ဘရန်ဒီဆိုတာ ဝိုင်အရက်ကို ထပ်မံချက်လုပ်ထားတာ ဖြစ်ပါတယ်။ Cognac နဲ့ Armagnac ဘရန်ဒီတွေဟာ ပြင်သစ်နိုင်ငံရဲ့ သီးခြားနေရာတွေမှာသာ ချက်လုပ်ကြရတာဖြစ်သလို ထုထည်အားဖြင့် အရက်ပါဝင်မှု ၃၅% ကနေ ၆ဝ% အထိ ဖြစ်ပါတယ်။ အများအားဖြင့် ဘရန်ဒီကို ညအိပ်ရာဝင်ခါနီး သောက်လေ့ရှိပြီး အသားအရေလှပစေရုံမက အိုမင်းရင့်ရော်မှုကိုလည်း ကာကွယ်ပေးတယ်လို့ အဆိုရှိပါတယ်။ တချို့ဒေသတွေမှာ စပျစ်သီးတို့လို သစ်သီးတွေကို အချဉ်ဖောက်ပြီးတော့လည်း ဘရန်ဒီချက်လုပ်လေ့ရှိပါတယ်။
ရှန်ပိန်ဆိုတာက ပြင်သစ်နိုင်ငံအရှေ့မြောက်ပိုင်းက ထွက်တဲ့ ဝိုင်အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Gas အရှိန်ပြင်းတ အဖျော်ယမကာ တစ်မျိုးဖြစ်ပြီးတော့ အရက်ပါဝင်မှု ၁၂% ခန့် ဖြစ်ပါတယ်။ အဓိက အားဖြင့် စပျစ်သီးကို အခြေခံပြီး ဖန်တီးတာဖြစ်ပေမယ့် တခြားသစ်သီးတွေကနေလည်း ချက်လုပ်တတ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပြီး အစာကြေလွယ်စေတဲ့ ယမကာတစ်မျိုးပါ။ အဖျော်ယမကာတွေထဲမှာ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးလို့ ဆိုကြပါတယ်။
သကြားတွေ ၊ ကြံချောင်းတွေကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာကို ရမ်လို့ခေါ်ပါတယ်။ သက်တမ်းနုသေးတဲ့ရမ်ကိုတော့ တခြားအရည်တွေနဲ့ ရောနှောသောက်ဖို့ သင့်တော်ပြီးတော့ ချက်လုပ်ထားတာ ကြာပြီဖြစ်တဲ့ သက်တမ်းရင့်ရမ်တွေကို အရသာခံသောက်သုံးရတယ်လို့ ဆိုစကားရှိပါတယ်။ ဆီးချိုသမားတွေ ရှောင်သင့်တဲ့ ယမကာတစ်မျိုးပါ။
ဗော့ကာဟာ မူလတုန်းက အာလူးကနေ ချက်လုပ်တာပါ။ ခုနောက်ပိုင်းမှာတော့ ဝီစကီများလိုပဲ ဂျုံစေ့ကနေပဲ ပေါင်းခံပြီး ချက်ကြပါတယ်။ ဗော့ကာဟာ သက်တမ်းနုတဲ့အတွက် ပေါင်းခံချက်လုပ်ရာမှာ ရေလိုပဲ အရောင်ကင်းမဲ့ပြီး ကြည်လင်နေတတ်တာဖြစ်ပါတယ်။ ဗော့ဒ်ကာက သွေးလည်ပတ်မှုကောင်းစေပြီး ကိုလက်စထရောကို လျှော့ချပေးနိုင်ပါတယ်။
တက်ကီလာဆိုတာကတော့ သင်္ဘောနာနတ် (Agave Tequilana) ဖျော်ရည်ကို အချဉ်ဖောက်ပြီး ပေါင်းခံချက်လုပ်ထားတာဖြစ်ပါတယ်။ တက်ကီလာအရက်အားလုံးကို မက္ကဆီကိုနိုင်ငံ တက်ကီလာမြို့ဝန်းကျင်နဲ့ မက္ကဆီကိုနိုင်ငံ အနောက်မြောက်ဒေသနဲ့ အနောက်အလယ်ပိုင်း ကုန်းမြင့်ဒေသတွေမှာ အဓိက ချက်လုပ်ကြတာ ဖြစ်ပါတယ်။ တက္ကီလာက အရိုးသန်မာစေပြီး အိပ်ပျော်စေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။