သွေးတွေ လည်ပတ်စီးဆင်းနေဖို့က ခန္ဓာကိုယ်အတွက် အရေးပါတဲ့ လုပ်ဆောင်မှုတွေထဲက တစ်ခုပါ။ သွေးက ပုံမှန်အတိုင်း လည်ပတ်စီးဆင်းတာမျိုး မရှိဘဲ သွေးပျစ်မယ် ဆိုရင် လေဖြန်းတာ၊ လေဖြတ်တာနဲ့ ရုတ်တရက် နှလုံးရပ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွေးမပျစ်စေဖို့ အတွက် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။