Dietary Approaches to Stop Hypertensionလို့ ခေါ်တဲ့ DASH Dietဟာ သွေးတိုးသမားတွေ တစ်သက်တာ စားသင့်တဲ့ ပုံစံပဲ ဖြစ်ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သွေးတိုးစေတဲ့ ဆိုဒီယမ်ပါတဲ့ အစားအစာတွေကို လျှော့စားစေပြီး သွေးတိုးကျအောင် ကူညီပေးနိုင်တဲ့ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တွေကို ပိုစားပေးဖို့ပဲ ဖြစ်ပါတယ်။
Standard DASHမှာ ဆိုရင် တစ်နေ့ကို ဆိုဒီယမ် ၂၃၀၀ မီလီဂရမ်ထိ ခွင့်ပြုထားပြီး Low sodium DASHမှာဆိုရင်တော့ တစ်နေ့ကို ၁၅၀၀ပဲ စားလို့ရပါတယ်။ နှစ်ခုလုံးမှာတော့ ကောက်နှံ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ အဆီနည်းတဲ့ နို့ထွက်ပစ္စည်းတွေကို စားဖို့ ခွင့်ပြုထားပါတယ်။ ဒါ့ပြင် အသား၊ ငါး၊ ပဲနဲ့ အစေ့အဆန်တွေကိုလည်း တစ်ပတ်မှာ အကြိမ်အနည်းငယ် စားပေးနိုင်ပါတယ်။
အနီရောင်အသား၊ အချိုနဲ့ အဆီကို အနည်းငယ်ပဲ စားလို့ရပါတယ်။ DASH Dietမှာ ပြည့်ဝဆီတွေ၊ အသွင်ပြောင်းဆီတွေကို ရှောင်ခိုင်းထားပါတယ်။
Celiac diseaseလို့ ခေါ်တဲ့ အူရောဂါဟာ လူ၁၀၀မှာ ၁ယောက်လောက် ဖြစ်တတ်တဲ့ မျိုးဗီဇနဲ့ဆိုင်တဲ့ ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါပါ။ ဒီလူနာတွေဟာ ဂလူတန်ကို ရှောင်စားရပါတယ်။ ဂလူတန်စားမိရင် ခုခံအားက မှားပြီးတိုက်ခိုကတာကြောင့် အူသိမ်တွေ ပျက်စီးတတ်ပါတယ်။ ဒါကြောင့် ဂလူတန်ကြွယ်ဝတဲ့ ဂျုံတွေ၊ ဘာလီတွေကို ရှောင်ထားတဲ့ diet planကို စားရပါတယ်။
မြန်မာလိုတော့ သက်သတ်လွတ်စားတယ်ဆို အသားရှောင် အရွက်စားပေါ့။ တကယ်က သက်သတ်လွတ်မှာလည်း အမျိုးမျိုးရှိပါတယ်။
-အသီးအရွက်၊ နို့နဲ့ ဥပါစားရင် vegetarian
တစ်ခါ အသီးအရွက်နဲ့ နို့ပဲစားပြီး ဥမစားရင် ovo vegetarians၊ အသီးအရွက်နဲ့ ဥပဲစားပြီး နို့ထွက်ပစ္စည်းတွေ ရှောင်ရင် lacto-vegetarians
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။