ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး တွက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။ အာလူးဆိုတာ အလွယ်တကူဝယ်ယူလို့ရသလို လူကြိုက်လည်းများတဲ့ အစားအစာတစ်ခုပါ။ ပေါပေါလောလော လွယ်လွယ်ကူကူရနိုင်တော့ တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။ တကယ်တော့ အာလူးဟာ အာဟာရဓာတ်ကြွယ်ဝပြီး ကျန်းမာရေးအကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အာလူးက ဆိုလာနေစီအီးမျိုးရင်းဝင်ဖြစ်ပြီးတော့ ရုက္ခဗေဒအလိုအားဖြင့် အာလူးပင်ကို ဆိုလေနမ် တျူဗာရိုဆမ် (Solanum Tuberosum) လို့ ခေါ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် အာလူးတစ်လုံးရဲ့ ၄ ပုံ ၃ ပုံလောက်က ရေဓာတ်ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းတွေက ကစီဓာတ်တွေပါ။ ဒါကြောင့်လည်း အာလူးက ကျန်းမာရေးကို ကောင်းကောင်းအထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ အာလူးမှာ အသားဓာတ်နည်းနည်းနဲ့ အဆီဓာတ်နည်းနည်းလည်းပါရှိပါတယ်။ သတိထားရမယ့်အချက်တစ်ချက်ကတော့ အာလူးတစ်လုံးရဲ့ အာဟာရအဖြစ်ထွန်းဆုံးအစိတ်အပိုင်းတွေက အခွံရဲ့ အောက်ခြေကပ်လျက်နေရာမှာရှိနေတာမို့ အာလူးခွံသင်ရင် ခပ်ပါးပါးလှီးသင်ပေးဖို့ လိုအပ်တာပါပဲ။ တကယ်တော့ အာလူးဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝိတ်တက်ဖို့ ကယ်လိုရီကို ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲ။

ကိုယ်အလေးချိန်ဆိုတာ ကျလွန်းရင်လည်း မကောင်း၊ တက်လွန်းရင်လည်း မကောင်း။ ကိုယ်နဲ့ လိုက်ဖက်တဲ့ ကိုယ်အလေးချိန်မှာ ထိန်းထားနိုင်ပြီး ကျန်းမာအောင် နေတာက အကောင်းဆုံးပါ။ ကိုယ်အလေးချိန်နည်းလွန်းရင်လည်း မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်တက်လာအောင် ဘယ်လိုတွက်ချက်ပြီး စားသောက်ကြမလဲဆိုတာ ပြောပြပေးပါ့မယ်။ ဘယ်သူတွေ ကိုယ်အလေးချိန်တက်ဖို့ ကြိုးစားကြသလဲ။ BMIနည်းလွန်းတဲ့ သူတွေ (BMIကို ဒီနေရာမှာ တွက်ချက်နိုင်ပါတယ်။) ကိုယ်အလေးချိန်နည်းလွန်းလို့ ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲရှိတဲ့ သူတွေ (ကိုယ်အလေးချိန်နည်းလွန်းရင် သားဥကောင်းကောင်း မကြွေပါဘူး) ဝိတ်တင်ဖို့လိုတဲ့ ကြွက်သားတက်ချင်တဲ့ အားကစားမောင်မယ်တွေ ကျန်းမာရေးအရ ဝိတ်တက်ဖို့ လိုတဲ့သူတွေက ဝိတ်တက်ဖို့ ကြိုးစားရပါတယ်။ ဝိတ်တက်စေတဲ့ diet planဆိုတာ ဝိတ်ကျစေတဲ့ diet plan တွေလောက်တော့ သိပ်မရှုပ်ထွေးပါဘူး။ အခြေခံသဘောတရားကတော့ စားတဲ့ ကယ်လိုရီကို တိုးလိုက်တာပါပဲ။ တစ်နေ့တာစားတဲ့ […]


ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

လူအမျိုးမျိုးအတွက် Special diet

Diet လုပ်နေတယ် မစားဘူး။ Diet လုပ်နေလို့ ရှောင်ထားတယ်ဆိုတာ ခေတ်သစ်ရဲ့ ဗန်းစကား ဖြစ်လာပါပြီ။ လူအမျိုးမျိုးအတွက် Special diet တွေလည်း ပေါ်လာပြီကိုး။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ Diet လုပ်နေတယ်ဆို ကျန်းမာရေး လိုက်စားတယ်ပေါ့။ ခုနောက်ပိုင်းမှာ ရောဂါဖြစ်မှ ကုတာထက် မဖြစ်ခင် ကြိုတင်ကာကွယ်တာကို ပိုပြီး စိတ်ဝင်စားလာကြပါပြီ။ ဘာကြောင့်လည်းဆိုတော့ ရောဂါတွေက ဖြစ်လာပြီဆိုရင် ပျောက်ဖို့ ခဲယည်းလာပြီကိုး။ ဥပမာ ဆီးချို၊ သွေးတိုးပဲ ကြည့်ရအောင်။ ဖြစ်ပြီဟေ့ဆို တစ်သက်လုံး ကုပေရော့ပဲ။ ဒါကြောင့် အစကတည်းက မဖြစ်အောင် ကြိုကာလာကြပါပြီ။ ဒါ့ပြင် ဒီလို ရောဂါတွေကို ကုသတဲ့နေရာမှာလည်း ဆေးချည်းသက်သက်ထက် အစားအသောက်၊ လေ့ကျင့်ခန်းလေး ကူတာက ပိုပြီး အထောက်အကူဖြစ်တယ်ဆိုတာကို နားလည်လာကြပါပြီ။ အရင်ကတော့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ

ဥအနှစ် (Egg yolk) ဆိုတာက ကြက်ဥ၊ ဘဲဥစတဲ့ ဥတွေရဲ့ အလယ်ဗဟိုက အဝါရောင်အနှစ် အစုအဝေးလေးကို ဆိုလိုတာပါ။ ဥတစ်လုံးရဲ့ အတွင်းပိုင်းမှာ အဝါရောင်အနှစ်နဲ့ ကြည်လင်တဲ့ အကာရည်ဆိုပြီး အစိတ်အပိုင်း ၂ ခုပါဝင်ပါတယ်။ အရသာရှိသလို အာဟာရလည်းပြည့်ဝလွန်းတဲ့ အစိတ်အပိုင်းတွေပေါ့။ ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှု မြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ဘဲဥ၊ ကြက်ဥအနှစ် တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။ စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာပါပဲ။ ဒီအချက်က ကြက်ဥ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား

ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား ကြက်ဥ ဆိုတာ လူတိုင်းနီးပါးနဲ့ လက်လှမ်းမှီပြီး အာဟာရဓာတ်လည်း ကြွယ်ဝလှတဲ့ အစားအစာတစ်မျိုးဆိုရင် မမှားပါဘူး။ ကိုယ်အလေးချိန်လျှော့ချချင်သူတွေရဲ့ လက်စွဲလို့လည်း ဆိုလို့ရပါတယ်။ ကြက်ဥစား ပြီး ဝိတ်ချကြတာမျိုးပေါ့။ ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား ကြက်ဥစား ရင် ဝိတ်ကျတယ်ဆိုတာ မှန်ရဲ့လား ဆိုတော့ ကြက်ဥစားရင် ဝိတ်ကျတယ်လို့ဆိုတဲ့အချက်က မှန်သင့်သလောက်မှန်ပေမယ့် လုံးဝအတိအကျကြီး မှန်ကန်နေတာမျိုးတော့ မဟုတ်ပါဘူး။ ဒါကြောင့် ဝိတ်ချတဲ့လုပ်ငန်းစဉ်မှာ ကြက်ဥပြုတ်ကို အမယ်တစ်ခုအဖြစ် ထည့်သွင်းချင်သူတွေကို ဗဟုသုတဖြစ်စေဖို့ ရှင်းပြပေးချင်ပါတယ်။ ကြက်ဥစား တာက ဝိတ်ကျစေတာလား ကြက်ဥက အာဟာရဓာတ်ကြွယ်ဝပြီး ဗိုက်လည်းပြည့်စေတာမို့ အစာစားချင်စိတ်ကို လျော့ကျစေပြီး ကိုယ်အလေးချိန်လျှော့ချမှုကို အထောက်အကူဖြစ်စေတာဖြစ်ပါတယ်။ ဒါပေမယ့် ကြက်ဥက ဝိတ်ကျစေတာတော့ မဟုတ်ပါဘူး။ ကြက်ဥက ဝိတ်ချတဲ့လုပ်ငန်းစဉ်ကို ပံ့ပိုးပေးတာသာဖြစ်ပါတယ်။ အကြမ်းဖျဉ်းအားဖြင့် ကြက်ဥဟာ ပရိုတိန်း၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

တစ်ဖက်မှာ အဝလွန်လို့ ဝိတ်ချနေရတဲ့သူတွေ ရှိသလို တခြားတစ်ဖက်မှာလည်း အာဟာရချို့တဲ့ နေတဲ့သူတွေ ရှိနေပါတယ်။ အစွန်းရောက်အဖွဲ့နှစ်ဖွဲ့ပေါ့။ နှစ်ခုလုံးက ကျန်းမာရေး ထိခိုက်နိုင်တာကြောင့် ပေါ့ဆလို့ မရတဲ့ အရာတွေပါ။ ဒီဆောင်းပါးမှာတော့ အဖြစ်များတဲ့ အာဟာရချို့တဲ့မှုတွေနဲ့ အာဟာရချို့တဲ့မှု မဖြစ်အောင် ဘယ်လို ကာကွယ်ကြမလဲဆိုတာ မျှဝေပေးပါ့မယ်။ အဖြစ်များတဲ့ အာဟာရချို့တဲ့ မှုများ အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies)နဲ့ ဗီတာမင်၊ သတ္တုဓာတ် ချို့တဲ့မှု (Micronutrients deficiencies)ဆိုပြီး ရှိပါတယ်။ အဓိက အာဟာရချို့တဲ့မှု (Macronutrients deficiencies) အဓိက အာဟာရဆိုတာ ကာဘိုဟိုက်ဒရိတ်၊ ပရိုတင်း၊ အဆီစတာတွေ ချို့တဲ့တာကို ပြောတာပါ။ အဖြစ်များတဲ့ ရောဂါနှစ်ခု ထပ်ရှိပြန်ပါတယ်။ နှစ်ခုလုံးက ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆင်းရဲတဲ့ ကလေးတွေ၊ မိဘက ကောင်းကောင်း ဂရုမစိုက်နိုင်တဲ့ ကလေးတွေမှာ အဖြစ်များပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက် စားရဖို့ဆိုတာ ရွေးချယ်တဲ့ အစားအသောက်ပေါ်မှာတင် မူတည်တာ မဟုတ်ပါဘူး။ ချက်နည်း၊ ပြုတ်နည်း၊ ပြင်ဆင်နည်း ပေါ်မှာလည်း မူတည်ပါသေးတယ်။ သင့်အနေနဲ့ ဒီလို ချက်ပြုတ်တတ်ဖို့ စားဖိုမှူးတစ်ယောက်လို ကျွမ်းကျင်စရာ မလိုပါဘူး။ အဆုံးသတ်မှာ လိုရင်းက အရသာ ရှိပြီး ကျန်းမာရေးနဲ့ ညီအောင် ပြင်ဆင်ချက်ပြုတ်ထားတဲ့ ဟင်းတစ်ခွက် ဖြစ်နေဖို့ပါပဲ။ ဒီတော့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတာ အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ဘယ်လို ပြင်ဆင် ချက်ပြုတ်ကြမလဲ ဆိုတော့ သန့်သန့်ရှင်းရှင်း စားသောက်ပါ။ ဘယ်သူကတော့ ညစ်ပတ်တာတွေကို စားမှာလဲ။ အဲ့ဒီလို ပြောချင်တာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး

စပျစ်သီးလို့ဆိုလိုက်ရင် ခရမ်းရောင်လေးတွေကိုပဲ ပေးမြင်ကြမယ် ထင်ပါတယ်။ တကယ်ကတော့ စပျစ်သီးက ခရမ်းရောင်၊ အနီရောင် နဲ့ အစိမ်းရောင်ဆိုပြီး အမျိုးမျိုး ရှိတာပါ။ ဒီထဲကမှ စပျစ်သီး စိမ်းစိမ်းလေး ကိုမှ ကြိုက်တယ်ဆိုသူတွေအတွက် စပျစ်သီး စိမ်းစိမ်းလေး က ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးပါရစေ။ စပျစ်သီး စိမ်းစိမ်း စပျစ်သီး စိမ်းစိမ်း ဆိုတာ စပျစ်သီး တစ်မျိုးပါ။ ခပ်ဝိုင်းဝိုင်းလေးတွေ ရှိသလို ရှည်မျောမျောလေးတွေလည်း ရှိပါတယ်။ အတွင်းသားကတော့ အဖြူပါ။ စားရတာ ချိုပါတယ်။ စပျစ်သီး စိမ်းစိမ်း နဲ့ ကျန်းမာရေး စပျစ်သီး စိမ်းစိမ်းလေး ကို စားသုံးပေးတာက သွေးတွင်းကိုလက်စထရော ကျဆင်းစေတယ် စပျစ်သီး စိမ်းစိမ်းလေး တွေက သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး နှလုံး ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းက သွေးတွင်းက […]


ကိုယ်အလေးချိန်လျှော့ချခြင်း

အစားအသောက်နဲ့ ဝိတ်ချမယ်ဆိုရင် လိုက်နာရမယ့် အခြေခံစည်းမျဉ်း

ဝိတ်ချမယ်ဆိုရင် အရင်ဆုံး လုပ်လေ့ရှိတာက အစားလျှော့တာပါ။ မှားတော့ မမှားပေမယ့် အလုံးစုံမှန်တာတော့လည်း မဟုတ်ပါဘူး။ ဒီဆောင်းပါးမှာ ဝိတ်ချတဲ့ planတွေ အကြောင်းကို ဆွေးနွေးသွားမှာတေ့ာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်နည်းနဲ့ ချချ ဝိတ်ချမယ်ဆိုရင် ဘာတွေ အရင်စဉ်းစားရမလဲ၊ ဘာတွေ မှားနေတတ်သလဲ၊ အစားအသောက်နဲ့ ချမယ်ဆိုရင် အခြေခံ လိုက်နာရမယ့် စည်းမျဉ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။ ဝိတ်ချမယ်ဆိုရင် မေးရမယ့် မေးခွန်းတွေက ဝိတ်ချဖို့ တကယ်လိုအပ်နေပြီလား။ အများက ဝတယ်ဆိုတိုင်း တကယ်ဝချင်မှ ဝတာပါ။ ဒါကြောင့် BMI ဆိုတာ တွက်ကြတာပေါ့။ BMIမကျော်ဘူးဆိုရင် သင် ဝနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခုတော့ စဉ်းစားရမှာက ကိုယ်အလေးချိန်ချင်း တူရင်တောင် အရပ်ကွာရင် BMI မတူပါဘူး။ ပေါင် ၁၀၀၊ ၅ပေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ............

ဟင်းချက်တဲ့အခါတိုင်း အရောင်လေး လှအောင်၊ အရသာလေး ကောင်းအောင်ဆိုပြီး ငရုတ်သီးမှုန့် လေး ထည့်ထည့်ချက်ကြတယ်ဟုတ်။ အရောင်တင်မှုန့်၊ ငရုတ်သီး အစိမ်းမှုန့် စသဖြင့် အမျိုးမျိုး ခေါ်ကြတယ်လေ။ ဒီငရုတ်သီးမှုန့်လေးက ဟင်းတွေကို အရောင်လှ အရသာတိုးစေတာ မှန်ပေမယ့် သေချာ သိမ်းဆည်းမှု မရှိရင် မှိုတက်တာ၊ အစိုပြန်တာတွေ ဖြစ်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အရသာတိုးစေမယ့် ငရုတ်သီးမှုန့်လေး​ကြောင့် ရောဂါ မတိုးစေဖို့ ဘယ်လိုများ သိမ်းဆည်းကြမလဲ။ ငရုတ်သီးမှုန့် သိမ်းဆည်းနည်း မှန်ရဲ့လား ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပါတယ်။ ဒါပေမယ့် ငရုတ်သီးမှုန့်က သက်တမ်းရှိသလို ပုပ်သိုး ပျက်စီးနိုင်ပါတယ်။ သေချာ မသိမ်းဆည်းဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်စေလာနိုင်ပါတယ်။ ဒီတော့ အိမ်မှာ ငရုတ်သီးမှုန့် သိမ်းထားတာကရော နည်းစနစ်မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေး ဖတ်ရင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း