အသက်အရွယ်ကြီးရင့်လာချိန်မှာ ကြွက်သားတွေကျုံလှီလာခြင်းကို Sarcopenia လို့ ခေါ်ပါတယ်။ အသက် ၅၀ ကျော်လာသူများရဲ့ ၁၀%ခန့်ဟာ ဒီအခြေအနေကို တွေ့ကြုံရပါတယ်။ ဘဝရဲ့နေ့စဉ် နေထိုင်မှု အရည်အသွေးကို ထိခိုက်လာနိုင်တဲ့အတွက် တတ်နိုင်သလောက် ကြိုတင်ကာကွယ်ထားဖို့ လိုအပ်ပါတယ်။
ဒီပြဿနာရဲ့ အကြောင်းအရင်းတချို့ဟာ အသက်ကြီးလာခြင်းကြောင့် မလွှဲမရှောင်သာ ဖြစ်ရတယ်ဆိုပေမယ့် အတော်များများကိုတော့ ကြိုတင်ရှောင်ရှားနိုင်ပါတယ်။ ယခုဆောင်းပါးမှာ ဆက်လက်ဖော်ပြမှာကတော့ အသက်ကြီးလို့ ကြွက်သားများကျုံလှီခြင်းကို ဘယ်လိုကာကွယ်သင့်သလဲ ဆိုတာပါပဲ။