ဗီတာမင် B 12 ၏အရေးပါပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

-ကျန်းမာကြံ့ခိုင်သောကိုယ်ခန္ဓါ ဖြစ်ဖို့အတွက်အာဟာရအမယ်စုံအောင်စားဖို့လိုအပ်ပါသည်။ အရေးပါသောအာဟာရတစ်ခုမှာဗီတာမင် B12 ဖြစ်ပါသည်။ ထိုဗီတာမင်သည်သင်ကျန်းမာရေးနှင့် သင့်ခန္ဓါကိုယ်အတွက်အမှန်အရေးပါသည်ကိုမသိရှိပါက ဤဆောင်းပါးကသင့်အတွက်အသုံးဝင်သောအသိပညာများကိုပေးပါလိမ့်မည်။

-ဗီတာမင်B12ကို ကိုဘယ်လမင်း (Cobalamine) ဟုလည်းခေါ်ပြီး အကြီးမားဆုံးနှင့် အရှုပ်ထွေးဆုံးဗီတာမင်ဖြစ်ပါသည်။ ထိုဗီတာမင်ကိုသတ္တဝါတို့မှရသောပစ္စည်းများတွင်သဘာဝအတိုင်းတွေ့ရှိရပြီးဓါတ်ခွဲခန်းတွင်မူ ဘက်တီးရီးယားပိုးမွှားများမှထုတ်ယူရပါသည်။ ထိုဗီတာမင်ကိုအများကြီးစားသုံးမိသောအခါပိုလျှံနေသည်ကိုအသည်းတွင် သိမ်းဆည်းထားပြီးလိုအပ်ချိန်တွင်ပြန်လည်အသုံးပြုနိုင်ပါသည်။

(၁)ဗီတာမင် B12 ပါဝင်သောအစားအစာများ

-ပုစွန်၊အသည်း၊ငါးအမျိုးမျိုး၊ကဏန်း၊ပဲပိစပ်၊တို့ဟူး၊ပဲနို့၊နှံစား၊အဆီမပါသောအသား၊အဆီနည်းသောနွားနို့၊ဒိန်ခဲ၊နွားနို့တို့သည်ဗီတာမင် B12 ကြွယ်ဝသောအစားအစာများဖြစ်သည်။

ပုစွန်၊ကဏန်း၊ဂုံး

၁၀၀ ဂရမ် တွင် ဗီတာမင် B12 ၉၈.၉ မိုက်ခရိုဂရမ်(1648%DV)
၃အောင်စ (၈၅ ဂရမ်)တွင် ၈၄.၁ မိုက်ခရိုဂရမ်(1401%DV)
ဂုံးအခြမ်း၂၀ (၁၉၀ ဂရမ်)တွင် ၁၈၇.၉ မိုက်ခရိုဂရမ်(3132%DV)

အသည်း(အမဲသား)

၁၀၀ဂရမ် တွင် ဗီတာမင် B12 ၈၃.၁မိုက်ခရိုဂရမ် (1386%DV)
၃အောင်စ (၈၅ဂရမ်)တွင် 70.7 မိုက်ခရိုဂရမ် (1178%DV)
အသား ၁လွှာ (၈၁ဂရမ်) တွင် ၆၇.၃ မိုက်ခရိုဂရမ် (1122%DV)

ငါး(Mackerel ဟုခေါ်သော ပင်လယ်ငါးတစ်မျိုး)

၁၀၀ဂရမ် တွင် ဗီတာမင်B12 ၁၉.၀ မိုက်ခရိုဂရမ်(317%DV)
၃အောင်စ (၈၅ ဂရမ်) တွင် ၁၆.၂ မိုက်ခရိုဂရမ်(၂၆၉%DV)
ငါးအသားလွှာတစ်ဖတ် (၈၈ ဂရမ်) တွင် ၁၆.၇ မိုက်ခရိုဂရမ်(၂၇၉%DV)

(၂)ဗီတာမင်B12၏အရေးပါပုံ

၁။ စွမ်းအင်ရစေခြင်း-သင်၏ဆဲလ်များကိုအစာဝစေပြီးပျော်ရွှင်ကျန်းမာစေသည်။ ဗီတာမင်မရှိလျှင်သင့်ဆဲလ်များကဆာလောင်နုံးချိ အားနည်းနေပြီး တစ်နေကုန်ခေါင်းငိုက်စိုက်ကျနေမည်။

၂။ နှလုံးကိုကာကွယ်ခြင်း- B12 သည်နှလုံးနှင့်သွေးလှည့်အဖွဲ့တစ်ခုလုံးအတွက်လိုအပ်သောအာဟာရဖြစ်သည်။ သွေးထဲတွင်ရှိသောအန္တရာယ်ရှိသည့် Homocysteine ဟုခေါ်သောပရိုတိန်းတစ်မျိုးကိုဖယ်ထုတ်ပေးသည်။ ထိုပရိုတိန်းသည်သွေးကြောအပြင်သို့ ရောက်ရှိသွားပါကသွေးကြောများကိုပျက်စီးစေပြီးရောင်ရမ်းမှုနှင့်နှလုံးရောဂါကိုဖြစ်စေတတ်သည်။

၃။ အရိုးကျန်းမာရေးအတွက်လိုအပ်ခြင်း- သုတေသနတစ်ခုက ဗီတာမင် B12 သည်အရိုးဖွံ့ဖြိုးမှုအတွက်လိုအပ်ပြီးအရိုးပွခြင်းနှင့်အခြားရောဂါများကိုကုသရာတွင်ကူညီပေးသည်ဟု ဆိုသည်။

၄။ အိုမင်းရင့်ရော်ခြင်းကိုဟန့်တားပေးခြင်း- သွေးတွင်းဓါတ်တိုးစေသောပစ္စည်းများ၊အဆိပ် အတောက်များ၊သကြားဓါတ်မြင့်တက်ခြင်းနှင့်အိုမီဂါ ၆ အက်ဆစ်ပမာဏများပြားခြင်းတို့ကဆဲလ်များ၏ DNA ပွားများခြင်းကိုထိခိုက်စေသည်။ B12 သည် DNA ၏ကျန်းမာရေးကိုထောက်ကူပေးခြင်းဖြင့်သင့်ဆဲလ်များကိုနုပျိုစေသည်။

၅။ဦးနှောက်ကျန်းမာရေးအတွက်ကောင်းခြင်း-B12သည်အာရုံကြောဆဲလ်များ၊အာရုံကြောဆဲလ်များ၏အမြှေးပါးများကိုကာကွယ်ပေးခြင်းဖြင့် အယ်ဇိုင်းမားရောဂါကိုသက်သာစေသည်။

(၃)ကုထုံးများ

-အသားများများစားပါ။
-B12 ပါဝင်သောနှံစားပြည့်ဝစွာ ပါဝင်သော နံနက်စာကိုစားပါ။
-သင့်ဆရာဝန်နှင့်တိုင်ပင်၍ B12 ဆေးဝါးများသုံးစွဲပါ။

-ဗီတာမင် B12 သည်အကျိုးကျေးဇူးများစွာပေးနိုင်သောကြောင့်သင့်ခန္ဓါကိုယ်အတွက် ဗီတာမင ်B12 ပြည့်ဝနေစေရန် သင်စားသော အစားအစာများ၊ သင်၏ပြုမှုနေထိုင်ပုံနှင့်လိုအပ်သောအားဆေးများစသည်တို့ကိုသတိပြုသင့်ပါသည်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

ဒါတွေလည်းဆက်ဖတ်ပါ:

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အာဟာရချို့တဲ့မှုတွေ မဖြစ်အောင် ဘယ်လိုစားသောက်ကြမလဲ။

    အာဟာရချို့တဲ့ တာကလည်း အဝလွန်တာလိုပဲ ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ မျှတတဲ့အာဟာရကိုပြည့်ဝအောင် စားနိုင်မှသာ ပိန်လွန်းခြင်း၊ဝလွန်းခြင်းက ကင်းလွတ်မှာ ဖြစ်ပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    တန်ဆေးလွန်ဘေး ဗီတာမင်ဘေး (ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်တွေအကြောင်း)

    ဗီတာမင်ကို ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Thiha Phyo Myint

    ဘေဘီလေးနဲ့ ဆန်ပြုတ်

    ဘေဘီလေးက ၆ လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ သောက်သုံးသင့်ပါတယ်။ ၆ လ ပြည့်ပြီးတဲ့အခါ ...

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon

    ကိုဗစ်ကာကွယ်ဖို့ရာ ဗီတာမင်ဒီ ကို မဖြစ်မနေ သောက်သင့်လား

    ဗီတာမင်ဒီဟာ ကိုဗစ် ကာကွယ်ရေးမှာရော ကုသရေးမှာပါ ကောင်းကျိုးရှိတယ်လို့ လုံလောက်တဲ့ သက်သေပြချက် မရှိသေးပါဘူး။ ဒါကြောင့် ချိန်ဆပြီး သောက်ဖို့ လိုပါတယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    how-to-prevent-cancer-recurrence ကင်ဆာပြန်မဖြစ် အောင်

    ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
    ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီးစားပါ

    ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read
    စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

    စရိတ်နည်းနည်းနဲ့ ကျန်းမာချင်ရင် ကြက်ဥအနှစ်စားပါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Ye Zon Aung
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 3 mins read
    ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

    ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 23, 2020 . 2 mins read