ဘယ်လိုစားကြမှာလဲ။
ပုံမှန်စားနေသလိုပဲ ၃နပ် စားလို့ရပါတယ်။ ကယ်လိုရီများပြီး အာဟာရပြည့်တာတွေကို ရွေးစားဖို့တော့ လိုတာပေါ့။ အရင်စားနေကြထက် များကောင်း များလာပါလိမ့်မယ်။ တစ်ထိုင်တည်းနဲ့ အများကြီး မစားနိုင်ရင် ၃နပ်စားမယ့်အစား တစ်နေ့ကို ၆နပ်ကနေ ၈နပ်လောက်ထိ ခွဲစားပါ။ နည်းနည်းနဲ့ ခဏခဏ ခွဲစားပါ။ စားတိုင်းမှာ ကယ်လိုရီပါပြီး အာဟာရပြည့်ပါစေ။
ဘယ်လို planမျိုးကို ရွေးသင့်သလဲ။
ဝိတ်ချသလိုပဲ ဝိတ်တက်ဖို့လည်း diet planတွေ အများကြီး ရှိနိုင်ပါတယ်။ ကိုယ်နဲ့သင့်တော်တာကို ရွေးပြီး စားရမှာပါ။ ရွေးတဲ့အခါ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေကတော့
ကယ်လိုရီများပြီး တခြားလိုအပ်တဲ့ အာဟာရတွေ မပါရင် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ ကယ်လိုရီကိုပိုစားပေမယ့် တခြားတစ်နေ့တာ လိုအပ်တဲ့ အာဟာရတွေလည်း ပြည့်ဝနေရပါမယ်။
အနည်းဆုံးတော့ လနဲ့ချီပြီး စားလို့ရတဲ့ planမျိုး ဖြစ်ရပါမယ်။ ဒီလို ဇွဲကောင်းကောင်းနဲ့ စားနိုင်ဖို့ဆိုရင် planထဲမှာ ကိုယ်ကြိုက်တာလေးလည်း ပါရပါမယ်။ ငွေရေးကြေရေးအရလည်း တတ်နိုင်ပြီး ကိုယ့်အနီးအနားမှာ ဝယ်ရလွယ်တာမျိုး၊ ကိုယ့်ပါးစပ်နဲ့ ကိုက်တာမျိုးတွေ ဖြစ်ရပါမယ်။ မဟုတ်လို့ကတော့ ဘယ်လောက်ပဲ အပျံစား planနဲ့ စားစား ကြာကြာမစားနိုင်ပါဘူး။
Takeaways
ဝိတ်တက်ဖို့ဆိုတာလည်း ဝိတ်ချသလိုပဲ ဇွဲကောင်းကောင်းနဲ့ ကြိုးစားအားထုတ်ရတာပါ။ ရေရှည်တိုက်ပွဲ ဖြစ်တဲ့အတွက် ကြာကြာစားနိုင်တဲ့ planမျိုး ရွေးဖို့လိုပါတယ်။ မရွေးတတ်ရင် အာဟာရဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ့်ကျန်းမာရေး အခြေအနေနဲ့ ကိုက်ညီပြီး ကျန်းကျန်းမာမာဝိတ်တက်စေမယ့် planကို စီစဉ်ပေးပါလိမ့်မယ်။