ခန္ဓာကိုယ်က ဇင့်ဓာတ်ကို မထိန်းသိမ်းနိုင်ပါဘူး။ ဒါကြောင့် ခန္ဓာကိုယ် ကျန်းမာဖို့အတွက် လိုအပ်တဲ့ ဇင့်ဓာတ်ပြည့်ဝစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ တစ်နေ့တာ ဇင့် လိုအပ်ချက် ပြည့်ဝအောင် ပါဝင်နေဖို့ လိုအပ်ပါတယ်။
တစ်နေ့တာ ဇင့်ဓာတ် လိုအပ်ချက် ပမာဏ
အသက်အရွယ်၊ အမျိုးသား၊ အမျိုးသမီး ကွဲပြားမှုကို လိုက်ပြီး တစ်နေ့တာ ဇင့်လိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့တာမှာ ဇင့် ၁၁ မီလီဂရမ်၊ အမျိုးသမီး တစ်ဦးအနေနဲ့ ၈ မီလီဂရမ်၊ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် တစ်နေ့ကို ဇင့် ပမာဏ ၁၁ မီလီဂရမ် ကနေ ၁၂ မီလီဂရမ် အထိ လိုအပ်မှာ ဖြစ်ပါတယ်။
ကလေးငယ်တွေ၊ ဆယ်ကျော်သက်တွေ၊ သက်ကြီးရွယ်အိုတွေ၊ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေကတော့ ဇင့်ဓာတ် ချို့တဲ့နိုင်ခြေ များပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။