ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ကျန်းမာစွာချက်ပြုတ်ခြင်း

သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင်

သင်ဟာ ကော်ဖီကြိုက်သူ တစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဆက်ဖတ်ကြည့်ပေးပါ။ သင်သောက်နေကျ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ပါ။ ကော်ဖီတစ်ခွက်ဟာ သင့်ကို လန်းဆန်းတက်ကြွစေနိုင်ပါတယ်။ ဒီကော်ဖီထဲကို သင့်ကျန်းမာရေးအတွက် အကျိုးဖြစ်စေမယ့် ဗီတာမင်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ တခြားအာဟာရဓာတ်တွေ ဖြည့်စွက်လိုက်တဲ့အခါ သင့်ကော်ဖီဟာ ပိုမိုပြီးပြည့်စုံသွားမှာ ဖြစ်ပါတယ်။ ကော်ဖီစွဲနေသူများအတွက်လည်း အာဟာရဓာတ်များ ပေါင်းထည့်ပေးခြင်းအားဖြင့် ပိုမိုအကျိုးရှိစေမှာ ဖြစ်ပါတယ်။ ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ သင့်ရဲ့ကော်ဖီကို ပိုမိုအသက်ဝင် ထူးခြားအောင် ဘယ်လိုအာဟာရပစ္စည်းများနဲ့ အားဖြည့်ရမလဲ ဆိုတာပါပဲ။ သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် သင့်ကော်ဖီကို ဒီလိုအားဖြည့်ရအောင် ဆိုတော့ ဘယ်လို အားဖြည့်ရမလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ သစ်ကြံပိုးခေါက်မှုန့် ထည့်ပါ ကော်ဖီထဲကို သစ်ကြံပိုးခေါက်မှုန့်ထည့်ခြင်းဟာ အရသာပိုမိုထူးခြားစေတဲ့အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း ပိုမိုအားကောင်းသွားစေပါတယ်။ သစ်ကြံပိုးခေါက်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ရော ဆေးဘက်ဝင်ပစ္စည်းအနေနဲ့ပါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သုံးစွဲခဲ့ကြပါတယ်။ သစ်ကြံပိုးခေါက်ဟာ နှလုံးအတွက်ရော ဦးနှောက်အတွက်ပါ […]


အဝလွန်ခြင်း

သင့်ဗိုက်မှာ အဆီပိုတွေ စုဝေးရခြင်းအကြောင်းများ

ဝမ်းဗိုက်မှာ အဆီပိုတွေ စုဝေးနေခြင်းဟာ ကျန်းမာရေးအတွက် မကောင်းတဲ့အချက်ဖြစ်ပါတယ်။ ဇီဝဖြစ်ပျက်မှုဆိုင်ရာ ရောဂါစု၊ အမျိုးအစား ၂ ဆီးချို၊ နှလုံးရောဂါ၊ ကင်ဆာ စတာတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ ဝမ်းဗိုက်အတွင်းပိုင်း အသည်းနဲ့ ကလီစာများမှာပါ အဆီများ စုဝေးနိုင်ပါတယ်။ ကိုယ်အလေးချိန် သိပ်မများတဲ့လူတွေတောင် ဝမ်းဗိုက်မှာ အဆီပိုတွေရှိရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ ဖြစ်ပေါ်နိုင်ပါတယ်။ သင့်ဝမ်းဗိုက်မှာ အဆီပိုများကို စုဝေးလာစေတဲ့အကြောင်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ သကြားဓာတ်များသော စားသောက်ဖွယ်ရာများ လူအတော်များများဟာ သူတို့ထင်ထားတာထက်ကို သကြားကို စားဖြစ်ကြပါတယ်။ ချိုချဉ်၊ ကိတ်မုန့်၊ အချိုရည်၊ ကော်ဖီ၊ လက်ဖက်ရည် စသဖြင့် စားသုံးလိုက်တိုင်းမှာ သကြားဓာတ်ကို ရရှိနေပါတယ်။ သုတေသနတွေအရ သကြားဓာတ်စားသုံးမှုမြင့်မားခြင်းနဲ့ ဝမ်းဗိုက်အဆီစုခြင်းအကြား ဆက်စပ်နေပါတယ်။ စားကောင်းအောင် အချိုဓာတ်ဖြည့်သွင်းထားတဲ့ စားစရာတွေဟာ ကယ်လိုရီတက်စေနိုင်ပါတယ်။ အယ်လ်ကိုဟော အယ်လ်ကိုဟောဟာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့အပိုင်း ရှိသလို ထိခိုက်စေတဲ့အပိုင်းလည်း ရှိပါတယ်။ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ

ကြည်လင်လန်းဆန်းတဲ့ မနက်ခင်းလေး ဖြစ်ပါစေ ..... မနက်ခင်းက တစ်နေ့တာ အတွက် အရေးအကြီးဆုံးပါ။ မနက်ခင်းမှာ ကြည်လင်စွာ နိုးထနိုင်တာက တစ်နေ့တာလုံးကို အင်အား ပြည့်ဝစွာနဲ့ လုပ်ငန်း တာဝန်တွေကို အကောင်းဆုံး လုပ်ဆောင် နိုင်စေမှာပါ။ ဒီတော့ မနက်ခင်းတိုင်းကို ကြည်လင် လန်းဆန်းတဲ့ မနက်ခင်း အဖြစ် နိုးထလာနိုင်စေဖို့ ဒီ ဆောင်းပါးလေးကနေ ပြောပြပေးပါရစေ။ လူတော်တော်များများ လုပ်မိနေနိုင်တဲ့ မနက်ခင်း အလွဲ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ လူတွေက အိပ်စက်ချိန်တွေ နည်းလာပါတယ်။ မနက်ခင်းတိုင်းမှာ အိပ်ရေးမဝကြသလို မကြည်လင်မှုတွေနဲ့ နိုးထလာတတ်ကြပါတယ်။ ဒီလို နိုးထလာတဲ့အခါ လန်းသွားအောင် ဆိုပြီး လူ တော်တော်များများ လုပ်တတ်တာက ကော်ဖီ တစ်ခွက် သောက်လိုက်တာပါ။ ကော်ဖီ သောက်တာက နည်းနည်းဆိုရင် လန်းဆန်းစေတာ မှန်ပေမယ့် အရမ်း များသွားမယ် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပိုးသတ်ဆေးမဟုတ်ဘဲ ပိုးသေစေတဲ့ သဘာဝအစားအစာတွေ

ပိုးသတ်ဆေးကို ခန္ဓာကိုယ်တွင်းမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ရောဂါတွေကို ကုသပေးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါပေမယ့်လည်း ပိုးသတ်ဆေးတွေဟာ ဆေးပြင်းဖြစ်တာကြောင့် ခံစားရတဲ့ ဘေးထွက်ဆိုးကျိုးတွေဟာလည်း အနည်းနဲ့ အများရှိနိုင်ပါတယ်။ ဒါကြောင့် ပိုးသတ်ဆေးကို ကြာရှည်စွာ စွဲသောက်စရာမလိုဘဲ ကိုယ်ထဲမှာ ရှိနေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို မြန်မြန်သေစေတဲ့ နတ်ဆေးအစားအစာတွေကို ဒီဆောင်းပါးမှာ ဖော်ပြပေးလိုက်ပါတယ်။ ၁။ ပျားရည် ပျားရည်ဟာ အရေပြားအလှအပအတွက်သာမက ခန္ဓာကိုယ်မှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို နှိမ်နင်းတဲ့နေရာမှာ အလွန်အသုံးဝင်တဲ့ ဆေးကောင်းတစ်လက်ပါ။ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင်ပါဝင်တဲ့အပြင် ဘက်တီးရီးယားတွေကို သေစေတဲ့ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ဓာတ်ကြောင့် ဘက်တီးရီးယားပိုးတွေရဲ့ ကြီးထွားနှုန်းကို ရပ်တန့်ပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တဲ့အခါ ပျားရည်ကို ရေနွေး၊ သံပရာရည်နဲ့ ရောပြီးသောက်လို့ ရသလို အနာပေါ် တိုက်ရိုက်လိမ်းပေးခြင်းဖြင့်လည်း ပိုးသေစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ ၂။ ကြက်သွန်ဖြူ ကြက်သွန်ဖြူဟာလည်း ဘက်တီးရီးယားပိုးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ

သင်သောက်နေတဲ့ အရက်တွေကို ဘာတွေနဲ့ ဖန်တီးထားတာလဲ ဆိုတာကို သိပါရဲ့လား။ အရင်ဆုံး အရက်ကို ဘာတွေနဲ့ ဖန်တီးထားသလဲဆိုတာကို မပြောခင်မှာ အရက် ကြိုက်သူတွေ တွေ့ကြုံနေရတဲ့ အဖြစ်အပျက်လေးတစ်ခုကို အရင်ဆုံး ပြောချင်ပါတယ်။ အရက် မသောက်နဲ့နော် ဆိုတာက ပြောသလောက်ရော လွယ်ရဲ့လား! အရက် မသောက်နဲ့နော် လို့ ပြောရတာက တကယ်တော့ လွယ်မယောင်နဲ့ အခက်ဆုံး စကားပါ။ ခပ်လွယ်လွယ်ခေါင်းငြိမ့်ပြ ပြီးသွားရင် လစ်တာနဲ့ ကစ်ကြပြန်တဲ့သူတွေ သိပ်များပါတယ်။ အရက် သောက်တာက မကောင်းပါဘူး။ လူတိုင်းပြောနေကြစကားပါ။ ဒါပေမယ့်လည်း ပြောရင်းဆိုရင်း တစ်ခွက်တစ်ဖလား မော့မိကြပြန်တာပဲ မဟုတ်လား။ ကိုယ်ဒီလို မော့မိနေတဲ့ အရက်တွေကို ဘယ်အရာတွေကနေ ဖန်တီးထားတာလဲ။ ဘာကြောင့် အရက်ကို လူတွေ ဒီလောက်နှစ်ခြိုက်နေရတာလဲဆိုတာကို တွေးမိဖူးကြရဲ့လား။ အရက် မြင်ရင် ချဉ်ချဉ်တူးတူး မူးရင်ပြီးရောဆိုပြီး သောက်နေလို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

ကိုယ်အလေးချိန်လျှော့ချသူတွေမှာ လူသိများတဲ့ နည်းတချို့ရှိပါတယ်။ Raw until 4 ၊ Keto until 5 ၊ Vegan until 6 ၊ Dry until Fri စတာတွေပေါ့။ ဒီလိုနည်းတွေအပြင် ညနေ ၆ နာရီမတိုင်ခင် အစားအသောက်တွေမှီဝဲခိုင်းတဲ့ Before 6 ကလည်း လူသိများလှပါတယ်။ ဒါဆို ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား ဆိုတာလေး လေ့လာလိုက်ရအောင်နော်။ လူတော်တော်များများပြောနေကြ စကားတချို့ရှိတယ်မဟုတ်လား။ “ဝိတ်ကျချင်ရင် ညကျရင် ဘာမှမစားနဲ့” “ညနေ ၆ နာရီ ကျော်ရင် အစာမစားရဘူး” ဆိုတာမျိုးလေ။ ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား တကယ်ရော ညဘက် ဘာမှမစားရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူဖြစ်စေမှာလား။ အာဟာရဗေဒပညာရှင်တွေနဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ

သက်သတ်လွတ်စား တယ် ဒါမှမဟုတ် အရွက်ချည်းပဲပါတဲ့ Vegan Diet တွေ စားတယ်ဆိုတာက ကျန်းမာရေးအတွက် သင့်လျော်တဲ့ အလေ့အထတစ်ခုပါ။ ဒါပေမယ့် လူတော်တော်များများ တွေးပူတတ်ကြတာက ဒီလိုစားတဲ့အခါ ကြွက်သားတွေ ကြီးသင့်သလောက်ကြီးရဲ့လား၊ ဖွံ့သင့်သလောက် ဖွံ့ပါ့မလားဆိုတာကိုပေါ့။ ပုံမှန်အားဖြင့် သက်သတ်လွတ်စား တာက ကိုယ်အလေးချိန်လျှော့ချဖို့ ကိုယ်ရည်စစ်ဖို့အတွက် ရည်ရွယ်ပြီးလုပ်ကြတာများပါတယ်။ တကယ်လည်း သက်သတ်လွတ်စားသူတစ်ယောက် ကြွက်သားတွေ တက်လာဖို့အတွက်ဆိုတာက အတန်ငယ်ခက်ခဲတတ်ပါတယ်။ ဒါပေမယ့် သက်သတ်လွတ်စားတာဟာ ကိုယ်အလေးချိန်လျှော့ချမှုကိုပဲ အထောက်အကူ ဖြစ်စေတာမဟုတ်ပါဘူး။ နည်းမှန်လမ်းမှန်နဲ့ စားမယ်ဆိုရင် လေ့ကျင့်ခန်းပြုလုပ်သူတွေအတွက် ခန္ဓာကိုယ်ကြွက်သားတွေ ဖွံ့ဖြိုးစေဖို့လည်း ကူညီပေးနိုင်ပါတယ်။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ အကြောင်းလေး ဆက်ကြည့်လိုက်ရအောင်လား။ သက်သတ်လွတ်စားရင်း ကြွက်သားလည်း ဖွံ့ဖြိုးစေမယ့် နည်းလမ်းများ နာမည်ကျော် Body Builder မီဂန်း ရိုက်ချ်ကတော့ သက်သတ်လွတ်စားသူတွေအနေနဲ့ ကြွက်သားတိုးလာအောင် ဘာတွေလုပ်ရမယ်ဆိုတာကို လမ်းညွှန်ပေးထားတာရှိပါတယ်။ သူမရဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ

ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ အပူအစပ်စာတွေကို လူအတော်များများက ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် လူတိုင်းမှာ လက်ခံနိုင်စွမ်းတဲ့ အတိုင်းအတာသတ်မှတ်ချက်တော့ ရှိကြတာပါပဲ။ တခါတလေ ကျရင်တော့ ကိုယ်စားနိုင်တာထက် ပိုများတဲ့ အပူအစပ်တွေ၊ Spicy foodတွေကို စားမိသွားတယ်ဆိုပါစို့။ မျက်ရည်ကျမလောက် ခံစားသွားရတယ် မဟုတ်လား။ ပါးစပ်တစ်ခုလုံး ပူလောင်စပ်လာပြီး နှုတ်ခမ်း၊ လျှာနဲ့ အာခေါင် တစ်ခုလုံးဟာလည်း မထိကပ်နိုင်တော့လောက်အောင်ကို စပ်နေတော့မှာပါ။ ဒီလိုဝေဒနာမျိုး ကြုံလာရရင် ဘယ်ပုံ ဘယ်နည်းနဲ့ သက်သာအောင် လုပ်ကြမလဲ။ အမြန်ဆုံးနည်းလမ်းနဲ့ပေါ့။ မြန်မြန်သက်သာအောင်လုပ်နိုင်လေလေ ဝေဒနာခံစားရတာ နည်းလေလေမဟုတ်လား။ ဒါကြောင့် မာလာရှမ်းကောတို့၊ Extreme Spicy ခေါက်ဆွဲပြုတ်တို့၊ ရခိုင်ငါးပိထောင်းတို့၊ ဝါဆာဘိတို့လို အရမ်းပူတာစပ်တာတွေစားမိပြီးချိန်မှာ အဲ့ဒီလို ပူနေစပ်နေတာတွေ သက်သာစေနိုင်မယ့် အလွယ်ဆုံးနဲ့ အမြန်ဆုံး နည်းလမ်းတွေကို ပြောပြပေးချင်ပါတယ်။ ပါးစပ်အရမ်းပူစပ်နေရင် အမြန်ဆုံးသက်သာအောင် ဘယ်လိုလုပ်မလဲ ပါးစပ်အရမ်းပူစပ်နေရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။

အစားတွေတော့ စားနေပါရဲ့။ အားမရှိသလိုပဲ ခံစားနေရတယ်။ ဘာကြောင့်များလဲလို့ တွေးရခက်နေလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင်လိုချင်နေတဲ့အဖြေကို ပေးနိုင်မှာပါ။ ကဲ ... အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ ဆိုတာ ကိုယ်တိုင် ဆန်းစစ် လိုက်ပါ။ အားရှိဖို့ အစားစားတာ မှန်ပေမယ့် အစားအစာ ရွေးချယ်မှု မှားတာ၊ စားသောက်မှု ပုံစံ မှားယွင်းတဲ့အခါ စားလိုက်ပေမယ့် ခန္ဓာကိုယ်ထဲမှာ အားမရှိသလို အားအင်တွေ ကုန်ခမ်း သွားသလို ခံစားရစေနိုင်ပါတယ်။  ဒီတော့ ဘယ်လို အစားအစာတွေက အားအင်ကုန်ခမ်းစေသလဲ ဆိုတာကို ဒီဆောင်းပါးလေး ထဲမှာ ဖတ်ကြည့်လိုက်ပါ။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ စားနေမိသလား။ အစာစားတဲ့အခါ ဒါတွေကို စားမိမယ်ဆိုရင် အားအင်ကုန်ခမ်း သလို ခံစားရနိုင်ပါတယ်။ အားအင် ကုန်ခမ်းစေမယ့် အစားအစာတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ

ဆိုလိုတာက ရေနွေးထဲမှာ လက်ဖက်ခြောက် ခတ်သောက်တယ်ဆိုတာ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ဒါပေမယ့် ခုခေတ်မှာ ဟိုအရွက်ခြောက်လေးတွေ၊ ဒီအရွက်ခြောက်လေးတွေ ခတ်သောက်တတ်ကြတော့ ဘယ်လိုအရွက်က ဘယ်လို အာနိသင်ရှိလဲ။ တွေ့တဲ့ အရွက်လေးတွေ၊ ခြံထဲမှာ စိုက်ထားတဲ့ အရွက်လေးတွေ သောက်မယ့်အတူတူ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ herbal teaလေးတွေ သောက်တာက ပိုပြီးကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။ ဆက်ပြီးတော့ လက်ဖက်ခြောက်အပြင် ဘယ်လို herbal teaလေးတွေက ဘယ်လိုအကျိုးကျေးဇူးပေးနိုင်လဲဆိုတာ ဆက်ကြည့်ရအောင်။ လက်ဖက်ခြောက်အပြင် သင်ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ လက်ဖက်ခြောက်အပြင် ဘာတွေ ထည့်ဖျော်သောက်လို့ရသေးလဲ ဆိုတော့ ချာမိုမိုင်း လက်ဖက်ရည်ကြမ်း ချာမိုမိုင်း လက်ဖက်ရည်က စိတ်ကို တည်ငြိမ်စေတဲ့နေရာမှာ နာမည်ကြီးတဲ့အတွက် အိပ်မပျော်တဲ့သူတွေ လက်စွဲပဲ ဖြစ်ပါတယ်။ လေ့လာချက်တွေမှာ မီးနေသည်၈၀ကို ချာမိုမိုင်းလက်ဖက်ရည်ကြမ်း ၂ပတ်လောက်တိုက်လိုက်တဲ့အခါ ကောင်းကောင်းအိပ်ပျော်ပြီး စိတ်ကျတာတွေလည်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း