ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ.........

သွေးတွေ လည်ပတ်စီးဆင်းနေဖို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးမပျစ်စေဖို့ အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ သွေးလည်ပတ်မှု ကောင်းတာက နှလုံး ကျန်းမာစေဖို့ ကာကွယ်ရာ ရောက်ပါတယ်။ သွေးက တအားကျဲနေရင်လည်း သွေးမတိတ်တာ သွေးထွက်လွန်တာမျိုး ဖြစ်နိုင်ပေမယ့် သွေးခဲသွေးပျစ်တာကလည်း ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့အတွက် သွေးမပျစ်အောင် ဘယ်လို စားသုံးရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ သွေးမပျစ်စေဖို့ ဘာတွေ စားရမလဲ......... သွေးပျစ်တာကြောင့် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ဆိုရင် ဒါလေးတွေ စားသုံးပေးဖို့ လိုပါမယ်။ ချင်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေညှိညို စားရင်းရမယ့် ကျန်းမာရေး

ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူ ပြုပေးနိုင်ပါတယ်။ ရေညှိညိုက ကျန်းမာရေးအတွက် ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ကြည့်လိုက်ရအောင်နော်။ ရေညှိညိုကပေးတဲ့ အာဟာရ ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။ ဗီတာမင် K ဗီတာမင် A ဗီတာမင် B12 ကယ်လ်ဆီယမ် သံဓာတ် မဂ္ဂနီဆီယမ် တို့ပါဝင်ပါတယ်။ ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေး ပါသေးတယ်။ တစ်ချိန်တည်းမှာ နှလုံး၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလို့ ခေါ်ကြတဲ့ ပဲအဝိုင်းကြီးကြီးက စားလို့ကောင်းသလို အာဟာရလည်း ကြွယ်ဝပါတယ်။ တောင်ကြီးပဲလှော် ကြွပ်ကြွပ်လေးကို ကြက်သွန်ဖြူနဲ့ တွဲစားတာက တော်တော်လေး စားကောင်းတာပါ။ ဒီလို စားလို့ကောင်းတဲ့ တောင်ကြီးပဲလှော်မှာ ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တဲ့ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ L-dopaက စိတ်ဓာတ် မကျအောင် ကာကွယ်ပေးသလို ပါကင်ဆန် နဲ့ အခြား စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။ တောင်ကြီးပဲလှော်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။ တောင်ကြီးပဲလှော် မှာပါတဲ့ အာဟာရ အစ္စရေး မျိုးရင်ပင် တစ်မျိုးဖြစ်တဲ့ တောင်ကြီးပဲလှော်က ချိုချိုဆိမ့်ဆိမ့်လေးပါ။ အာဟာရ ပြည့်ဝသလို စားရတာလည်း အတော်လေး အရသာရှိပါတယ်။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

G6PD ရှိရင် ဘာတွေရှောင်ရမလဲ........

G6PD အင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာက မျိုးဗီဇဆိုင်ရာ ရောဂါတစ်မျိုးပါ။ အာရှ၊ အာဖရိက နဲ့ မြေထဲပင်လယ်ဒေသတွေက အမျိုးသားတွေမှာ အဖြစ်များပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်က  သွေးနီဥဆဲလ်တွေကို ကျန်းမာစေဖို့ ထောက်ပံ့ပေးတဲ့ glucose-6-phosphate dehydrogenase (G6PD)အင်ဇိုင်းကို လုံလောက်အောင် မထုတ်လုပ်နိုင်တာပါ။ G6PDအင်ဇိုင်း ချို့တဲ့တဲ့ ပြဿနာကို ခံစားနေရသူ အများစုက ကျန်းမာကြပါတယ်။ တစ်ခါတရံမှ ဖျားနာတာ၊ ဆေးဝါးအချို့နဲ့ အစားအသောက်အချို့ကြောင့် သွေးနီဥဆဲလ်တွေ ပြိုကွဲပြီး သွေးအားနည်းတာကို ခံစားရတာပါ။ ဒီအခြေအနေကို သွေးနီဥဆဲလ်များ အလျင်အမြန် ပြိုကွဲခြင်းကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ တစ်မျိုး haemolytic anaemia လို့ ခေါ်ပါတယ်။ ဒီတစ်ခေါက်တော့ G6PDခံစားနေရသူတွေအနေနဲ့ ဘယ်လိုအစားအစာတွေကို မစားသင့်ဘူးလဲ၊ ဘာတွေနဲ့ ခပ်ဝေးဝေးနေဖို့ လိုမလဲဆိုတာကို ပြောပြပေးလိုပါတယ်။ G6PD ရှိရင် ဘာတွေရှောင်ရမလဲ........ G6PDအင်ဇိုင်း ချို့တဲ့တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား.......

အာရှ မျိုးရင်း အပင် တစ်မျိုးဖြစ်တဲ့ စောင်းလျားသီး ဟာ အရွယ်အားဖြင့် ၅ စင်တီမီတာကနေ ၁၈ စင်တီမီတာထိ ရှိပါတယ်။ စောင်းလျားသီးကို အကွင်းလိုက်လေးတွေ လှီးလိုက်မယ်ဆိုရင် အချွန်း (၅) ခုပါတဲ့ ကြယ်လေးလို ဖြစ်သွားပါတယ်။ စောင်းလျားသီးက မမှည့်သေးခင်မှာ အစိမ်းရောင်ရှိပြီး ခပ်တင်းတင်းနဲ့ ချဉ်ဖန်ဖန် အရသာရှိပါတယ်။ မှည့်သွားပြီဆိုရင်တော့ အဝါရောင်သန်းပြီး အရည်ရွှမ်းလာပါတယ်။ စောင်းလျားသီးရဲ့ အရသာက ချဉ်တာရှိသလို ချိုတာလည်း ရှိပါတယ်။ ဒါဆို စားကောင်းတဲ့ စောင်းလျားသီးက ကျန်းမာရေးအတွက် ဘယ်လိုတွေ အထောက်အကူပြုလဲဆိုတာကို ဆောင်းပါးလေးထဲ အတူတူ ဖတ်ကြည့်လိုက်ရအောင်နော်။ စောင်းလျားသီး (Star Fruit) က ကျန်းမာရေးအတွက် ကောင်းသလား....... စောင်းလျားသီးက ကျန်းမာရေးအတွက် ကောင်းသလားဆိုတော့ ကောင်းပါတယ်။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတော့ စောင်းလျားသီးက ဗီတာမင် C ကြွယ်ဝတယ် စောင်းလျားသီးမှာ ကိုယ်ခံအားကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပီလောပီနံ ကပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

ပီလောပီနံ က ပေါင်းစားလို့ကောင်းသလို ပြုတ်စားလည်း အရသာရှိပါတယ်။ ပီလောပီနံပြန်ပေါင်းဆိုရင်လည်း ဆိမ့်ဆိမ့် စေးစေးလေးနဲ့ စားလို့ ကောင်းပါတယ်။ ဒီလို စားကောင်းတဲ့ ပီလောပီနံက ဘယ်လို ကျန်းမာရေး အာနိသင်တွေ ရှိလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပီလောပီနံ ဆိုတာ ပီလောပီနံ ဆိုတာ ကန်စွန်းဥ၊ အာလူးတို့လိုပါပဲ။  အညိုရောင် ရင့်ရင့် အခွံရှိပြီး အဖြူရောင် အတွင်းသားက ခပ်စေးစေးနဲ့ စားလိုက်ရင် ဆိမ့်ပါတယ်။ တောင်အမေရိက နဲ့ အရှေ့မြောက်ဘရာဇီး မျိုးရင်းပင်တစ်မျိုးပါ။ အာရှဒေသ အများစုမှာလည်း ပေါက်ရောက်ပါတယ်။ ပီလောပီနံမှာ ဘာတွေပါ ပီလောပီနံမှာ ပြည့်ဝဆီ ပါဝင်မှု နည်းသလို ကိုလက်စထရော နဲ့ ဆိုဒီယမ် ပါဝင်မှုလည်း နည်းပါတယ်။ အမျှင်ဓာတ် နဲ့ ကာဗိုဟိုက်ဒရိတ် ကြွယ်ဝစွာ ပါဝင်နေသလို အကျိုးပြု ကိုလက်စထရောနဲ့ ပရိုတင်းတို့လည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘီးစပ်ရွက် က အခုလို ဆေးဖက်ဝင်ပါတယ်။

ဘီးစပ်ပင် ဆိုတဲ့ အပင်နာမည်ကို မရင်းနှီးတဲ့သူတွေ ရှိနိုင်ပေမယ့် အတော်များများကတော့ ရင်းနှီးနေပြီးသားတောင် ဖြစ်နိုင်ပါတယ်။ အရင်က မရင်းနှီးခဲ့ရင်တောင် အခုတလောတော့ ဘီးစပ်ရွက် က ကိုဗစ်ကို သက်သာစေတယ်ဆိုပြီး နာမည်ကြီးလာတာကြောင့် ကြားဖူးနားဝတော့ ရှိနေနိုင်ပါတယ်။ ဘီးစပ်ရွက်က ဆေးဖက်ဝင်တယ် ဆိုပေမယ့် ကိုဗစ်ကိုတော့ မသက်သာစေနိုင်သလို ကာလည်း မကာကွယ်နိုင်ပါဘူး။ ဘီးစပ်ရွက်က ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘီးစပ်ရွက် ဆိုတာ ဘီးစပ်ရွက်ဆိုတာက အပင်ငယ် တစ်မျိုးပါ။ မြင်နေကျ အခြားအပင်တွေနဲ့ မတူပါဘူး။ အရွက်လေးက ဘဲဥပုံလေး ရှိပြီး အရွက်လေးတွေမှာ မွှေးညှင်းပါးပါးလေးတွေ ပါပါတယ်။ အနားဘေးဘက်လေးတွေမှာ အချွန်းလေးတွေပါနေတတ်ပါတယ်။ နှစ်စဉ် နွေရာသီမှာ အပွင့်လေးတွေ ပွင့်တတ်ပါတယ်။ ပင်လယ်ရေ မျက်နှာပြင် အထက် ၁၀၀၀ ကနေ ၂၈၀၀ လောက်မှာ ပေါက်ရောက်တတ်ပါတယ်။ နေရောင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

သာကူ စားတာ ကျန်းမာစေသလား.........

ထန်းလျက် အညိုလေး၊ ကန်စွန်းဥတို့နဲ့ ကျိုထားတဲ့ သာကူလေးကို အုန်းနို့လေး ဆမ်းပြီး စားလိုက်ရတဲ့ ခပ်ဆိမ့်ဆိမ့် အရသာလေးက ထိထိမိမိ ရှိလှပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ နွားနို့၊ နို့စိမ်း၊ ပြောင်းဖူးစေ့ ဝါဝါလေးထည့်ပြီး ချိုဆိမ့်လေး ကျိုထားတဲ့ သာကူ ကလည်း အရသာ တစ်မျိုးနဲ့ စားကောင်းပါတယ်။ နောက်ထပ် စားနည်း တစ်မျိုးကတော့ သာကူပြင်ပါ။ အုန်းနို့ပြင် တစ်ထပ်၊ သာကူပြင် တစ်ထပ်နဲ့ ဆိမ့်ဆိမ့်မွှေးမွှေး သာကူပြင်ကို အုန်းဆီချက်လေးနဲ့ တွဲဖက်ပြီး ကော်ဖီပူလေး တစ်ခွက်နဲ့ စားရတဲ့ အရသာကလည်း ဘာနဲ့မှ မလဲနိုင်အောင် ကောင်းလှပါတယ်။ ဒါဆို သာကူက စားကောင်းရုံပဲလားဆိုတော့ မဟုတ်ပါဘူးနော်။ သာကူက အခုလိုလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးပါတယ်။ သာကူ စားတာ ကျန်းမာစေသလား......... ဒီမေးခွန်းကို ဖြေပေးရမယ်ဆိုရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဇင့်ဓာတ် ပြည့်ဝစေဖို့ ဘာတွေစားကြမလဲ............

ဇင့်ဓာတ် ဆိုတာ ကျန်းမာစေဖို့ မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ်ပါ။ ဇင့်က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ငန်းစဉ်တွေအတွက် အဓိက ဇာတ်လိုက် တစ်ဦးပေါ့။ အာဟာရဓာတ်တွေကို စုပ်ယူနိုင်စေဖို့ စွမ်းဆောင်ပေးသလို ကိုယ်ခံအားစနစ် ကောင်းမွန်စေပြီး ခန္ဓာကိုယ်က တစ်သျှူးတွေ ဖြစ်ပေါ်စေဖို့နဲ့ ကြီးထွားစေဖို့ ထောက်ပံ့ပေးပါတယ်။ ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။ တစ်နေ့တာ ဇင့်ဓာတ် လိုအပ်ချက် ပမာဏ အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ

အရက်ကို သောက်တာ မကောင်းဘူး ကျန်းမာရေးထိခိုက်တယ်လို့ ဘယ်လောက်ပြောပြော ကြိုက်နှစ်သက်သူပမာဏကတော့ လျော့ကျမသွားပါဘူး။ သောက်သုံးနေကြဆဲပါ။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အရက်သောက်သုံးနေကြပေမယ့် တချို့သော အခိုက်အတန့်တွေမှာတော့ အရက်ကို လုံးဝရှောင်ကျဉ် ဖို့ လိုအပ်တာကို သိထားသင့်ပါတယ်။ ဒီကနေ့ခေတ်မှာ အရက်သေစာ မှီဝဲတာဟာ တားမြစ်ရခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျော်လို့၊ စိတ်ညစ်လို့၊ လူမှုရေးကြောင့်၊ အလုပ်ကိစ္စကြောင့် စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ လူတွေက အရက်သောက်သုံးနေကြတာပါ။ အရက်သောက်သုံးမှုကြောင့် တစ်နှစ်ကိုလူ ၃ သန်းလောက် သေဆုံးနေပေမယ့် အရက်သေစာမှီဝဲမှုကတော့ လျော့ကျမသွားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အရက်သေစာသောက်သုံးမှုကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို လျှော့ချဖို့အတွက် တချို့သောအခိုက်အတန့်တွေမှာ အရက်သောက်သုံးမှုကို ရှောင်ကျဉ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။ ဘယ်လို အခြေအနေတွေမှာ အရက် သောက်သုံးမှုကို ရှောင်ကျဉ်ရမလဲ။   အောက်ပါ အခြေအနေတွေမှာ အရက်ကို လုံးဝရှောင်ကျဉ် ပါ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း