ဒီအစိတ်အပိုင်း ၂ ခုထဲကမှ အနှစ်ကတော့ ကိုလက်စထရောပါဝင်မှု မြင့်မားပေမယ့် ဗီတာမင်တွေနဲ့ အာဟာရဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်နေတဲ့နေရာပါ။ ဒါကြောင့်လည်း ဘဲဥ၊ ကြက်ဥအနှစ် တွေဟာ ကုန်ကျစရိတ်နည်းနည်းနဲ့ ကျန်းမာစေတဲ့ အစားအစာတွေလို့ သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ် စားပါ
ကြက်ဥ၊ ဘဲဥဆိုတဲ့အစားအစာတွေက ပြင်ဆင်ချက်ပြုတ်ရတာ လွယ်ကူပြီး နေရာစုံမှာအသုံးချနိုင်သလို ကိုယ်အလိုရှိတဲ့ ကျန်းမာရေး အကျိုးရလဒ်ရရှိအောင် စီမံရာမှာလည်း မခက်ခဲပါဘူး။ ဒီထဲကမှ အာဟာရဓာတ်အကြွယ်အဝဆုံးအပိုင်းကတော့ အဝါရောင်အနှစ်နေရာပါပဲ။ ဒီအချက်က ကြက်ဥ ဘဲဥတွေကို မှီဝဲစားသောက်ရင် အကာထက် အနှစ်ကိုပိုနှစ်ခြိုက်သူတွေအတွက်တော့ သတင်းကောင်းလို့ဆိုရမှာပါပဲ။
ဒီလိုညွှန်းဆိုရလောက်အောင် ကြက်ဥအနှစ် တွေက ဘယ်လိုများ အာဟာရဓာတ်တွေကြွယ်ဝနေလို့လဲ။ ကြက်ဥ ဘဲဥအနှစ်တွေက သင့်ကျန်းမာရေးကို ဘယ်လိုများအထောက်အကူဖြစ်စေမှာလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အာဟာရဓာတ်နဲ့ အကျိုးကျေးဇူးများ
ဥအနှစ်ဟာ ဥတွေရဲ့ အတွင်းဘက်က အာဟာရဓာတ်အကြွယ်ဝဆုံး အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ ဥအနှစ်တွေမှာပါဝင်တဲ့ အာဟာရဓာတ်တွေဟာ မျိုးစိတ်၊ ဥထုတ်လုပ်မှုပုံစံနဲ့ အရွယ်အစားတွေပေါ်မူတည်ပြီး အနည်းငယ်ကွဲပြားနိုင်ပေမယ့် ယျေဘုယျအားဖြင့်တော့ ပရိုတိန်း၊ အဆီနဲ့ ကယ်လိုရီကြွယ်ဝတာခြင်း တူကြပါတယ်။
ဥအနှစ်တွေထဲမှာ အဓိကအားဖြင့် အောက်ပါ အာဟာရဓာတ်တွေပါဝင်နေပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။