင်း နဲ့ L-theanine ကလည်း သင့်ကို လန်းဆန်းစေဦးမှာပါ။

ကော်ဖီ ။ ။

ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်ဟာ သင့်ကို တစ်နေ့တာလုံး လန်းဆန်းပြီး ခေါင်းကြည်စေမယ်ဆိုတာ အထူးပြောနေစရာ မလိုပါဘူး။ တစ်ခုရှိတာက သကြားထည့်မသောက်ဖို့ပဲ ဖြစ်ပါတယ်။ သကြားဓါတ်ဆိုတာ သင့်ကိုယ်ခန္ဓါကို နွမ်းနယ်စေတဲ့ အရာတစ်ခုပါ။

ပရိုတင်း ။ ။

ပရိုတင်းလည်းကြွယ်ဝ နွမ်းနယ်မှုတွေကိုလည်း ပြေလျော့စေတဲ့ အိုမီဂါ 3 လည်းပါတဲ့ အစားအသောက်တွေဆို ကြက်ဥ၊ ပဲအမျိုးမျိုးနဲ့ ဆယ်လ်မွန်ငါးတို့က မပါမဖြစ်ပါ။ ဆယ်လ်မွန်ငါးရဲ့ ဗီတာမင် B ဟာ မောပန်းခြင်းကို ပြေလျော့စေပါတယ်။ ကြက်ဥမှာပါတဲ့ ပရိုတင်းတွေ အမိုင်နိုအက်ဆစ်တွေကြောင့်လည်း သင့်ကိုယ်ခန္ဓါ အားပြည့်စေမှာပါ။

Quinoa ။ ။

ထမင်းဖြူစားမယ့်အစား ဆန်လုံးညို တို့ Quinoa တို့ကို စားပေးပါ။ Quinoa ဟာ ကစီဓါတ် ကြွယ်ဝပေမယ့် ဆီးချို သမားတွေ ကြောက်ရတဲ့ glycemic index နည်းတာကြောင့် စားပြီးရင် ထမင်းဆိပ်တက်ခြင်းကနေ ကင်းဝေးစေပြီး သ့င်ကို တစ်နေ့တာလုံး လန်းဆန်းစေမှာပါ။

အသီးအနှံတွေ။ ။

နေလည်စာစားပြီး ညနေ ၃ နာရီလောက် စားတဲ့ သရေစာဟာ အချိုများတဲ့ မုန့်တွေ အစား အသီးအနှံတွေ ဖြစ်နေရင် ပိုကောင်းပါတယ်။ အသီးအနှံတွေလောက် သ့င်ကို လန်းဆန်းစေတဲ့ အရာတွေ မရှိနိုင်တော့ပါဘူး။

အနက်ရောင်ချော့ကလက် ။ ။

လုံးဝကို အနက်ရောင်ချော့ကလက် စစ်စစ်ကို စားပေးတာပိုကောင်းပါတယ်။ ချော့ကလက် စားရင် စိတ်ပျော်စေတယ်ဆိုတာမျိုး ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အနက်ရောင် ချော့ကလက်မှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ ကဖင်းဓါတ်တွေ အများကြီးပါတာကြောင့်ပါ။

ပန်းသီး ။ ။

ပန်းသီး တစ်နေ့တစ်လုံးစားရင် ဆရာဝန်ဆီ သွားစရာ မလိုဘူးဆိုတဲ့ စကားကြားဖူးမှာပါ။ ဘာကြောင့်လဲဆိုတော့ ပန်းသီးမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓါတ် တွေ ကြွယ်ဝစွာပါနေလို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 3 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။