ဆံပင် အရောင်ဆိုးဖို့နဲ့ လက်မှာ အလှဖော်ဖို့အတွက် ပုံဖော်တဲ့အခါ အသုံးပြုကြတဲ့ ဒန်းကလည်း G6PD ခံစားနေရသူတွေ ရှောင်သင့်တဲ့ အရာတစ်မျိုးပါ။ ဒန်းက G6PDခံစားနေရသူတွေမှာ hemolytic crises (သွေးနီဥဆဲလ်တွေ အချိန်တိုအတွင်းမှာ အလျင်အမြန် ပျက်စီးခြင်း)ကို ဖြစ်စေနိုင်ပါတယ်။ မွေးကင်းစ ဘေဘီးလေးတွေနဲ့ အသက် ၂ နှစ်အောက် ကလေးလေးတွေဆို ပိုပြီးသတိထားသင့်ပါတယ်။
နာကျင်ကိုက်ခဲတာတွေ နဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်တဲ့ Aspirin ကလည်း G6PDရှိသူတွေ ရှောင်ရမယ့် ဆေးဝါး တစ်မျိုးပါ။ တကယ်လို့ G6PD ခံစားနေရမယ်ဆိုရင်တော့ Aspirin က အကိုက်အခဲ သက်သာစေဖို့နဲ့ အရောင်ကျစေဖို့ နည်းလမ်းကောင်းတစ်ရပ် မဟုတ်ပါဘူး။ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ အကိုက်အခဲပျောက်ဆေးကို သောက်ပါ။
သွေးကျဲဆေးအနေနဲ့ သောက်ရမယ်ဆိုရင်လည်း ဆရာဝန်နဲ့ ကြိုတိုင်ပင်ဖို့၊ G6PDရှိကြောင်း ပြောဖို့ လိုပါတယ်။
G6PDရှိမယ်ဆိုရင် ပရုတ်အေးပါတဲ့ အရာတွေ၊ တွေကို ရှောင်ဖို့ လိုပါမယ်။ ပရုတ်လုံးပါတဲ့ naphthaleneက G6PDချို့တဲ့သူတွေမှာ သွေးနီဥဆဲလ်တွေကို ကွဲစေပါတယ်။ ပရုတ်လုံးနံ့ကို ရှူမိတာ ဖြစ်ဖြစ်၊ ပါးစပ်ထဲရောက်သွားတာ ဖြစ်ဖြစ် သတိထားရပါမယ်။ G6PDချို့တဲ့ပြီး မွေးလာတဲ့ ကလေးတွေမှာ အနှီးတွေ၊ အင်္ကျီတွေကို ပရုတ်လုံး မထည့်ဖို့ လိုပါတယ်။
- အကိုက်အခဲ ပျောက်ဆေးတွေ
- ပိုးသတ်ဆေးတွေ ဖြစ်ကြတဲ့
- (Nitrofurantoin
- Nalidixic acid
- Sulfamethoxazole)
- တချို့ ငှက်ဖျားဆေးတွေ
- ကင်ဆာဆေး တချို့တွေပါ။
ဒါတွေအပြင် ဆိုးဆေးတွေ၊ တာရှည်ခံ ဓာတုပစ္စည်းတွေ ထည့်သွင်းထုတ်လုပ်ထားတဲ့ အရာတွေကိုလည်း သတိထားဖို့ လိုပါမယ်။ အခုပြောခဲ့တာလေးတွေကို နေ့စဉ်ဘဝမှာ သေချာလေး ရှောင်ကြဉ်မယ်ဆိုရင် G6PDရှိပေမယ့်လည်း အဆင်ပြေပြေ နေနိုင်မှာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။