ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

Lupus ဆိုတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။  လေ့လာချက်တွေအရဆိုရင် ချင်း ဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Lupus ရှိရင် ချင်း (ဂျင်း) စားပါ လို့ ဆိုရတာဖြစ်ပါတယ်။ Lupus ရှိရင် ချင်း (ဂျင်း) စားပါ ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ Lupus ဆိုတာ နာတာရှည်ရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က ပြင်ပကနေဝင်ရောက်တဲ့ အရာတွေကိုသာမက ကိုယ့်ရဲ့ခန္တာကိုယ်အတွင်းထဲက ပုံမှန်ကျန်းမာသော ဆဲလ်စ်တွေ၊ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။ Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္တာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်၊ အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။ ပြီးတော့ Lupus ဟာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ခန္ဓာကိုယ်ကြီးက စက်ယန္တရားတစ်ခုလိုပါပဲ။ အစိတ်အပိုင်းများစွာနဲ့ ဖွဲ့စည်းထားသလို အစိတ်အပိုင်းတစ်ခုစီတိုင်းကလည်း ကောင်းမွန်နေဖို့ လိုပါတယ်။ နောက်တစ်ခုက စက်ယန္တရားတွေ လည်ပတ်စေဖို့အတွက် လောင်စာတွေ ဖြည့်ပေးရသလို ခန္ဓာကိုယ် ကျန်းမာဖို့လည်း အာဟာရတွေ ဖြည့်ပေးရပါတယ်။ အာဟာရဆိုတဲ့နေရာမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလိုမျိုး ခုခံအားကို ထောက်ပံ့ပေးနိုင်မယ့် အာဟာရဓာတ်တွေ ပြည့်ဝဖို့ လိုပါမယ်။ ဒါမှ ခန္ဓာကိုယ်က ကျန်းမာမှာပါ။ အခုလိုမျိုး ကိုဗစ်ရောဂါဖြစ်ပွားနေချိန်မှာဆိုရင် ကိုယ်ခံအား ကောင်းဖို့က ပိုပြီး အရေးကြီးပါတယ်။ ကာကွယ်ဆေး မရခင်စပ်ကြားမှာ ကိုယ်ခံအားကောင်းအောင် လုပ်တာက ကိုဗစ်ကို ကာကွယ်နိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်နေလို့ပါ။ ဒီတော့ ကိုယ်ခံအားကောင်းနေအောင် ဘယ်လိုတွေ အားဖြည့်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရ အောင်နော်။ အစာစားတိုင်း အာဟာရပြည့်ဝစွာ ရရှိတယ်လို့ မဆိုနိုင်ပါဘူး။ နေ့တိုင်း စားနေတဲ့ အစားအသောက်တွေက ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်းပေးဖို့လို့ဆိုပေမယ့် […]


ကိုယ်အလေးချိန်လျှော့ချခြင်း

နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

နှစ်သစ်ကူးကာလမှာ စိတ်သစ်၊ လူသစ်၊ ရည်မှန်းချက်သစ်နဲ့ “ငါတော့ ဒီနှစ် သေချာပေါက် ဝိတ်ချတော့မဟဲ့” ဆိုပြီး ဆုံးဖြတ်လိုက်ကြတဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။ ဒါဆိုရင်တော့ နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ အကြောင်း သိထားဖို့ လိုပါမယ်။ ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်တာဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက် ထပ်ပြီးစဉ်းစားရမှာက “အရင်တုန်းကရော ငါ ဒီလို ဆုံးဖြတ်ခဲ့ဖူးလား၊ တကယ်အလုပ်ဖြစ်ခဲ့ရဲ့လား” ဆိုတာပါပဲ။ တကယ်တမ်းအားဖြင့် ဝိတ်ချတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ စိတ်ရှည်ပြီး ရေရှည်ကြိုးစားအားထုတ်နိုင်မှ အောင်မြင်မယ့် ကိစ္စတစ်ခုပါ။ ခနခန ဝိတ်ချဖို့ ဆုံးဖြတ်ကြ၊ ဝိတ်ချဖို့ ကြိုးစားကြပေမယ့် တကယ်တမ်းဝိတ်ကျသွားသူအရေအတွက်ကတော့ မျှော်မှန်းထားသလောက် ပမာဏမများပါဘူး။ အကြောင်းအရင်းကတော့ ဝိတ်ချနေစဉ်အချိန်အတွင်းမှာတင် သင့်ကို လမ်းမှားရောက်သွားစေမယ့် ယုံတမ်းစကား အမှားတွေကို လူတိုင်းနီးပါး လက်ခံလိုက်နာနေမိကြလို့ပါပဲ။ တချို့ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

မာလာရှမ်းကောက ဘာလို့ စွဲလမ်းစရာဖြစ်နေတာလဲ

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မျိုချမိသွားပြီလား။ အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။ မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခုအဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။ မာလာရှမ်းကော ဆိုတာ မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပာယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ စီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။ မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သာမန်အချိန်မှာ ကျန်းမာစေပေမယ့် နာမကျန်းဖြစ်ချိန်မှာ မစားသင့်တဲ့ အစားအစာများ

အစာအာဟာရဆိုတာ လူတိုင်းအတွက် ကျန်းမာစေမယ့် အကျိုးပြု ဓာတ်စာတွေဖြစ်ပါတယ်။ တချို့အစားအစာတွေဟာ လူတွေကို အလွန်အမင်း အကျိုးပြုနိုင်တာကြောင့် လူကြိုက်များပြီး မှီဝဲစားသုံးသူလည်း များကြပါတယ်။ ဒါပေမယ့် အစားအစာတိုင်းမှာ အကျိုးပြုဓာတ်တွေချည်း ပါဝင်နေတာမဟုတ်ပါဘူး။ လူကို ဥပါဒ်သင့်စေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း ပါဝင်နေတတ်ပါတယ်။ အစားအစာ အမျိုးအမည်ပေါ် မူတည်ပြီး ပမာဏ သာကွာခြားတာပါရှိတာပါ။ ဒါကြောင့်လည်း တချို့သော အစားအစာတွေဟာ သာမန်အချိန် မှီဝဲစားသောက်ရင်လူကို ကျန်းမာစေ၊ အကျိုးဖြစ်ထွန်းစေပေမယ့် ဖျားနာနေချိန်၊ နေမကောင်းချိန်တွေမှာ စားသောက်မိရင်တော့ ဘေးဖြစ်စေတတ်တာပါ။ ဒီလိုမျိုး နာမကျန်းဖြစ်နေချိန်မှာ ကိုယ်က အကျိုးပြုတယ်အထင်နဲ့ မှီဝဲစားသောက်ပြီးမှ ဝေဒနာပိုဆိုးသွားတာမျိုး မဖြစ်စေဖို့ဆိုရင် ဘယ်အစားအစာတွေက ဖျားနာနေချိန်မှ မှီဝဲစားသောက်ဖို့မသင့်ဘူးလဲဆိုတာကို သိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။  ဒီလိုအစားအစာမျိုးတွေကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။ ဖျားနာနေချိန် ဟင်းနုနယ်ရွက်ကြီး (Spinach) - ဟင်းနုနယ်ရွက်ကြီးတွေဟာ လူ့ကျန်းမာရေးကို အထောက်အကူဖြစ်စေပြီး ကိုယ်အလေးချိန်လျှော့ချရာမှာလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ

သင့်နှလုံးပိုကျန်းမာဖို့ အသားအစား ပဲစားပေးပါ .... ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ နှလုံးရောဂါဟာ တစ်နှစ်ကို ၁၈ သန်းလောက် အသက်ဆုံးရှုံးအောင် အန္တရာယ်ပေးနေတဲ့ ရောဂါဆိုးတစ်မျိုးဖြစ်ပြီးတော့ ကမ္ဘာပေါ်မှာ လူအသေအပျောက်အများဆုံး ရောဂါဖြစ်ပါတယ်။ ဒါကြောင့် ဒီရောဂါမဖြစ်အောင် ရှောင်လွှဲနိုင်ဖို့ အလွန်ပဲအရေးကြီးလှပါတယ်။ နှလုံးရောဂါဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာကွယ်တားဆီးလို့ရနိုင်တဲ့ ရောဂါတစ်ခုလည်းဖြစ်ပါတယ်။ လူတွေမှာ နှလုံးရောဂါစွဲကပ်စေရတဲ့ အဓိကအချက်က စားသောက်နေထိုင်မှုပိုင်းမှာ အကျင့်ဆိုးတွေရှိနေတာကြောင့်ပါ။ အဝလွန်တာတွေ၊ အရက်သေစာနဲ့ ဆေးလိပ်အလွန်အကျွံသောက်သုံးတာတွေ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့အစားအသောက်တွေကို အလွန်အကျုးမှီဝဲတာတွေကြောင့် နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေ စွဲကပ်နိုင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို ကာကွယ်နိုင်ဖို့နဲ့ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ဆိုရင် စားသောက်ပုံ ပုံစံကို စနစ်တကျ ပြင်ဆင်ပြောင်းလဲနိုင်ဖို့က အဓိကကျပါတယ်။ လေ့လာချက်တွေအရဆိုရင် အသားစားသုံးမှုကို လျှော့ချပြီး ပဲကို အစားထိုးမှီဝဲပေးတာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

အစာစားချိန်နောက်ကျတာက လူ့ကျန်းမာရေးကို အကျိုးမပြုပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာစား ကြတာများပါတယ်။ လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။ ဗြိတိန်သိပ္ပံပညာရှင်တွေရဲ့ အဆိုအရဆိုရင် ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာ ဒါမှမဟုတ် အဆာပြေစာ စားဖြစ်ရင် ကယ်လိုရီလောင်ကျွမ်းနိုင်စွမ်း ပိုမိုအားနည်းပြီး ကိုယ်အလေးချိန်ပိုမိုတိုးပွားစေလေ့ရှိတယ်လို့ ဆိုပါတယ်။ အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်တယ်လို့ လေ့လာချက်မှာဆိုထားပါတယ်။ BMI ၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ခုရာသီက ထောပတ်သီးတွေကို ပေါပေါသီသီ တွေ့နိုင်တဲ့ ရာသီမျိုးပါ။ ထောပတ်သီးစား တာဟာ ကျန်းမာရေးကို အကျိုးပြုတဲ့ အစားအစာတစ်မျိုးအဖြစ် လူသိများလှပေမယ့် အများစုကတော့ ဝိတ်ချဖို့အတွက်သာ အဓိက အသုံးပြုကြပါတယ်။ တကယ်တော့ ထောပတ်သီးဟာ ဝိတ်ချတာအပြင် တခြားသော ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးနိုင်ပါတယ်။ ဗီတာမင်နဲ့ သက်စောင့်ဓာတ် အမျိုး ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးဟာ ကိုယ်အလေးချိန် လျော့ကျစေဖို့ ကူညီတာအပြင် နှလုံးရောဂါကို ကာကွယ်ပေးတာ၊ သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။ ဒါပေမယ့် ဒါတွေက ထောပတ်သီးရဲ့ အကောင်းဆုံးအပိုင်းမဟုတ်သေးပါဘူး။ ထောပတ်သီးကို နေစဉ်စားပေးသင့်ရတဲ့ အဓိက အကြောင်းတရားက ဝမ်းဗိုက်ကို ကျန်းမာစေတာကြောင့်ပါပဲ။ ဝမ်းဗိုက်နဲ့ အစာအိမ်လေး ကျန်းမာနေတာက သင့်ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာမှုရဲ့ အဓိက သော့ချက်မဟုတ်လား။ နေ့စဉ် ထောပတ်သီးစား ပါ အမေရိကန်ပြည်ထောင်စု အီလီနွိုက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေရဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

လူသိသိပ်မများလှတဲ့ သခွားသီးရဲ့ ဘေးထွက်ဆိုးကျိုးများ

သခွားသီး ချိုချိုအေးအေးလေးကို လူတိုင်းနီးပါး နှစ်သက်သဘောကျကြပါတယ်။ မြန်မာထမင်းဝိုင်းတွေမှာဆို အတို့အမြှုပ်အနေနဲ့ရော တခါတရံမှာ ဟင်းချိုလို၊ အသုပ်လို ဟင်းအမည်အနေနဲ့ပါ ပါဝင်နေတတ်တဲ့ အစားအစာတစ်မျိုးပေါ့။ ဒါတင်ပဲလားဆိုရင်တော့ မဟုတ်သေးပါဘူး။ သခွားသီးက ဆေးဖက်ဝင်လှသလို အလှအပကြိုက်တတ်တဲ့ ပျိုမေတွေအတွက်လည်း အသုံးတည့်လှတဲ့ ဆေးဝါးဓာတ်စာတစ်မျိုးပါ။ အသားအရေကို အေးမြစေပြီး ဘက်တီးရီးယားပိုးမွှားတွေကို သေစေလို့ အရေပြားအလှအပ ထိန်းသိမ်းတဲ့နေရာမှာလည်း သခွားသီးကို အသုံးများလာကြပါတယ်။ ဝက်ခြံနဲ့ အဖုအပိမ့်တွေ၊ ချွေးပေါက်ကျယ်တာကို သက်သာစေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးစေဖို့ကိုလည်း အစိုဓာတ်ထိန်းပြီး ကာကွယ်ပေးနိုင်ပါသေးတယ်။ နောက်ပြီး သခွားသီးမှာ ကစီဓာတ်၊ အသားဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် စီ၊ ဗီတာမင် ကေ၊ မဂ္ဂနီဆီယမ်ဓာတ်၊ ပိုတက်စီယမ်ဓာတ်တွေ ပါဝင်နေပြီးတော့ ကယ်လိုရီနဲ့ အဆီဓာတ်အလွန်နည်းလို့ ကိုယ်အလေးချိန်ကို မတက်စေသလို ဝိတ်ချချင်သူတွေအတွက်လည်း အဆင်ပြေစေပါတယ်။ ရေဓာတ်ပမာဏက ၉၆ ရာခိုင်နှုန်းမို့ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

ကိုယ်အလေးချိန်လျှော့ချဖို့အတွက် Diet ဖြစ်အောင်စားကြမယ်လို့ လူအတော်များများက ပြောကြ လုပ်ကြတယ်။ ဒါပေမယ့် Diet ဆိုတာကို ကြည့်လိုက်ရင် အစာလျှော့စားတာနဲ့ အာဟာရမပြည့်ဝတဲ့ ဟိုစပ်စပ်ဒီစပ်စပ်အစားအစာလေးတွေချည်း ဖြစ်နေတတ်ပါတယ်။ တကယ်တာ့ Diet ဆိုတာ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားတာကို ဆိုလိုတာပါ။ အစားရှောင်ခိုင်းတာမဟုတ်သလို တိုစိတိုစိ နည်းနည်း နည်းနည်း စားခိုင်းတာလည်း မဟုတ်ပါဘူး။ Diet လို့ ခေါင်းစဉ်တပ်ပြီး မိနေတဲ့ ချင်း (ဂျင်း) တွေအများကြီးပါပဲ။ Diet စားပြီး ဝိတ်ချမယ်လို့ ကြွေးကြော်ပြီး ဘယ်လို ယုံတမ်းအမှားတွေနဲ့ ပိတ်မိနေလဲဆိုတာကို သိရအောင် ဖော်ပြပေးချင်ပါတယ်။ အောက်အချက်တွေကတော့ လူသိအများဆုံး ယုံတမ်းအမှားတွေပါပဲ။ Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ ၁။ ကယ်လိုရီဆိုတာနဲ့ မကောင်းဘူး ကယ်လိုရီဆိုတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာပါ။ အရေးပါတဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း