ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဟင်းချက်ဆီလေး သိမ်းဆည်းနည်း မှန်ရဲ့လား............

ဆီ (ဟင်းချက်ဆီ) ဆိုတာက ဟင်းလျာတိုင်းမှာ မပါမဖြစ် ပါဝင်ရတဲ့ အရာတစ်ခုပါ။ ဟင်းတစ်ခုကို ချက်ပဲ ချက်ချက်၊ ကြော်ပဲ ကြော်ကြော်၊ အသုပ်ပဲ သုပ်သုပ် ဆီမပါရင် မရပါဘူး။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ငါးခြောက်လေး မီးကင်ပြီးရင်လည်း စားကောင်းအောင်ဆိုပြီး ဆီဆမ်းတယ်၊ လက်ဖက်လေး ထောင်းပြီးရင်လည်း ဆီလေး မြုပ်နေအောင် စိမ်ထား တတ်သေးတယ်နော်။ အကြောင်းကတော့ ဆီက ဟင်းလျာတွေရဲ့ အရသာကို တိုးစေလို့ပါ။ ဒီလို ဟင်းလျာတိုင်းရဲ့ အရေးပါတဲ့ ဇာတ်ဆောင် ဟင်းချက်ဆီလေးကို သိမ်းဆည်းတဲ့နည်း မှန်ရဲ့လား........... ဟင်းချက်ဆီကို ဘယ်လို သိမ်းလေ့ရှိလဲ............. ဟင်းချက်ဆီက ဟင်းလျာတွေကို အရသာတိုးစေသလို ဟင်းချက်ဆီက ထိန်းသိမ်းပုံ မမှန်တာကြောင့် ပျက်စီးသွားရင်လည်း ဟင်းလျာတွေရဲ့ အရသာကို ပျက်စီးစေပါတယ်။ ဟင်းချက်ဆီက ပျက်စီးတတ်လား......... ဟင်းချက်ဆီက သက်တမ်း ကြာတဲ့အခါ ပျက်စီးတတ်သလို ထားသိုပုံ မမှန်တဲ့အခါမျိုးမှာလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

နံနံပင်အမြစ် စားလို့ရလား ... ဆေးဖက်ဝင်တယ်ဆိုတာရော ဟုတ်ရဲ့လား

နံနံပင်ကို စားရင် များသောအားဖြင့် အပင်ကိုသာ စားလေ့ရှိပြိး နံနံပင်အမြစ် ကိုတော့ လွှင့်ပစ်ကြတာ များပါတယ်။ အမြစ်က မြေကြီးတွေ ပေနေတာကြောင့်ဖြစ်သလို ဝါးစားဖို့ခက်တာ၊ ပစ်စရာရယ်လို့ ငယ်ကတည်းက သိလာတဲ့အသိကြောင့်ပါ။ တကယ်ကတော့ နံနံပင် အမြစ်က စားလို့ရသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိုင်းဟင်းလျာတွေထဲမှာ နံနံပင်အမြစ် ထည့်ချက်ကြတာကို မြင်ဖူးမှာပါ။ တကယ်က နံနံပင် အမြစ်ကို ရေစင်အောင်ဆေးပြီး ဟင်းလျာတွေထဲကို ထည့်ချက်မယ်ဆိုရင် ဟင်းလျာက အနံ့အရသာတိုးစေမှာ ဖြစ်သလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ နံနံပင်အမြစ် ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုသလဲ............ နံနံပင်အမြစ်ကို ဟင်းအနှစ်ထောင်းတဲ့အခါ ရေစင်အောင်ဆေးပြီး ထည့်ထောင်းတာ၊ ဟင်းအိုးထဲကို ရေစင်အောင်ဆေးပြီး ထည့်ချက်တာမျိုး လုပ်ပေးလို့ရပါတယ်။ အကြောင်းကတော့ နံနံပင် အမြစ်က ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်တယ်။ နံနံပင်အမြစ်က ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ဝမ်းလျှောတာလိုမျိုး အစာခြေစနစ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။  နံနံပင်အမြစ်က […]


အားကစားသမားများအတွက်အာဟာရ

အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

သာမန် Gymဆော့တာကစလို့ ပြိုင်ပွဲဝင်အားကစားသမားတွေအထိ သင့်တော်တဲ့ အာဟာရဆိုတာ လိုပါတယ်။ ပြိုင်ပွဲတွေမှာ အောင်မြင်မှုရဖို့ ဒါမှမဟုတ် ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ်အနေအထားကို ရဖို့ ကြိုးစားကြတဲ့အခါမှာ ဇွဲတို့၊ ကျွမ်းကျင်မှုတို့တင် မကပါဘူး။ သင့်တော်တဲ့ အာဟာရဆိုတာလည်း လိုအပ်ပါသေးတယ်။ ခန္ဓာကိုယ်ကို အစားအစာတွေက ရတဲ့ အာဟာရတွေနဲ့ တည်ဆောက်ထားတာကိုး။ အားကစားသမားတွေ စားတဲ့အစားအသောက်ကတော့ သာမန်လူတွေထက် ပိုပြီး တိတိကျကျတွက်ချက်ထားတဲ့ ပုံစံမျိုးနဲ့ စားသောက်နေရမှာ အသေအချာပါပဲ။ ဒါဆို သူတို့ ဘာတွေများ စားနေပါလိမ့်။ အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ ဘာတွေဖြစ်မလဲ။ အားကစားသမားများအတွက် အထူးအာဟာရ ဘောလုံးအသင်းတို့၊ ဘတ်စကတ်ဘောအသင်းတို့၊ ရေကူးအသင်းတို့ စသဖြင့် အားကစားအဖွဲ့အစည်းတွေမှာ သက်ဆိုင်ရာ သင်တန်းနည်းပြအပြင် အားကစားကြောင့် ထိခိုက်ဒဏ်ရာရရင် ကုသပေးဖို့ ဆရာဝန်၊ အာဟာရတွေ တွက်ချက်ပေးဖို့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တန်ဆောင်မုန်းမှာ ဆေးပေါင်းခဖို့ သုပ်စားကြတဲ့ မယ်ဇလီဖူး

တန်ဆောင်တိုင် လပြည့်ညဆို ငယ်ငယ်ကတည်းက ဆေးပေါင်းခတယ်ဆိုပြီး မစားချင်တောင် ဆေးဖြစ်ဝါးဖြစ်လေး စားဆိုပြီး ဖွားဖွားက ခွံပေးတဲ့ မယ်ဇလီဖူး သုပ်ကို စားဖူးတယ်ဟုတ်။ ကြက်သွန်နီဆီချက်၊ မြေပဲ၊ ပုစွန်​ခြောက်တွေကိုထောင်းပြီး ကြက်သွန်နီ ပါးပါးလှီး၊ မယ်ဇလီဖူးကို ပါးပါးလှီးပီး သုပ်ထားတဲ့ အသုပ်လေးက ရေနွေးကြမ်းလေးနဲ့ဆို အတော်လိုက်ဖက်တဲ့ အတွဲအစပ်ပါ။ လပြည့်ညမှာ အိမ်ရှေ့မြေပြောင်ပြောင် ကွပ်ပျစ်ပေါ်မှာ ထိုင်ရင်း စားလိုက်ရရင် အတော်လေး အရသာရှိမှာပါ။ ဒီ မယ်ဇလီဖူးသုပ်လေးကို ဘာလို့ ဆေးဖက်ဝင်တယ်လို့ ပြောကြတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မယ်ဇလီဖူး ဆိုတာ မယ်ဇလီဖူး ဆိုတာက မယ်ဇလီပင်ရဲ့ အဖူးပါ။ အဖူးဆိုတဲ့အတိုင်း အလုံးလေးတွေပါ။ အစိမ်းရောင်ရှိပြီး ပြုတ်လိုက်ပြီးရင်တော့ ခပ်ဝါဝါလေး ဖြစ်သွားပါတယ်။ ပြုတ်ပြီး တို့စားလို့ ရသလို သုပ်စားလို့လည်း ရပါတယ်။ ဝမ်းနှုတ်ဆေးတွေထဲမှာ ထည့်သုံးတာမျိုးလည်း ရှိပါတယ်။ မယ်ဇလီဖူးမှာ ဘာတွေပါ ဆေးပေါင်းခဖို့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်တွင်းခရီးစွန့်စားခန်း

ကျွန်တော့်နာမည် Riceပါ။ မြန်မာနာမည်ကတော့ ထမင်းပေါ့။ အခုကျွန်တော်နဲ့အတူ သူငယ်ချင်း (၃)ယောက်ပါတယ်။ Chicky လို့ခေါ်တဲ့ ခန္ဓာကိုယ်ခပ်တောင့်တောင့် ကြက်သားတုံးလေးရယ် ... Veggie လို့ခေါ်တဲ့ ဟင်းရွက်စိမ်းစိမ်းလေးရယ်။ ကျွန်တော်တို့တွေ လူ့ခန္ဓာကိုယ်ဆိုတာကြီးထဲကို အခုပဲခရီးထွက်ကြတော့မှာလေ။ Fruity လို့ခေါ်တဲ့ သူငယ်ချင်း လုံးလုံးလေးကတော့ နောက်ဆုံးမှလိုက်ခဲ့မယ် ... မင်းတို့သွားနှင့်တဲ့။ သူကတော့ အဲ့လိုပါပဲ။ သူက ပန်းသီးဆိုတော့ နည်းနည်းဘဝင်မြင့်တတ်တယ်။ လူတွေကလည်း ‘သူ့ကိုတစ်နေ့တစ်လုံးစားရင် ဆရာဝန်နဲ့ ဝေးဝေးနေလို့ရတယ်’ လို့ သူ့စူပါပါဝါတွေကို တင်စားပြီးပြောထားမိတာကိုး။ ကျွန်တော်တို့အားလုံးမှာလည်း ကိုယ်ပိုင်‘အာဟာရဓာတ်’စူပါပါဝါကိုယ်စီရှိကြပါတယ်။ ကျွန်တော်တို့လာကြတော့မယ်ဆိုတာ ‘ဦးနှောက်’ဆိုတဲ့ တစ်ယောက်က တစ်ကိုယ်လုံးကို သတင်းပို့လိုက်ပြီတဲ့။ ကျွန်တော်တို့ကို ဧည့်ခံကြိုဆိုနေရာချထားပေးမယ့် သူတွေဆီကိုပေါ့။ သူတို့ကို ကိုယ်တွင်းအင်္ဂါတွေ ကိုယ်တွင်းကလီစာတွေ လို့လည်းခေါ်တာပေါ့။ လူ့ခန္ဓာကိုယ်ဆိုတဲ့ အဖွဲ့အစည်းကြီးရဲ့ ကိုယ်တွင်းအင်္ဂါဌာနက ဝန်ထမ်းတွေလို့ပဲပြောရမလား။ ကျွန်တော်တို့နဲ့ တိုက်ရိုက်အလုပ်လုပ်ရမှာကတော့ ပါးစပ်၊ လျှာ ၊ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ကိုယ်အလေးချိန်ကို ဘယ်လို ထိန်းညှိကြမလဲ။

ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းဖို့က အတော်လေး အရေးပါပါတယ်။ ခန္ဓာကိုယ်အလေးချိန်က ရှိသင့်တာထက် နည်းနေရင်လည်း မကောင်းသလို ရှိသင့်တာထက် များနေတာ၊ အဝလွန်နေတာကလည်း မကောင်းပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုနေတာ၊ နည်းနေတာတွေက ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့  ၃ ချိုး တစ်ချိုးလောက်က ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်နေတာတွေကို ခံစားနေရပါတယ်။ ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းတာက သွေးတွင်းကိုလက်စထရောကို ထိန်းရာရောက်သလို သွေးပေါင်ချိန်၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိရာရောက်ပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းတာက ကိုယ်အ​လေးချိန်ကြောင့် ဖြစ်လာနိုင်တဲ့ ရောဂါတွေ ဖြစ်ကြတဲ့ နှလုံးရောဂါ၊ ဆီးချို၊ အဆစ်ရောင်နာ၊ ကင်ဆာတွေ မဖြစ်စေဖို့ ကာကွယ်တာပါ။ ကိုယ်အလေးချိန်ပေါ် သက်ရောက်နေတဲ့ အချက်တွေက ဘာတွေများလဲ အစားအစားတွေကို အလွန်အကျွံ စားမယ်။ အဆီများတာတွေကို စားမယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူးဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ က အတော်လေး အရေးပါပါတယ်။ လူတွေက အစားအသောက်လို့ ပြောလိုက်ရင် အာဟာရဖြစ်ဖို့ထက် ခံတွင်းတွေ့ဖို့ကို အဓိကထား စားသုံးကြပါတယ်။  တကယ်ကတော့ အစားစားတဲ့အခါ အာဟာရဖြစ်ဖို့ဆိုရင် ခံတွင်းတွေ့ဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့က ပိုအရေးအကြီးပါ။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံ က အရေးပါတယ်လို့ ပြောရတဲ့ အကြောင်းအရင်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံက ခန္ဓာကိုယ်ကို အင်အားဖြစ်စေသလို ကျန်းမာတဲ့ ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးနိုင်တယ်ဆိုတာကို သိသူက ခပ်ရှားရှားပါ။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံက အခုလိုလည်း ကျန်းမာရေးကို ထောက်ပံ့ပေးပါသေးတယ်။ နှလုံးရောဂါ၊ ဆီးချို၊ လေဖြတ်တာ၊ ကင်ဆာ နဲ့ အစာရေမျိုပြဿနာလိုမျိုး ရောဂါတွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

Air fryerတွေက တကယ်ပဲ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား။

သောင်းဂဏန်းလောက်ကနေ စပြီး ဝယ်လို့ရတဲ့အတွက် Air fryerတွေက အိမ်တိုင်းလိုလိုမှာ ရှိနေကြပါတယ်။ တစ်နေ့ တစ်နေ့ Air fryerနဲ့ လုပ်စားတဲ့ အစားအစာတွေကို ပုံတင်ရတာလည်း အမောပေါ့။ အားလုံးသိကြတာကတော့ Air fryerက ဆီမလိုဘူး ဒါမှမဟုတ် ဆီနည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာပါပဲ။ တကယ်ပဲ Air fryerက ကျန်းမာရေးနဲ့ ညီညွတ်တာ ဟုတ်ရဲ့လားဆိုတာ ကြည့်ကြရအောင်။ Air fryerရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ ဆီပမာဏကို လျှော့ချပေးနိုင်တယ်။ ဆီထဲကို နှစ်ပြီး ကြော်တာထက်စာရင် Air fryerက ဆီပမာဏ နည်းနည်းပဲ သုံးရတဲ့အတွက် ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။ တချို့ ကုမ္ပဏီတွေက Air fryerကို သုံးမယ်ဆိုရင် သာမန်ထက် ဆီအသုံးပြုတာကို ၇၅ ရာခိုင်နှုန်းထိ လျှော့ချနိုင်ပါတယ်တဲ့။ ဥပမာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့

ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာက အစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့ လို့ပေါ့။ ဒါပေမယ့် အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွေက အများကြီးပါ။ အစားလျှော့စားတာက ထိရောက်ကောင်းထိရောက်နိုင်ပေမယ့် ရေရှည်အသုံးတည့်တဲ့ နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။ ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့ ဝိတ်ပဲလျှော့ပါ၊ အစားမလျှော့ပါနဲ့ လို့ ပြောရတာက အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ကယ်လိုရီ မှီဝဲမှုကို လျှော့ချဖို့ အစားအသောက်တွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆောင်းတွင်းမှာ အဖျားအနာကင်းအောင် ဖြည့်စွက်သင့်တဲ့ အာဟာရ

ဆောင်းရာသီကို ချဉ်းနင်း ဝင်ရောက်လာပြီ ဖြစ်တာမို့ ရာသီဥတု ကလည်း အပူချိန် သိသိသာသာ လျော့နည်းလို့ လာနေပါပြီ။ အထူးသဖြင့်တော့ မနက်ခင်းပိုင်းတွေမှာ ဆိုရင် ရာသီဥတုက အအေး ပိုပြီး နှင်းမြူတွေ ဆိုင်းလို့ စိုထိုင်းစ မြင့်မား နေတတ်ပါတယ်။ ဒီလို ဆောင်းတွင်းမှာ ဖျားနာမှုတွေက ပိုဖြစ်နိုင်ပါတယ်။ ရာသီဥတုက အပူချိန် ပြောင်းလဲလာပြီမို့ အကူးအပြောင်း ကာလမျိုးမှာ ဖျားတာနာတာတွေ ပိုပြီး ဖြစ်တတ်ပါတယ်။ အထူးသဖြင့် တုပ်ကွေး ကြီးစိုးတဲ့ အချိန်မျိုးပေါ့။ ခုလို COVID-19 ထကြွ သောင်းကျန်းနေချိန်မျိုးမှာ ဘယ်လို ဖျားတာနာတာမျိုးမှ မဖြစ်စေဖို့ အထူး အရေးကြီး လှပါတယ်။ ခုချိန်မှာ ဖျားရင်နာရင် ကုသဖို့ ခက်ခဲတတ်သလို မတော်တဆ COVID-19 ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရသေးတယ်မဟုတ်လား။ အကောင်းဆုံးကတော့ မဖျားမနာအောင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း