backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အရက်ကို တစ်စက်မှ သောက်လို့မဖြစ်တဲ့ အခိုက်အတန့်များ 

အရက်ကို သောက်တာ မကောင်းဘူး ကျန်းမာရေးထိခိုက်တယ်လို့ ဘယ်လောက်ပြောပြော ကြိုက်နှစ်သက်သူပမာဏကတော့ လျော့ကျမသွားပါဘူး။ သောက်သုံးနေကြဆဲပါ။ အကြောင်းပြချက်အမျိုးမျိုးကြောင့် အရက်သောက်သုံးနေကြပေမယ့် တချို့သော အခိုက်အတန့်တွေမှာတော့ အရက်ကို လုံးဝရှောင်ကျဉ် ဖို့ လိုအပ်တာကို သိထားသင့်ပါတယ်။

ဒီကနေ့ခေတ်မှာ အရက်သေစာ မှီဝဲတာဟာ တားမြစ်ရခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ ပျော်လို့၊ စိတ်ညစ်လို့၊ လူမှုရေးကြောင့်၊ အလုပ်ကိစ္စကြောင့် စသဖြင့် အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ လူတွေက အရက်သောက်သုံးနေကြတာပါ။

အရက်သောက်သုံးမှုကြောင့် တစ်နှစ်ကိုလူ ၃ သန်းလောက် သေဆုံးနေပေမယ့် အရက်သေစာမှီဝဲမှုကတော့ လျော့ကျမသွားပါဘူး။ ဒီလိုအခြေအနေမျိုးမှာ အရက်သေစာသောက်သုံးမှုကြောင့် ထိခိုက်လာနိုင်တဲ့ အခြေအနေကို လျှော့ချဖို့အတွက် တချို့သောအခိုက်အတန့်တွေမှာ အရက်သောက်သုံးမှုကို ရှောင်ကျဉ်ဖို့ လိုအပ်တယ်လို့ ပညာရှင်တွေက သတိပေးလာကြပါတယ်။

ဘယ်လို အခြေအနေတွေမှာ အရက် သောက်သုံးမှုကို ရှောင်ကျဉ်ရမလဲ။

အောက်ပါ အခြေအနေတွေမှာ အရက်ကို လုံးဝရှောင်ကျဉ် ပါ

  • ဆေးဝါးတစ်မျိုးမျိုး စွဲသောက်နေရချိန်

ကျန်းမာရေးအကြောင်းပြချက် တစ်ခုခုကြောင့် ဆေးဝါးမှီဝဲနေရသူတွေ အနေနဲ့ အရက်ကို လုံးဝရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။ တချို့သော ဆေးဝါးတွေဟာ အယ်လ်ကိုဟောနဲ့ ပေါင်းစပ်မိတဲ့အခါမှာ ဓာတ်မတည့်တာတွေ၊ အာရုံကြောစနစ်ထိခိုက်တာနဲ့ စိတ်ဖိစီးမှုများတာလိုမျိုး ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအနေနဲ့ အရက်မသောက်ဖို့ လိုအပ်ပါတယ်။ အရက်သောက်သုံးမှုကြောင့် ရင်သွေးကိုထိခိုက်စေနိုင်သလို မျိုးပွားမှုနဲ့သက်ဆိုင်တဲ့ လုပ်ဆောင်ရည်တွေကိုလည်း ကျဆင်းသွားစေနိုင်တာကြောင့်ဖြစ်ပါတယ်။ အယ်လ်ကိုဟောဟာ အမျိုးသမီးတွေကိုသာမက အမျိုးသားတွေရဲ့ မျိုးပွားနိုင်စွမ်းကိုလည်း ကျဆင်းစေပါတယ်။

  • လေယာဉ်စီးနေချိန်

လေယာဉ်စီးနင်းနေချိန် အရက်သေစာသောက်စားမှုကလည်း ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုနောက်ပိုင်း လေကြောင်းလိုင်းတွေမှာ အရက်ပြင်းတချို့နဲ့ ဝိုင်တွေကို ဝန်ဆောင်မှုအဖြစ် ထည့်သွင်းပေးလာကြပေမယ့် ကျန်းမာရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်တော့ အလွန်မြင့်မားတဲ့ အမြင့်ပေမျိုးမှာ အရက်သေစာမှီဝဲတာဟာ ခန္ဓာကိုယ်ကို အလွန်ထိခိုက်စေနိုင်တဲ့အခြေအနေပါ။ အထူးသဖြင့် အပြင်းအထန် ရေဓာတ်ဆုံးရှုံးမှုနဲ့ ပြင်းထန်အရက်နာကျတာတွေ ဖြစ်စေနိုင်ပါတယ်။

အရက်သောက်ရင် မူးပြီး အိပ်ပျော်တယ်ဆိုတဲ့ ယုံတမ်းအမှားကြီးဟာ အရက်ကို အိပ်ရာဝင်ခါနီးမှာ သောက်သုံးဖြစ်အောင် တွန်းအားပေးနေတာပါ။ တကယ်တော့ အရက်သောက်ပြီး အိပ်ပျော်သွားတာဟာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တာမဟုတ်သလို ကျန်းမာရေးကိုလည်း အထောက်အကူမပြုပါဘူး။ တကယ်တမ်းမှာ အယ်လ်ကိုဟောက အိပ်စက်ခြင်းကို ထိခိုက်စေတဲ့ ဓာတ်တစ်မျိုးသာဖြစ်ပါတယ်။

  • ယာဉ်မောင်းနှင်နေချိန်

မော်တော်ယာဉ်မောင်းနှင်နေချိန် ဒါမှမဟုတ် မမောင်းနှင်မီမှာ အရက်သေစာ သောက်စားတာမျိုး လုံးဝမပြုလုပ်သင့်ပါဘူး။ ဒီအချက်ဟာ သင့်ကို အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့အထိ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မော်တော်ယာဉ်မတော်တဆမှုကြောင့် သေဆုံးသူတွေရဲ့ ၂၈% က အရက်သောက်ထားကြသူတွေမို့ပါ။

  • ပဋိဇီဝဆေးတွေ မှီဝဲနေရချိန်

Antibiotics တွေဟာ အယ်လ်ကိုဟော နဲ့ ရောနှောသွားလို့ မဖြစ်တဲ့ ဆေးဝါးအမျိုးအစားတွေဖြစ်ပါတယ်။ အခြေအနေတစ်ခုခုကြောင့် ပဋိဇီဝဆေးတွေ မှီဝဲနေရတယ်ဆိုရင် အရက်ကို မဖြစ်မနေ ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။

စိတ်ဖိစီးတာ၊ စိတ်ဓတ်ကျတာ၊ စိတ်ပင်ပန်းတာ၊ ပူပင်သောကများတာတွေ ခံစားနေရတယ်ဆိုရင် အရက်နဲ့ဖြေဖျောက်ဖို့ မစဉ်းစားပါနဲ့။ အရက်က သင့်ရဲ့ ပူပင်သောကတွေကို ပိုဆိုးသွားစေ၊ ဆုံးဖြတ်ချက်မှားတွေကို ပိုလုပ်မိစေပါလိမ့်မယ်။ ဒါ့အပြင် အရက်ဟာ စိတ်ကျန်းမာရေးပြဿနာတွေကို ပိုဆိုးရွားစေတဲ့ အရာတစ်ခုဆိုတာကိုလည်း သိထားဖို့ လိုပါတယ်။

  • နေပူထဲသွားပြီးချိန်

ပြင်းထန်တဲ့နေပူထဲ အချိန်အကြာကြီး အလုပ်လုပ်ပြီးချိန် ဒါမှမဟုတ် နေပူပူမှာ လူစုလူဝေးနဲ့ အချိန်ကြာမြင့်စွာ လမ်းလျှောက်ခဲ့ပြီးချိန်တွေမှာ အရက်သောက်သုံးခြင်းကို ရှောင်ကျဉ်ရပါမယ်။ ဒီအပြုအမူမျိုးဟာ ခန္ဓာကိုယ်မှာ လွန်လွန်ကဲကဲရေဓာတ်ဆုံးရှုံးတာ၊ လေဖြတ်တာ၊ ဦးနှောက်သွေးကြောထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်။

ခုဖော်ပြခဲ့တဲ့ အခြေအနေတွေမှာ အရက်သေစာ သောက်စားမှုကို လုံးဝရှောင်ကျဉ်သင့်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးထားပါတယ်။ တကယ်တမ်းအားဖြင့်တော့ အရက်သောက်သုံးမှုဟာ ကျန်းမာရေးကို ထိခိုက်စေတဲ့ အပြုအမူတစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် ကြိုက်နှစ်သက်လို့ဖြစ်စေ၊ အကြောင်းပြချက်တစ်ခုခုကြောင့်ဖြစ်စေ မှီဝဲဖြစ်တယ်ဆိုရင်တောင်မှ အထက်မှာ ဖော်ပြထားတဲ့ အခြေအနေတွေ၊ အခိုက်အတန့်တွေမှာတော့ အရက်သောက်သုံးတာမျိုး လုံးဝမပြုလုပ်သင့်ဘူးလို့ အကြံပြုပါရစေ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 07/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement