ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။
ထွက်မှာ သေချာပြီလား။
ရေညှိ ဟင်းချို ချက်သောက်လို့ရသလို ခေါက်ဆွဲပြုတ်ထဲ ထည့်စားကြတဲ့ ရေညှိညို က ပင်လယ်ရေညှိ အမျိုးအစား တစ်မျိုးပါပဲ။ ပင်လယ်ငါးတွေရဲ့ အဓိက စားစရာတစ်မျိုးပေါ့။ အာဟာရဓာတ်တွေ ကြွယ်ဝသလို ကျန်းမာရေးအတွက်လည်း တော်တော်လေး အထောက်အကူပြုပေးနိုင်ပါတယ်။
ရေညှိညိုက စားလိုက်ရင် အိအိလေးနဲ့ စားကောင်းသလို အခုလို အာဟာရဓာတ်တွေလည်း ပါဝင်နေပါတယ်။
ရေညှိညိုက သွေးမခဲအောင် ကာကွယ်ပေးသလို အရိုးတွေ သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အမြင်အာရုံကို အားဖြည့်ပေးသလို ကိုယ်ခံအား ကောင်းစေဖို့လည်း ထောက်ကူပေးပါသေးတယ်။ တစ်ချိန်တည်းမှာ နှလုံး၊ အဆုတ်၊ ကျောက်ကပ် အပါအဝင် ကိုယ်တွင်း အင်္ဂါတွေ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။
ရေညှိညို စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။
ရေညှိညိုမှာ အိုင်အိုဒင်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် သိုင်းရွိုက် ဟော်မုန်း ထွက်ရှိအောင် လှုံ့ဆော်ပေးပြီး သိုင်းရွိုက်ဂလင်း ရောင်တာ၊ လည်ပင်ကြီးတာတွေ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း ကောင်းမွန်စေပါတယ်။
ရေညှိညိုမှာ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အရိုးတွေကို သန်မာစေဖို့ အားဖြည့်ပေးပါတယ်။ အထူးသဖြင့် ကယ်လ်ဆီယမ် ပါဝင်နေမှုက အရိုးတွေကို ကြံ့ခိုင်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်မှာပါ။ သွေးစီးဆင်းမှု ကောင်းစေသလို ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။
ရေညှိညိုမှာ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူနံရံတွေကို ကျန်းမာစေပြီး အစာခြေစနစ်ကို အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဝမ်းမှန်စေပြီး အူမကြီးကိုလည်း သန့်စင်စေပါတယ်။
ရေညှိညိုမှာ အမျှင်ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အဆာခံနိုင်စေပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် ကျစေဖို့ ထောက်ကူပေးပါတယ်။ အဆီကိုလည်း ကျစေနိုင်ပါတယ်။
ရေညှိညိုရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်တစ်ခုကတော့ အသက်ရှည်စေတာပါ။ ရေညှိ ကို အများအပြား စားသုံးတဲ့ ဂျပန်လူမျိုးတွေက အသက်ရှည်ကြပါတယ်။ ဒါကြောင့် ကျန်းမာပြီး အသက်ရှည်ချင်တယ်ဆိုရင်တော့ ရေညှိညိုကို စားသုံးပေးသင့်ပါတယ်။
အရသာ ရှိတဲ့ ရေညှိညို လေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူး များပါတယ်။ ဒါကြောင့် ရေညှိ ကြိုက်တယ်ဆိုရင် စားရင်း အခုလို ကျန်းမာရေး အကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Kelp: The Oceanic Plant With Skin, Health & Thyroid Benefits* https://www.mindbodygreen.com/articles/kelp-the-health-benefits-and-supplements Accessed Date 27 August 2021
6 Major Health Benefits of Sea Kelp https://drjockers.com/6-major-health-benefits-sea-kelp/ Accessed Date 27 August 2021
7 Health Benefits of Kelp (Seaweed) + Side Effects https://selfhacked.com/blog/kelp/ Accessed Date 27 August 2021