home

သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

နာမည်လေးလှသလို ကျန်းမာရေးအတွက်ကောင်းတဲ့ ငွေနှင်းမှို

မှိုပွင့်ဖြူဖြူလေးတွေ ရောင်းနေတာမြင်တော့ သိပ်မကြာခင်က အွန်လိုင်းမှာ ခေတ်စားခဲ့တဲ့ အိမ်တွင်းမှိုစိုက်ပျိုးရေးကိစ္စသတိရမိသေးတယ်။ မှိုမျိုးစေ့ထုပ်ဝယ်ပြီး အိမ်မှာ အလွယ်တကူစိုက်လို့ရတယ်ဆိုတဲ့ကြော်ငြာလေးကိုတော်တော်များများစိတ်ဝင်စားခဲ့ကြတာပေါ့။ မှိုဆိုရင်ကောက်ရိုးမှိုပဲ နာမည်သိကြတာများပေမယ့် ဒီလိုအလွယ်စိုက်လို့ရတယ်ဆိုတဲ့မှိုကငွေနှင်းမှိုပါတဲ့။ အရောင်ကတော့ တစ်ခါတလေ အဖြူ၊တစ်ခါတလေဖြူညိုညိုအရောင်လေးရှိတတ်တယ်။

အိမ်မှာ နေရာလေးတစ်နေရာ(ရေချိုးခန်းဖြစ်ဖြစ် အစိုဓါတ်ရတဲ့နေရာ)ပေးထားရင် တစ်ထုပ်ဆိုလေးငါးကြိမ်ပွင့်သတဲ့။ အလုပ်မရှုပ်၊ဂရုစိုက်နေစရာမလိုဘဲ တစ်ကြိမ်ပွင့်ရင်ခြောက်ဆယ်သားကနေ တစ်ပိဿာလောက်ရတယ်ဆိုပဲ။ အမှန်တော့ နာမည်သာမရင်းနှီးကြတာဟော့ပေါ့စားလည်း ပါနေကျ၊ တရုတ်ဟင်းလျာတွေမှာလည်း ပါနေကျ၊ နာမည်မသိဘဲလည်းဈေးကဝယ်ချက်နေကျပဲဆိုတာ သတိမထားမိကြပါဘူး။ငွေနှင်းမှိုဆိုတာ ဒါကိုး လို့ ကိုယ်တိုင်တောင် သိကာစကပြောမိရဲ့။

ချိုဆိမ့်တဲ့အရသာရှိပြီး ခရုဆီထည့်ကြော်လိုက်ရင် အိအိလေးနဲ့အရသာရှိလှတဲ့ ချစ်စရာငွေနှင်းမှိုကဆေးဖက်ဝင်တဲ့အာနိသင်တွေရှိတယ်ဆိုတာသိရင်ရော အိမ်မှာဝယ်စိုက်ကြတော့မှာပဲနော်။ ကဲ ငွေနှင်းမှိုက ဘယ်လောက်တောင် ကျန်းမာရေးကို အကျိုးပြုနိုင်လဲဆိုတာ ပြောပြမယ်နော် –

ကိုလက်စထရောကျစေခြင်း

ငွေနှင်းမှိုက ခန္ဓါကိုယ်ထဲက မကောင်းတဲ့ ကိုလက်စထရောေတွကို ကျဆင်းစေတဲ့အစွမ်းသတ္တိရှိပါတယ်။ သူ့ရဲ့သဘာဝအာနိသင်ကိုက ခန္ဓါကိုယ်ထဲမှာ လိုအပ်တဲ့အဆီဓါတ်နဲ့ မကောင်းတဲ့ကိုလက်စထရောတွေကို ခွဲခြားပေးနိုင်စွမ်းရှိတာဖြစ်ပါတယ်။

သွေးတိုးကျစေခြင်း

ငွေနှင်းမှိုဟင်းလျာတစ်ပွဲဆို ပိုတက်စီယမ်ဓါတ်ေတွ လုံလုံလောက်လောက်ပါဝင်တာကြောင့်သွေးတိုးရောဂါရှိသူတွေပုံမှန်ထည့်သွင်းစားသုံးသင့်တဲ့ ဟင်းချက်ပစ္စည်းတွေထဲပါဝင်တာဖြစ်ပါတယ်။ ပိုတက်စီယမ်ကသွေးကြောတွေကိုပြေလျော့စေဖို့ အထောက်အကူပြုနိုင်တာဖြစ်လို့ပါ။

သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်ခြင်း

ခန္ဓါကိုယ်ထဲမှာ အင်ဆူလင်ပမာဏမလုံလောက်ရင် ဆီးချိုဖြစ်စေပါတယ်။ အင်ဆူလင်ထုတ်လုပ်ဖို့ ကယ်လ်စီယမ်လိုအပ်ပါတယ်။ အင်ဆူလင်ကိုတုံ့ပြန်နိုင်စွမ်းပိုကောင်းစေဖို့နဲ့ ရောင်ရမ်းမှုလျော့ကျစေဖို့ ဗီတာမင်ဒီက လုပ်ဆောင်ပေးပါတယ်။ငွေနှင်းမှိုမှာပါဝင်တဲ့ ဗီတာမင်ဒီက အမျိုးအစား၁ နဲ့ အမျိုးအစား ၂ ဆီးချိုေသွးချိုရောဂါနှစ်မျိုးလုံးကိုကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားမြင့်စေခြင်း

မှိုကနေရရှိတဲ့ သံဓါတ်ေကြာင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေတာပါ။ငွေနှင်းမှိုမှာ ဆယ်လီနီယမ်၊ ကော့ပါးနဲ့ ဇင့် တို့လို တခြားသတ္တုဓါတ်တွေလည်းအများကြီးပါဝင်တာကြောင့် ကိုယ်ခံအားအတွက်ပိုကောင်းပါတယ်။ ဒါ့ကြောင့်ရောဂါပိုးတွေဝင်မလာနိုင်အောင် ကာကွယ်ခုခံနိုင်တာဖြစ်ပါတယ်။

နှလုံးေသွးကြောကျန်းမာရေး

ကိုလက်စထရောတွေကို ထိန်းညှိနိုင်တဲ့အပြင် ဗီတာမင်B3 က နှလုံးရောဂါဖြစ်စေတဲ့သွေးကြောကျဉ်းခြင်း(atherosclerosis) ကိုလျော့စေပါတယ်။ histamine ထွက်ရှိမှုနဲ့ရောင်ရမ်းခြင်းကိုလျော့ကျစေပြီးသွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။

စိတ်ကျဝေဒနာသက်သာစေခြင်း

စိတ်ညစ်နေရင် အပြင်လေးဘာလေးထွက်ပါလား ဆိုတဲ့အကြံပြုချက်က အလကားတော့မဟုတ်ပါဘူး။ အပြင်ထွက်လို့ စိတ်ပေါ့ပါးသွားတယ်ဆိုတာ စိတ်ပြေလက်ပျောက်ဖြစ်တာအပြင်နေရောင်ခြည်ခံယူလိုက်တဲ့အခါ ဗီတာမင်ဒီကြောင့် စိတ်ခွန်အားမြင့်တက်စေနိုင်လို့ပါ။ငွေနှင်းမှိုမှာ ဗီတာမင်ဒီကြွယ်ဝလို့ နည်းနည်းချင်းပုံမှန်စားပေးရင် စိတ်ကျခြင်း စက်ကွင်းကလွတ်မြောက်စေနိုင်ပါလိမ့်မယ်။

သွေးအားကောင်းေစခြင်း

သွေးတွင်းအောက်ဆီဂျင်ပမာဏမလုံလောက်ခြင်း၊သွေးနီဥဆဲလ်ထုတ်လုပ်မှုနည်းခြင်းတို့ကသွေးအားနည်းစေတဲ့အကြောင်းရင်းတချို့ပါ။ ဒီအခြေအနေကို မဖြစ်အောင် ဗီတာမင်B2 က ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင်B2 ကသွေးအားကောင်းဖို့ အဓိကအရေးပါသလို ခန္ဓါကိုယ်တွင်းအောက်ဆီဂျင်ပေးပို့ခြင်းမှာ ကူညီပေးတယ်၊ သံဓါတ်ကို အထောက်အပံ့ပေးတယ်။ သွေးအားနည်းနေတဲ့သက်သက်လွတ်စားသူတွေဆိုရင် ငွေနှင်းမှိုမှာပါတဲ့ ဗီတာမင်B2 နဲ့ သံဓါတ်ကြောင့် အိုကေပြီလေ။

ဝမ်းချုပ်ခြင်းကိုသက်သာစေခြင်း

ဝမ်းချုပ်တယ်ဆိုတာ အစာခြေစနစ်ရဲ့လုပ်ဆောင်ချက်မကောင်းလို့ဖြစ်လာတာပါ။ အစာချေဖျက်မှုနှေးကွေးစေတဲ့အကြောင်းရင်းတွေထဲကတစ်ခုကတော့ အမျှင်ဓါတ်တွေအလုံအလောက်မရရှိလို့ပဲဖြစ်ပါတယ်။ငွေနှင်းမှိုခပ်ကြီးကြီးတစ်ပွင့်မှာတင်ပဲ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓါတ်ရဲ့ ၁၄ % ကိုရရှိနိုင်တာဖြစ်လို့ ပုံမှန်စားပေးသင့်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ အမျှင်ဓါတ်များများပါတဲ့ အစားအစာတွေကိုစားရင် အစာဟောင်းနဲ့အကြွင်းအကျန်တွေကို စွန့်ပစ်ဖယ်ရှားပေးတဲ့ အူတွင်းလုပ်ဆောင်ချက်ကို အထောက်အကူပြုပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Yun Sandi Nan Mon မှ ရေးသားသည်။ 13 နာရီ အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။