home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလို့ ခေါ်ကြတဲ့ ပဲအဝိုင်းကြီးကြီးက စားလို့ကောင်းသလို အာဟာရလည်း ကြွယ်ဝပါတယ်။ တောင်ကြီးပဲလှော် ကြွပ်ကြွပ်လေးကို ကြက်သွန်ဖြူနဲ့ တွဲစားတာက တော်တော်လေး စားကောင်းတာပါ။ ဒီလို စားလို့ကောင်းတဲ့ တောင်ကြီးပဲလှော်မှာ ကိုယ်ဝန်ဆောင်မေမေတွေကို ကျန်းမာစေနိုင်တဲ့ ဖောလိတ် ကြွယ်ဝစွာ ပါဝင်နေပါတယ်။

တောင်ကြီးပဲလှော်မှာပါတဲ့ L-dopaက စိတ်ဓာတ် မကျအောင် ကာကွယ်ပေးသလို ပါကင်ဆန် နဲ့ အခြား စိတ်ကျန်းမာရေး ပြဿနာတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ တောင်ကြီးပဲလှော်မှာပါတဲ့ အမျှင်ဓာတ်က အစာခြေစနစ်ကို ကျန်းမာစေနိုင်သလို ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ဝိတ်ကျစေဖို့ ထောက်ကူပေးပါတယ်။

တောင်ကြီးပဲလှော်က ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးလဲဆိုတာကို ဖတ်ကြည့်လိုက်ရအောင်နော်။

တောင်ကြီးပဲလှော် မှာပါတဲ့ အာဟာရ

အစ္စရေး မျိုးရင်ပင် တစ်မျိုးဖြစ်တဲ့ တောင်ကြီးပဲလှော်က ချိုချိုဆိမ့်ဆိမ့်လေးပါ။ အာဟာရ ပြည့်ဝသလို စားရတာလည်း အတော်လေး အရသာရှိပါတယ်။ တောင်းကြီးပဲလှော် မှာ ပြည့်ဝဆီ နဲ့ ကိုလက်စထရော လုံးဝ မပါဝင်ပါဘူး။ ဒါပေမယ့်

  • သီရာမင်း
  • ဗီတာမင် K
  • ဗီတာမင် B6
  • ကော့ပါး
  • ဆီလီနီယမ်
  • ဇင့်
  • ပိုတက်ဆီယမ်
  • မဂ္ဂနီဆီယမ်
  • အပင်ကရတဲ့ ပရိုတင်းတို့ ပါဝင်ပါတယ်။

တောင်ကြီးပဲလှော်စားရင်း ရမယ့် ကျန်းမာရေး ကောင်းကျိုးများ

တောင်ကြီးပဲလှော် စားတာကနေ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိစေနိုင်ပါတယ်။

ပါကင်ဆန် မဖြစ်စေဖို့ ကာကွယ်ပေးတယ်

တောင်ကြီးပဲလှော်မှာ လှုပ်ရှားတဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကို အားဖြည့်ပေးတဲ့ L-dopa ပါဝင်တာကြောင့် အာရုံကြောတွေကို အားဖြည့်ပေးပြီး ဖောလိတ်လည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ပါကင်ဆန် မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ လေ့လာမှုတွေအရ စိတ်ဓာတ်မကျစေဖို့လည်း ကာကွယ်ပေးပါတယ်။ စိတ်ခံစားမှု ကောင်းစေဖို့ အထိရောက်ဆုံး ထောက်ကူပေးနိုင်ပါတယ်။

မွေးရာပါ ချို့ယွင်းချက် မပါစေဖို့ ကာကွယ်ပေးပါတယ်

ဖောလိတ် ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စားသုံးပေးတာက မွေးရာပါချို့ယွင်းချက် မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ တောင်ကြီးပဲမှာပါတဲ့ ဖောလိတ်က ကိုယ်ဝန်မပျက်ကျစေဖို့ ထောက်ကူပေးသလို လမစေ့ဘဲ မွေးဖွားတာ၊ ပေါင်မပြည့်ဘဲ မွေးဖွားတာမျိုး မဖြစ်စေဖို့ ထောက်ကူပေးပါတယ်။ အလွန်အကျွံ မစားမိဖို့တော့ လိုပါမယ်။ တောင်ကြီးပဲက G6PD သမားတွေနဲ့ မတည့်တာကြောင့် သတိထားဖို့ လိုသလို ဖောလိတ် အဆမတန် များတာမျိုး မဖြစ်စေဖို့လည်း ဆရာဝန်နဲ့ သေချာ တိုင်ပင်စေချင်ပါတယ်။

နှလုံး ကျန်းမာစေနိုင်တယ်

တောင်ကြီးပဲ မှာ မဂ္ဂနီဆီယမ် ပါဝင်နေတာကြောင့် နှလုံးကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါ မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ် ပါဝင်နေတာကြောင့် အကျိုးမပြုတဲ့ ကိုလက်စထရော ပမာဏကို ကျဆင်းစေနိုင်ပါတယ်။

အင်အား ပြည့်ဝစေတယ်

ဗီတာမင် B ပါဝင်နေမှုက ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကို အင်အား ပြည့်ဝစေနိုင်ပါတယ်။ သံဓာတ် ပါဝင်မှုက သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်မှာ အင်အားပြည့်ဝစေပါတယ်။ အမျှင်ဓာတ်က အဆာခံနိုင်စေပြီး သွေးတွင်း သကြားဓာတ်ကို ဖြည်းဖြည်းချင်း မြင့်တက်စေဖို့ အားဖြည့်ပေးပါတယ်။

အရိုးမပွအောင် ကာကွယ်ပေးတယ်

တောင်ကြီးပဲ မှာ မဂ္ဂနိစ်ပါဝင်နေတာက အရိုးထုထည်ကို ကောင်းစေပြီး အရိုးမပွအောင် ကာကွယ်ပေးပါတယ်။ ကယ်လ်ဆီယမ် လျော့ကျမှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အဆစ်နာတာတွေ မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအား မြှင့်တင်ပေးပါတယ်

တောင်ကြီးပဲ မှာ ကော့ပါးပါတာကြောင့် သွေးဖြူဥဆဲလ်တွေကို ကျန်းမာစေပါတယ်။ အဆိုပါ သွေးဆဲလ်တွေက pathogensတွေကို ဖျက်ဆီးပေးသလို စနစ်ထဲက ဓာတ်တိုးပစ္စည်းတွေကိုလည်း ဖယ်ရှားပေးပါတယ်။

ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်တွေ ကျန်းမာစေဖို့ အားဖြည့်ပေးပြီး ဖျားနာမှု ကင်းအောင် ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကို အားပြည့်စေပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

The 6 Powerful Benefits Of Fava Beans + An Incredible Recipe https://www.stylecraze.com/articles/health-benefits-and-nutritional-value-of-fava-beans/ Accessed Date 26 August 2021

What Are the Benefits of Fava Beans? https://healthfully.com/what-are-the-benefits-of-fava-beans-5763938.html Accessed Date 26 August 2021

စာရေးသူ ဓာတ်ပုံbadge
Aye Thi Mon မှ ရေးသားသည်။ 02/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။