ဒိန်ချဉ်မဟုတ်တဲ့ Probiotics အရင်းအမြစ် (၅) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

Probiotics သို့မဟုတ် အကျိုးပြုဘက်တီးရီးယား လို့ဆိုလိုက်တာနဲ့ ဒိန်ချဉ်ကိုပြေးမြင်ကြတာများပါတယ်။ ဒါပေမယ့် အမြဲမသောက်ချင်ဘူး၊ ဒိန်ချဉ်မကြိုက်ဘူး၊ အပြောင်းအလဲလေးတွေစားချင်တယ်ဆိုတဲ့သူတွေအတွက်Probiotics ရနိုင်တဲ့ တခြားအစားအစာတွေပြောပြပေးချင်ပါတယ်။ဒိန်ချဉ်မဟုတ်တဲ့ Probiotics အရင်းအမြစ် (၅) မျိုး ကို ကြည့်လိုက်ပါဦးနော်။ နေ့စဉ်စားသုံးနေကျထဲက များပါတယ်။

(၁) အာလူး (အအေးခံထားတဲ့)

အာလူးကို ဆေးကြောချက်ပြုတ်ပြီး အအေးခံလိုက်တဲ့အခါresistant starchတွေဖြစ်လာစေပါတယ်။resistant starch ဆိုတာချေဖျက်လို့မရတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး အူတွင်းအကျိုးပြုဘက်တီးရီးယားတွေအတွက် အစာဖြစ်တဲ့prebioticဖြစ်ပါတယ်။prebiotic တွေကြောင့် Probiotic တွေကို အားပေးနိုင်တာဖြစ်ပါတယ်။ resistant starch မှာ ကျန်းမာရေးအကျိုးကျေးဇူးတွေအများကြီးရှိတဲ့အထဲ ဆီးချိုအန္တရာယ်လျော့နည်းစေတယ်၊ ဝိတ်ကျစေတယ်ဆိုတာ အံ့သြစရာပါ။

(၂) ကီဖာ (Kefir)

ကီဖာက ဒိန်ချဉ်လိုပဲ အစွမ်းထက်တဲ့သောက်စရာတစ်မျိုးပါ။ အကျိုးပြုဘက်တီးရီးယားလေးတွေအများကြီးပေါင်းစပ်ပါဝင်တဲ့ ကီဖာစေ့လေးတွေကို နို့နဲ့ထည့်ဖောက်ထားတဲ့သောက်စရာပါ။ ကီဖာစိမ်ထားတဲ့အရည်ကိုသောက်ပေးရင် အူတွင်းအကျိုးပြုဘက်တီးရီးယားပမာဏကို ထိန်းညှိပေးထားနိုင်ပါလိမ့်မယ်။ ၂၀၁၃ ခုနှစ်ကလေ့လာတွေ့ရှိမှုအရ ကီဖာက အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာပြဿနာတွေနဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်ပြီး နှလုံးကျန်းမာရေးအတွက်လည်းကောင်းတယ်လို့ သိရပါတယ်။

(၃) ငှက်ပျောသီးအစိမ်း

ငှက်ပျောသီးအစိမ်းက လေချုပ်တယ်လို့ပြောကြတယ်။ အရသာလည်းကွာတာမို့ မှည့်မှစားကြပါတယ်။ တချို့လောဘကြီးတဲ့ရောင်းသူတွေဆိုဆေးနဲ့အမြန်မှည့်အောင်လုပ်တာတောင်ရှိသေးတယ်။ တကယ်က ငှက်ပျောသီးအစိမ်းမှာprebioticsတွေကြွယ်ဝတာ မသိကြပါဘူး။ ငှက်ပျောသီးစိမ်းမှာပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေရော၊ မပျော်ဝင်နိုင်တဲ့အမျှင်ဓါတ်တွေပါ ပါရှိတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေလည်း ထိုက်သင့်သလောက်ပါဝင်နေပါတယ်နော်။ သူ့ကိုစားရင် အူတွင်းဘက်တီးရီးယားအတွက် အားဖြည့်ပေးနိုင်သလို နှလုံးနဲ့အရိုးတွေအတွက်လည်း အကျိုးပြုပါတယ်။ ဒီတိုင်းမစားချင်ရင် ငှက်ပျောသီးစိမ်းကိုပြုတ်စား၊ကြော်စား၊ ဖုတ်စားနိုင်ပါတယ်။

(၄) ကင်ချီ

ကင်ချီက ကိုရီးယားရုပ်ရှင်ထဲကပေါ်ပင်တစ်ခုသက်သက်မဟုတ်ပါဘူး။ ရိုးရာအစားအစာဖြစ်တဲ့အလျောက် သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးကလည်း နှစ်သက်စရာပါပဲ။ ကင်ချီဆိုတာ ဒိန်ချဉ်လိုပဲ အချဉ်ဖောက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တာကြောင့်probioticတွေကြွယ်ဝပါတယ်။ သူ့မှာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တွေကနေ ဗီတာမင်နဲ့သတ္တုဓါတ်တွေ၊ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေနဲ့ အမျှင်ဓါတ်တွေလည်း ရရှိနိုင်ပါတယ်။မြန်မာ့အစားအစာတွေမှာလည်း ဟင်းသီးဟင်းရွက်တွေကို အချဉ်တည်ပြီး တို့စရာအဖြစ်စားလေ့ရှိတာသတိရပါ။ အာနိသင်ချင်းအလားတူပါပဲ။ သန့်ရှင်းလတ်ဆတ်မှုတော့ အရေးကြီးပါမယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အာလူးမှ အာလူး တမ်းတမ်းစွဲ ဖြစ်သွားစေမယ့် ကောင်းကျိုး ၇ ခု

တချို့တွေက အာလူးလေးတွေရဲ့ ကျန်းမာရေးအကျိုးကျေးဇူးကို မျက်စိလျှမ်းနေတတ်ပါတယ်။တကယ်တော့ အာလူးဟာ အကျိုးကျေးဇူးတွေ အမြောက်အများပေးနိုင်တဲ့ အစားအစာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဘေဘီလေးအတွက် လွယ်ကူတဲ့ ဗီတာမင် C စားစရာလေးတွေ ပြင်ဆင်ပေးကြမယ်။

ဗီတာမင် C က ဓာတ်တိုးပစ္စည်းတစ်ရပ် ဖြစ်တာကြောင့် ခန္ဓာကိုယ်ကို ဓာတ်တိုးပစ္စည်းတွေ အန္တရာယ်ကနေ ကာကွယ်ပေးပြီး ကျန်းမာစေတယ်။ ကိုယ်ခံအားဆဲလ်တွေကို အားဖြည့်ပေးတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးတစ်ယောက်ဖွံ့ဖြိုးမှုအတွက် မျိုးရိုးဗီဇ နဲ့ ပျိုးထောင်မှု ဘယ်သူပိုအရေးပါလဲဆိုတဲ့ အငြင်းအခုံကြားက တတိယဇာတ်ကောင်

ကလေးတစ်ယောက်ကို အကောင်းဆုံး ကြီးထွားချင်တာ၊ ကျန်းမာပျော်ရွှင်စေချင်တာ၊ ဉာဏ်ကောင်းစေချင်တာတွေဟာ မေမေ့မေတ္တာရဲ့ အတောမသတ်နိုင်တဲ့ လိုအင်တွေပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ဝက်ခြံရှိသူတိုင်း စားပေးသင့်တဲ့ အသီးများ

ဝက်ခြံ ကြားရတာတောင် စိတ်ကုန်နေပြီ။ ဝက်ခြံ တွေသက်သာချင်လိုက်တာဆိုတဲ့ ဆန္ဒက ဝက်ခြံအဖြစ်လွယ်တဲ့ အသားအရေ ပိုင်ဆိုင်ထားသူတိုင်းမှာ ရှိပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

လမ်းလျှောက်ရလို့ ဖိနပ်ပေါက် တဲ့အခါ

လမ်းလျှောက်များလို့ ဖိနပ်ပေါက် တဲ့အခါ ဒီလိုလုပ်ပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 10, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဝက်ခြံရှိသူလေးတွေ လိုက်နာသင့်တဲ့ တစ်နေ့တာ နေထိုင်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 29, 2020 . 1 min read
Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

Diet ဆိုပြီး မိနေတဲ့ ချင်း (ဂျင်း) များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 24, 2020 . 3 mins read