ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ....... malted milk လား....... မုယော အားဖြည့်အချိုရည်တွေလား...... ဘီယာလား.... liquor လား........ ဒါတွေကို မုယောကနေ ထုတ်လုပ်တာပါ။ ဒါတွေ အပြင် မုယောကို သုံးထားတဲ့ ကွတ်ကီးတွေတောင် ရှိပါတယ်။ ဒီပစ္စည်းတွေက ထုတ်လုပ်ပုံတွေ ကွာခြားသွားပေမယ့် မုယောကိုပဲ အသုံးပြုထားတာပါ။ ဒီတစ်ခေါက်တော့ ဒီလောက် အမျိုးအမည် များစွာ ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ မုယော က ကျန်းမာရေးကို ဘယ်လို ထောက်ကူပေးလဲ ဆိုတာ ပြောပြပေးသွားပါမယ်။ မုယော (Malt) ဆိုတာ မုယောဆိုတာ ဆန်၊ ဂျုံတို့လိုမျိုး ကောက်နှံတစ်ခုပါပဲ။ မုယောကို ခူးဆွတ်ပြီးတဲ့အခါ ကောက်နှံတွေကို အရင်ဆုံး ရေစိမ်ရပါတယ်။ အပင်ပေါက်လာစေဖို့ပါ။ ပြီးရင်တော့ လေပူနဲ့ အခြောက်ခံပြီး အပင်မပေါက်အေင်လုပ်ရပါတယ်။ ဒီလုပ်ဆောင်မှုကြောင့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ပူပူစပ်စပ် အရသာကိုမှ ခံတွင်းတွေ့သူတွေ ရှိလား... ဒါဆိုရင်တော့ အခုပြောပြမယ့် အရွက်ကလေးက စာဖတ်သူတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒါကတော့ ပူစပ်စပ် ဟင်းလျာတိုင်းမှာ ထည့်ချက်လေ့ ရှိတဲ့ အာပူရွက် ပါ။ အာပူရွက် ကို ရှေးယခင်ကာလတွေကတည်းက သဘာဝ ဆေးဖက်ဝင် အပင်တစ်မျိုးအဖြစ် အသုံးပြုခဲ့ကြတာပါ။ အာပူရွက်ကို ခန္ဓာကိုယ် နွေးထွေးစေဖို့ အသုံးပြုကြသလို အဆစ်ရောင်တာ၊ ခါးနာတာတွေ သက်သာစေဖို့လည်း အသုံးပြုကြပါတယ်။ အာပူရွက် ဆိုတာ အာပူရွက်ကို Urtica dioica လို့ ခေါ်ပြီး လက်တင်စကားလုံး uro ကနေ ဆင်းသက်လာတာပါ။ ပူနွေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ အကြောင်းကတော့ အာပူရွက်က ထိရင်၊ စားမိရင် ခေတ္တခဏလောက် ပူနွေးစေတဲ့ ခံစားမှုကို ရရှိလို့ပါပဲ။ အာပူရွက်မှာ အမွေးပါးလေးတွေ ပါပြီး ထိမိရင် ယားယံသလို ခံစားရနိုင်ပါတယ်။ အရေပြားမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ ကြားရများတဲ့ စကားလုံး တစ်လုံးဖြစ်လို့ လူတိုင်းနဲ့ သိပ်မစိမ်းတော့ပါဘူး။ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။ ဒီလို အသားအရေ ကျန်းမာလှပစေဖို့ သောက်တဲ့အခါ ကော်လာဂျင်ကို မနက် သောက်တာ ကောင်းတယ်။ ည အိပ်ရာ မဝင်ခင် သောက်တာ အထိရောက်ဆုံး ဆိုပြီး အမျိုးမျိုး ပြောဆိုကြတာတွေ ရှိပါတယ်။ ဒီ မက်ဆေ့ချ်တွေကြောင့် ကော်လာဂျင်ကို ဘယ်လို သောက်ရမလဲ ဆိုပြီး ခေါင်းခြောက်နေကြပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးမှာ  ကော်လာဂျင် သောက်တာနဲ့ ပတ်သက်လို့ သိချင်နေမယ့် အကြောင်းလေးတွေကို ပြောပြပေးသွားပါမယ်။ ကော်လာဂျင် ဆိုတာ ကော်လာဂျင် ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။ စိတ်ထဲမှာ အသံ နည်းနည်းကျယ်လေး ကြားရင်တောင် ထိတ်လန့်တာမျိုး၊ နှလုံး ခုန်တွေ မြန်လာပြီး ရင်တုန်တာမျိုး၊ အာရုံစူးစိုက်ရခက်တာမျိုးတွေ ခံစားနေရပြီလား။ ကိုယ့်အရိပ် ကိုယ်မြင်တာကိုတောင် ထိတ်ခနဲလန့်နေပြီဆိုရင် စိတ်ထဲမှာ ပုံမှန်ထက် ကြောက်စိတ် ပိုများနေဲ့ အခြေအနေပါ။ ဒီအခြေအနေကို သက်သာအောင် အစားအစာတွေနဲ့ ဖြေဖျောက်လို့ ရသလို အချို့သော အစားအစာတွေက ဒီအခြေအနေကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဒီလို စိုးထိတ်မှုတွေ များနေတဲ့အခြေအနေမှာ ကြောက်စိတ်တွေ ပိုဆိုး မသွားစေဖို့ ဘယ်လို အစားအစာတွေကို မစားသင့်ဘူးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကြောက်ရွံ့မှုကို ခံစားနေရတာလား....... တစ်ခါတလေမှာ ငါက မကြောက်တတ်ပါဘူးလို့ တွင်တွင် ရေရွတ်နေပေမယ့် စိတ်ထဲမှာ ကြောက်ရွံ့မှုကို ခံစားနေရနိုင်ပါတယ်။ ဒီလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကြောက်စိတ်ဝင်နေတာပါ။ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့ အစားအသောက်တွေကလည်း အရေးကြီးတဲ့ အခန်းကဏ္ဍက ပါနေပါတယ်။ ကြောက်တယ်၊ စိုးထိတ်တယ်၊ ထိတ်လန့်တယ်ဆိုတာက လူတိုင်းနီးပါး ဖြစ်ဖူးမယ့် စိတ် အခြေအနေပါ။  ဒီစိတ်အခြေအနေက ဖြစ်ရပ်တွေ၊ ကြုံတွေ့နေရတဲ့ အခြေအနေတွေကနေ အရင်းခံလာတာပါ။ လူတိုင်းမှာ ကြောက်ရွံ့မှုကို ဖြစ်စေတဲ့ အချက်တွေက မတူကြပါဘူး။ တစ်ခါတလေမှာ ကြောက်ရွံ့မှုတွေက ရက်ပိုင်းအတွင်း သက်သာသွားနိုင်ပေမယ့် တစ်ခါတလေမှာတော့ ၆ လလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ဒီ ကြောက်ရွံ့မှုတွေကို သက်သာစေဖို့ ဘာတွေ စားပေးသင့်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးသွားပါမယ်။ ကြောက်ရွံ့နေတာလား............. ကြောက်ရွံ့မှုကို ခံစားရပြီဆိုရင် ထိတ်လန့်မယ် စိုးရိမ်စိတ် များမယ် နေ့စဉ် ကြုံတွေ့နေရတဲ့ ကိစ္စတွေကိုတောင် ကြောက်လန့်သလို ခံစားနေရမယ် ပင်ပန်းနွမ်းနယ်နေမယ် အာရုံစူးစိုက်ဖို့ ခက်နေမယ် လူမှုဆက်ဆံရေးတွေ အဆင်မပြေဖြစ်နေမယ် စိတ်တိုလွယ်မယ် နှလုံးခုန် မြန်မယ် ကြွက်သားတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တဲ့အရာလို့ အများက ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ အားကစားတွေကို ကောင်းကောင်းလုပ်နိုင်မှာ ဆိုပေမယ့် နေ့စဉ်ဘဝမှာလည်း တစ်နေ့တာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းဖို့ လိုပါမယ်။ သက်လုံဆိုတာ သက်လုံဆိုတာ သင့်မှာ ပိုင်ဆိုင်ထားတဲ့ စွမ်းအင် နဲ့ သန်မာမှုတွေပါ။ သက်လုံက သင့်ကို စိတ်ရော ကိုယ်ပါ အကောင်းဆုံး လှုပ်ရှားစွမ်းဆောင်နိုင်စေဖို့ လုပ်ဆောင်ပေးပါတယ်။ သက်လုံကောင်းလေလေ အချိန် ကြာ​ကြာ စိတ်လက်ကျန်းမာ သန်စွမ်းလေလေပါ။ ယနေ့ခေတ်လို အပြိုင်အဆိုင် အခက်အခဲတွေ ကြားမှာ အကောင်းဆုံး ဖြစ်အောင် လှုပ်ရှားနေတဲ့အချိန်မှာ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်စေဖို့အတွက် သက်လုံကောင်းခြင်းက အများကြီး သက်ရောက်မှု ရှိနေပါတယ်။ တစ်နေ့တာကို သက်လုံ ကောင်းကောင်းနဲ့ လှုပ်ရှားနိုင်စေဖို့ တစ်နေ့တာကို သက်လုံကောင်းကောင်းနဲ့ အကောင်းဆုံး လှုပ်ရှားနိုင်စေဖို့ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားဆိုတာ အစားအသောက် မှီဝဲရာမှာ သိပ်ကို အခက်တွေ့တတ်ပါတယ်။ ဟိုဟာမတည့် ဒီဟာမတည့် ဟိုဟာရှောင် ဒီဟာရှောင်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတိအင်မတန်ခက်ခဲတယ်ပဲ ဆိုပါတော့။ ဒီလို တစ်ခုခုစားမယ်ဆိုရင် စိတ်ပင်ပန်းနေရတတ်တဲ့ သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။ သွေးတိုးကို ထိမ်းချုပ်ပေးနိုင်ပြီး ရောဂါဆိုးရွာမလာအောင် ထိမ်းညှိပေးနိုင်မယ့်အပြင် အရသာလည်းရှိ အာဟာရလည်းပြည့်ဝတဲ့ အစားအစာမျိုးတွေပေါ့။ သွေးတိုးဆိုတာက ဖြစ်ပြီးရင် ပျောက်အောင်ကုသလို့မရဘူးလေ။ ဒီတော့ သတိထားရတာပေါ့။ ခုဖော်ပြပေးမယ့် အစားအစာတွေဟာ သွေးတိုးသမားတွေ ရောဂါထိမ်းချုပ်ရေးအတွက်ရော စိတ်လက်ပေါ့ပါးစွာ စားဖို့အတွက်ရော အထောက်အကူပြုမယ့် အထူးအစားအစာတွေဖြစ်ပါတယ်။ သွေးတိုးသမားတွေတော့ သဘောကျကြမယ်ထင်ပါတယ်။   သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာအမျိုးအစားတွေ ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဘီလီယံလောက်က သွေးတိုးဝေဒနာကို ခံစားနေကြရတာပါ။ ဒီလူတွေအားလုံးဟာ စားရေးသောက်ရေးမှာ အတော်လေး ကသီလင်တနိုင်လှပါတယ်။ သွေးတိုးဝေဒနာ ပြင်းထန်လာရင် နှလုံးရောဂါနဲ့ပါဆက်နွယ်နေတာကိုး။ ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့ လိုပါမယ်။ ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင် ရေဓာတ် ပြည့်ဖို့ ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။ ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ စားစရာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။ တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား ဆိုတာ ပြောပြချင်ပါတယ်။ နေပူထဲ သွားရင် အသားမည်းမယ် ဆိုတာက နောက်၊ ရေဓာတ် ဆုံးရှုံးတာက အရင်ပါ။ ရေဓာတ် ဆုံးရှုံးမှုကို ပြန်ဖြည့်ဖို့ ရေကို သောက်ရတာထက် လန်းဆန်းသွားအောင်ဆိုပြီး energy drink သောက်တာ ရှိသလို ဓာတ်ဆားရည်တွေလိုမျိုး သောက်စရာတွေကို သောက်ကြပါတယ်။ ဒီသောက်စရာတွေထဲမှာ ဘယ်အရာက အသင့်တော်ဆုံး ဖြစ်မယ် ထင်လဲ။ ကိုယ်ထင်ထားတဲ့ အဖြေ မှန်ရဲ့လားဆိုတာကို ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်ရအောင်နော်။ ရေဓာတ်က ဘယ်လောက်ထိ အရေးပါသလဲ........... ခန္ဓာကိုယ်ရဲ့ ၆၀ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ရေက ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အရာပါ။ ကိုယ်တွင်း အပူချိန်ကို ထိန်းချုပ်တာက စလို့ တစ်ရှူးတွေ၊ အဆစ်တွေကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။ ဦးနှောက်က ခန္ဓာကိုယ်မှာ အရေးပါဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုပါ။ ခန္ဓာကိုယ်ကြီးရဲ့ ပင်မထိန်းချုပ် စနစ်တစ်ရပ်ပါ။ နှလုံးခုန်စေဖို့ လုပ်ဆောင်ပေးသလို အဆုတ်က အသက်ရှူစေဖို့လည်း ကူညီပေးပါတယ်။ လှုပ်ရှားမှု၊ ခံစားမှု၊ တွေးတောမှု အားလုံးကိုလည်း ဦးနှောက်က လုပ်ဆောင်တာပါ။ ဒီလို တာဝန် အများကြီး ထမ်းဆောင်တဲ့ ဦးနှောက်လေးက အရာရာကို မှတ်မိစေတဲ့ မှတ်ဉာဏ်လေး အဖြစ်လည်း လုပ်ဆောင်ပေးပါသေးတယ်။ ဒီတစ်ခေါက်တော့ မှတ်ဉာဏ်ကောင်းစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးသွားပါမယ်။ မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။ မှတ်ဉာဏ် ကောင်းစေဖို့ ဒါလေးတွေ စားပေးပါ။ အဆီများတဲ့ ငါး အဆီများတဲ့ ငါးတွေမှာ ဦးနှောက်နဲ့ မှတ်ဉာဏ်ကို အထောက်အကူ ပြုပေးနိုင်တဲ့ Omega-3 fatty acid ပါဝင်နေပါတယ်။ ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီတွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း