ပဲဟာ ပရိုတိန်းဓာတ်ကြွယ်ဝစွာ ရရှိနိုင်စေဖို့ အဓိက အစားအစာတစ်ခုဖြစ်ပါတယ်။ နောက်ပြီး အစာချေစနစ်ကိုလည်း အထောက်အကူပြုပါတယ်။ အစာအိမ်အတွင်းမှာရှိတဲ့ လူ့အကျိုးပြု ဘက်တီးရီးယားတွေကို ပံ့ပိုးပေးသလို ဇီဝကမ္မဖြစ်စဉ်ကို ကာကွယ်ပေးတဲ့ fatty acids တွေကိုလည်း ဖန်တီးပေးနိုင်ပါတယ်။
မနက်စောစောထတာဟာ ကိုယ်အလေးချိန် လျှော့ချမှုအတွက် ကောင်းမွန်တဲ့နည်းလမ်းတစ်ရပ် ဖြစ်ပါတယ်။ မနက်စောစောထတဲ့အခါ အစာစားချင်စိတ်နည်းပါးပြီး တက်ကြွလန်းဆန်းစေနိုင်ပါတယ်။ အိပ်ရာထနောက်ကျခဲ့မယ်ဆိုရင် အစာစားချိန် မမှန်တာမျိုးဖြစ်နိုင်သလို၊ ခန္ဓာကိုယ်ဟာလည်း လေးလံထိုင်းမှိုင်းနေတတ်ပြီး ကိုယ်အလေးချိန်တက်ဖို့ ဖြစ်နိုင်ချေပိုများပါတယ်။
အသက်အရွယ်ကြီးရင့်လာသူတွေဟာ လိုအပ်တာထက် ပိုစားမိတာမျိုး၊ အစာစားချင်စိတ် လျော့နည်းသွားတာမျိုး၊ အစားစားချိန် မမှန်တာမျိုးတွေ ဖြစ်နိုင်ချေပိုများပါတယ်။ ဒါတွေကို သတိထား ဆင်ခြင်ဖို့ လိုအပ်ပါတယ်။
နောက်ပြီး အစာစားရာမှာလည်း လျင်လျင်မြန်မြန်မစားပဲ မှန်မှန်နှေးနှေးနဲ့ ကြေညက်အောင်ဝါးစားပါ။ ဒါက ခန္ဓာကိုယ်အတွက် သင့်လျော်တဲ့ ပမာဏကို ဖြည့်ဆည်းပေးနိုင်ပြီး ဝိတ်ချရာမှာ အထောက်အကူဖြစ်သလို အာဟာရဓာတ်လည်း ပြည့်ဝစွာ ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် တီဗီကြည့်ရင်းအစာစားတာမျိုးကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။ ဒီနည်းလမ်းက သင့်ကို သေချာပေါက် အဝလွန်စေမှာ သေချာနေတာကြောင့်ဖြစ်ပါတယ်။
- သကြားပါဝင်တဲ့ အချိုရည်တွေ သောက်တာလျှော့ပါ
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။