backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

အရွယ်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေ နဲ့ စိတ်ဓာတ်ကျမှုက မကင်းကွာနိုင်တဲ့အချက်တစ်ခုပါ။ အသက်ကြီးလာလေလေ အထီးကျန် လာလေလေဖြစ်ပြီး စိတ်ဓာတ်ကျမှုက အလိုလိုဝင်လာတတ်ပါတယ်။ ဒီတော့ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျမှုကို သက်သာလျော့ပါးစေနိုင်မယ့် နည်းလမ်းလေးတစ်ခုကိုပြောပြပေးချင်ပါတယ်။ ဒါကတော့… ရေနွေးကြမ်း တိုက်တာပါ။

ဖိုးဖိုးဖွားဖွားတွေကို စိတ်ဓာတ်ကျစေနိုင်တဲ့ အကြောင်းရင်းခံတွေက ဘာတွေလဲ…..

ဖိုးဖိုးဖွားဖွားတွေဟာ အရွယ်ရလာချိန်မှာ

• မျိုးရိုးရှိတာကြောင့်

• လူမှုစီးပွား အခြေအနေတွေကြောင့်

• လူမှုဆက်ဆံရေး အခြေအနေကြောင့်

ဘဝနေထိုင်မှုပုံစံကြောင့်

• မိသားစုအခြေအနေကြောင့် စတဲ့အချက်တွေကြောင့် စိတ်ဓာတ်ကျမှုကို ခံစားကြရပါတယ်။

ရေနွေးကြမ်း ကြိုက်တဲ့ ဖိုးဖိုးဖွားဖွားတွေ စိတ်ဓာတ်ကျနိုင်ခြေနည်း

စင်ကာပူအမျိုးသားတက္ကသိုလ် နဲ့ ရှန်ဟိုင်းအခြေစိုက် Fudan တက္ကသိုလ်တို့ ပူးပေါင်းပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်အရ နေ့တိုင်း ရေနွေးကြမ်းသောက်တတ်တဲ့ ဖိုးဖိုးဖွားဖွားတွေက အခြားသူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာ လျော့နည်းနေတာကို တွေ့ရှိခဲ့ရပါတယ်။

ရေနွေးကြမ်း သောက်တာက စိတ်ကျန်းမာရေးကို ကောင်းစေနိုင်သလို စိတ်ခံစားမှုကိုလည်း ကောင်းစေနိုင်ပါတယ်။ ရေနွေးကြမ်းက အသက်ရလာသူတော်တော်များများ အကြိုက်တွေ့တဲ့ သောက်စရာတစ်ရပ်ပေါ့။ ဒါကြောင့် အသက်ရလာတဲ့ ဖိုးဖိုးဖွားဖွားတွေကို ကျန်းမာစေဖို့ဆိုရင် ရေနွေးကြမ်းပုံမှန်သောက်သင့်ပါတယ်။

ရေနွေးကြမ်းက ဦးနှောက်ကို ကျန်းမာစေနိုင်ပြီး သိမြင်မှုစွမ်းရည်ကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ နေ့စဉ်ပုံမှန် ရေနွေးကြမ်းသောက်ပေးတာက အသက်အရွယ်ကြောင့်ဖြစ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို မဖြစ်အောင် ကာကွယ်ပေးသလို စိတ်ဖိစီးမှုတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

ဒါတွေတင်မကပါဘူး။ ရေနွေးကြမ်း သောက်တာက စိတ်ခံစားမှုကိုကောင်းစေသလို စိတ်ဖိစီးမှုကိုပြေလျော့စေပြီး စိတ်ဓာတ်ကျမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရေနွေးကြမ်း သောက်တာက သိမြင်မှုစွမ်းရည်ကို ကောင်းစေနိုင်ပြီး၊ နှလုံးကျန်းမာစေနိုင်သလို ကင်ဆာကာကွယ်ပေးတဲ့အပြင် အသက်ရှည်စေဖို့လည်း အထောက်အပံ့ပေးပါ သေးတယ်။

၉ နှစ်ကြာ ပြုလုပ်ခဲ့တဲ့ လူဦးရေ ၁၃၀၀၀ ကျော်ပါဝင်တဲ့ လေ့လာမှုရလဒ်အရ သိလိုက်ရတာက နေ့စဉ်ရေနွေးကြမ်းသောက် တာက ဖိုးဖိုးဖွားဖွားတွေကို မှတ်ဉာဏ်ကောင်းစေနိုင်သလို စိတ်ဓာတ်ကျနိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပြီး လူမှုဆက်ဆံရေးကိုလည်း ကောင်းစေနိုင်ပါတယ်။

ဒါကြောင့် ဖိုးဖိုးဖွားဖွားတွေကို စိတ်ပိုင်းဆိုင်ရာကျန်းမာစေပြီး စိတ်ဓာတ်ကျမှုကင်းစေဖို့ တစ်နေ့ကို ရေနွေးကြမ်းတစ်ခွက် ပုံမှန်သောက်ပေးဖို့ တိုက်တွန်းပါရစေလား။

ရေနွေးကြမ်းသောက်ပေးပါလို့ ပြောရတဲ့ အကြောင်းအရင်း….

ရေနွေးကြမ်းသောက်ပေးတာက

ကိုယ်အလေးချိန်ကျဆင်းစေနိုင်တယ်

ရေနွေးကြမ်းကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကာလတွေကတည်းက ကိုယ်အလေးချိန်ကျစေဖို့အတွက် အသုံးပြုခဲ့တာဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ရေနွေးကြမ်းက ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်စေနိုင်ပါတယ်။

ကင်ဆာကာကွယ်ပေးနိုင်တယ်

သုတေသနလုပ်ဆောင်ချက်တွေအရနေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးမှုက ကင်ဆာကာကွယ်ပေးနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ ရေနွေးကြမ်းက ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေနိုင်သလို အခြားနာတာရှည်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဆီးချို ထိန်းညှိပေးနိုင်ပါတယ်

ဆီးချိုကာကွယ်ချင်သူတွေအတွက်ရော ဆီးချိုရှိနေတာကြောင့်သွေးတွင်း သကြားဓာတ်ကို ထိန်းညှိချင်နေသူတွေအတွက်ပါ အဆင်ပြေတဲ့သောက်စရာလေးတစ်ခုပါ။ ကာကွယ်ဖို့အတွက်ရော ကုသဖို့အတွက်ပါနေ့စဉ် ရေနွေးကြမ်းတစ်ခွက်လောက်တော့သောက်ပေးပါ။ ရေနွေးကြမ်းသောက်သုံးမှုက အမျိုးအစား -၂ ဆီးချိုရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။

စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်

ရေနွေးကြမ်းသောက်ပေးတာက ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကိုပြေလျော့စေပြီး စိတ်ဖိစီးမှုကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေ များနေရင် ရေနွေးကြမ်းလေးသောက်ပြီး စာအုပ်ဖတ်တာမျိုးဖြစ်ဖြစ် လုပ်ပေးပါ။

အစာအိမ်အူလမ်းကြောင်းဆိုင်ရာပြဿနာတွေကို သက်သာစေနိုင်တယ်

နေ့စဉ် ရေနွေးကြမ်းသောက်သုံးပေးမယ်ဆိုရင် အစာအိမ်အူလမ်းကြောင်း ကျန်းမာမှာပါ။နောက်တစ်ခုကအနေနဲ့က အစာအိမ်အူလမ်းကြောင်းဆိုင်ရာ ကင်ဆာရောဂါတွေကို ကာကွယ်ရာလည်းရောက်မှာပါ။ ဝမ်းမှန်စေပြီး အစာခြေအင်ဇိုင်းတွေ ပိုမိုထွက်ရှိလာအောင်လည်း လှုံ့ဆော်ပေးနိုင်မှာပါ။

ကိုယ်ခံအားကောင်းစေတယ်

ဓာတ်တိုးဆန့်ကျင် အာနိသင်ကြွယ်ဝတဲ့ ရေနွေးကြမ်းက ရောဂါတော်တော်များများကို ကာကွယ်ပေးပြီး ကိုယ်ခံအားစနစ်ကောင်းမွန်အောင် အထောက်အကူပြုပေးပါတယ်။ ခဏခဏဖျားတတ်လို့ စိတ်ညစ်နေသူတွေ စဉ်းစားသင့်တဲ့ နည်းလမ်းကောင်းတစ်ခုပါ။ နေ့စဉ် ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးပြီး ကိုယ်ခံအားကိုမြှင့်တင်လိုက်ပါ။

လေးဖက်နာကြောင့် အရိုးအဆစ်တွေနာတာကို သက်သာစေနိုင်တယ်

ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အဆစ်အမြစ်တွေရောင်ရမ်းနာကျင်ကိုက်ခဲမှုကို သက်သာစေနိုင်စွမ်းရှိပါတယ်။ ဒါကြောင့် အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာချင်တယ်ဆိုရင် ရေနွေးကြမ်းကိုသောက်သုံးပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 13/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement