ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

အဖြစ်များသော လူကြီးရောဂါများ

အသက် (၅၀) ကျော်လာရင် ဒီရောဂါတွေ ဂရုစိုက်ဖို့လိုမယ်နော်

လေ့လာမှုတွေအရ အသက် ၅၀ ကျော်လူကြီး ၁၀ ယောက်မှာ ၁ ယောက်က နာတာရှည်ရောဂါတစ်ခုမဟုတ် တစ်ခုရှိနေပြီး ၁၀ ယောက်မှာ ၂ ယောက်ကတော့ ရောဂါတစ်ခုထက်ပိုရှိနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာ အသက် ၅၀ ကျော်လူကြီးတွေ အဖြစ်များတဲ့ ရောဂါ ၁၀ မျိုးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ၁. သွေးတိုးရောဂါ အသက်ကြီးလာရင် ခန္ဓာကိုယ်ကအစိတ်အပိုင်းအားလုံးနည်းတူ သွေးကြောနံရံတွေလည်း အားနည်းလာပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တလျှောက် သွေးသယ်ဆောင်တဲ့အခါ သွေးကြောနံရံတွေမှာ ဖိအားပိုလာပြီး အချိန်ကြာလာတဲ့အခါ သွေးတိုးရောဂါဖြစ်ပွားနိုင်ပါတယ်။ သွေးတိုးရောဂါကို ဂရုမစိုက်ရင် ဒါမှမဟုတ် ရောဂါရှိမှန်းမသိခဲ့ရင် နောက်ဆက်တွဲပြဿနာတွေ တပုံကြီးလိုက်လာမှာမို့ မပေါ့ဆပါနဲ့နော်။ ၂. ဆီးချိုရောဂါ နောက်ပိုင်းလူနေမှုပုံစံအရကော စားသောက်မှုပုံစံအပြောင်းအလဲကြောင့်ပါ အရင်ကထက် ဆီးချိုရောဂါဖြစ်တဲ့သူတွေ အရမ်းများလာတာအားလုံးအသိပါပဲ။ ဆီးချိုရောဂါဟာ နာတာရှည်ရောဂါတစ်ခုဖြစ်သလို သေချာကုသမှုမခံယူခဲ့ရင် နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါကနေ […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးလာတဲ့အခါ ပိုစားသင့်တဲ့ အကောင်းဆုံးအာဟာရ(၁၀)မျိုး

လူ့ခန္ဓါကိုယ်က အသက်တွေကြီးလာရင် အရင်အတိုင်းပဲ ရှိနေမယ်၊ လုပ်ဆောင်ချက်တွေလည်း တူမယ်ထင်နေပါသလား။ စားလိုက်တဲ့ အစားအသောက်တွေကနေ အာဟာရတွေကိုစုပ်ယူနိုင်စွမ်းလည်းပြောင်းလဲလာမယ်၊ ကိုယ်တွင်းလုပ်ဆောင်ချက်တွေလည်းပြောင်းလဲလာမယ်။ ဒါ့ကြောင့် ရှိသင့်တဲ့အာဟာရတွေပြည့်ဝနေစေဖို့ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးစားပေးသင့်တဲ့အစားအစာတွေကို အကြံပြုပေးချင်ပါတယ်။ ကိုယ့်ရဲ့လူကြီးမိဘတွေကိုလည်း ဂရုတစိုက်စီစဉ်ကျွေးမွေးလို့ရတာပေါ့။ (၁) အမျှင်ဓါတ် အသီးအနှံတွေ၊ အုတ်ဂျုံ၊ အစေ့အဆန်တွေနဲ့ ပဲနီလေး တို့လို အမျှင်ဓါတ်ကြွယ်ဝတဲ့အစားအစာတွေက အသက်ကြီးလာတဲ့အခါ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။ အမျှင်ဓါတ်က သွေးတွင်းကိုလက်စထရောပမာဏကိုလည်းလျော့နည်းစေတယ်၊သွေးတွင်းသကြားကို ထိန်းညှိပေးတယ်၊ ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးနိုင်တယ်။ အသက် ၅၀ အထက်အရွယ်ဆိုရင် တစ်နေ့ကို အမျှင်ဓါတ်ပမာဏ ၃၀ ဂရမ်စားသုံးဖို့လိုအပ်ပါတယ်။ (၂) ဂျုံကြမ်း ဂျုံကြမ်းတွေဟာ အသက်ကြီးလာချိန်မှာ ပိုပြီးလိုအပ်တဲ့အမျှင်ဓါတ်နဲ့ ဗီတာမင် ဘီတွေ ကြွယ်ဝတဲ့အရင်းအမြစ်ဖြစ်ပြီး B6 ၊B12 နဲ့ဖောလိတ်ဓါတ်တွေက ဦးနှောက်ကျန်းမာရေးအတွက် အဓိကအရေးပါတာဖြစ်ပါတယ်။ ဂျုံကြမ်းကြောင့် နှလုံးရောဂါ၊ ကင်ဆာနဲ့ ဆီးချိုဖြစ်နိုင်တဲ့ အန္တရာယ်တွေလျော့နည်းစေနိုင်တယ်။ (၃) အခွံမာသီးနဲ့ […]


အဖြစ်များသော လူကြီးရောဂါများ

လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ

ဒီဘက်ခေတ်မှာမှ မဟုတ်ပါဘူး။ အသက် ၂၀ နောက်ပိုင်း အရွယ်ရောက်ပြီးသား လူကြီးတွေအများစုက ငယ်ဘဝအတိတ်ကို လွမ်းဆွတ်ရင်း ပြန်ရောက်သွားချင်စိတ်တွေ အမြဲတမ်းဖြစ်တတ်ကြပါတယ်။ ဒီလိုအတွေးတွေ ဝင်လာရတယ်ဆိုတာ အကြောင်းရင်းများစွာရှိနိုင်သလို ကိုယ့်ရဲ့ လက်ရှိအချိန်မှာ ရောက်နေတဲ့ နေရာ၊ ဖြစ်နေတဲ့ ဘဝအခြေအနေတွေကို စိတ်တိုင်းမကျတာ၊ နောင်တရတဲ့ စိတ်တွေ၊ ယူကြုံးမရဖြစ်မိတဲ့ အမှားတွေကြောင့်လည်း အဲ့လိုတွေးမိတတ်ကြတာပါ။ များသောအားဖြင့် ဒီလိုအတွေးတွေ ဝင်လာတာက လူကြီးပိုင်းအရွယ်တွေမှာ မကြာခဏဆိုသလို ဖြစ်တတ်ပြီး စိတ်ရောဂါလို့တော့ ခေါင်းစဉ်တပ်လို့မရပါဘူးခင်ဗျ။ ဒါပေမယ့် အဲ့ဒီအတွေးတွေရဲ့ နောက်ကွယ်မှာ ကပ်ပါလာနိုင်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေကိုတော့ လျစ်လျူမရှုသင့်ပါဘူး။ အဲ့တော့ လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ ဆိုတာကို ဒီဆောင်းပါးမှာ ဖတ်ကြည့်လိုက်ရအောင်လား။ လူတွေအသက်ကြီးတော့မှ ဘာလို့ငယ်ဘဝကို ပြန်သွားချင်ကြတာလဲ ၁။ လက်ရှိရောက်နေတဲ့အချိန်က ကိုယ်ကြီးပြင်းခဲ့တဲ့အချိန်နဲ့ မတူတော့တာ ဒါကို Generation Gap - […]


အဖြစ်များသော လူကြီးရောဂါများ

အသက်ကြီးလာရင် ကြူံကိုကြုံတွေ့ရမယ့် အရေပြားပြောင်းလဲချက် ( ၉ ) ချက် ။

အသက်ကြီးလာပြီဆိုတဲ့အကြောင်း မြင်သာအောင် ပြပေးမယ့် တစ်ခုတည်းသောအရာက အရေပြားပါ။ အသက်အရွယ်လေးရလာတာနဲ့ အရေပြားတွေခြောက်လာတာ၊ အသားအရေ တွေ တွန့်လာတာ တွေက အမြင်သာဆုံး ဇရာတွေပေါ့။ ဒီဆောင်းပါးထဲမှာတော့ အသားအရေခြောက်လာတာ အရေပြားတွန့်လာတာတွေအပြင် အသက်ကြီးလာကြောင်းပြနေမယ့် အရေပြားပေါ်က ပြောင်းလဲမှုတွေအကြောင်းပြောပြပေးချင်ပါတယ်။ ( ၁ ) Actinic Keratosis ဒါက နေရောင်ခြည်ထဲမှာ ရှိတဲ့ခရမ်းလွန်ရောင်ခြည် တွေနဲ့ ထိတွေ့ရာက အများဆုံးဖြစ်တဲ့ပြောင်းလဲမှုတစ်ခုပါ။ နေရောင်ဆိုတာ ငယ်ငယ်ထဲက ထိတွေ့နေရတာဆိုတော့ အသက်ကြီးလာတဲ့ အခါ ကိုယ့်အရေပြားနဲ့ ခရမ်းလွန်ရောင်ခြည်တွေ ဘယ်လောက်တောင် ထိတွေ့ထားပြီပြီလဲဆိုတာ စဉ်းစားကြည့်။ သူ့ရဲ့လက္ခဏာတွေကတော့ အရေပြားက ခြောက်ခြောက်ထူထူ ကြမ်းကြမ်းကြီးဖြစ်နေတတ်ပြီး နီရဲနေတတ်ပါတယ်။ ကိုယ့်အရေပြားမှာ ဒီ Actinic Keratosis အကွက်တွေ တွေ့လို့ကတော့ ဆရာဝန်ဆီ မြန်မြန်သွားပြဖို့လိုပါတယ်။ Actinic Keratosis ကနေ အရေပြား […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့

ဘာလိုလိုနဲ့ သီတင်းကျွတ်ရောက်ဖို့တောင် သိပ်မလိုတော့ဘူးနော်။ အရင်နှစ်တွေတုန်းကလို မုန့်တွေ၊ သစ်သီးတွေနဲ့ လူကြီးကို ကန်တော့တာထက် ဒီနှစ်မှာ သူတို့တွေရဲ့ ကျန်းမာရေးကို ရှေးရှုပြီး အားဆေးတွေ ဝယ်ကန်တော့လိုက်ရင် ပိုမကောင်းဘူးလား။ အထူးသဖြင့် လူကြီးမိဘတွေဆိုတာ အသက်ကြီးသထက် ကြီးလာပြီဆိုတော့ မဖြစ်သင့်တဲ့ ရောဂါတွေ ကာကွယ်ပေးဖို့၊ ကျန်းမာအသက်ရှည်ဖို့ ဖြည့်စွက်စာတွေပါ လိုအပ်လာပြီနော်။ ဒါကြောင့် လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လေ။ လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ကန်တော့ကြစို့ လူကြီးမိဘတွေ ကျန်းမာဖို့ အားဆေး၊ ဖြည့်စွက်စာတွေနဲ့ ဘာကြောင့် ဖြည့်ဆည်းရတာလဲ။ ဘာလို့ အားဆေးသောက်ဖို့ လိုအပ်တာလဲ။ အားရှိအောင်၊ ကျန်းမာအောင် ဆိုတာထက် ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အစားအစာကနေ အာဟာရဓာတ်တွေ အလုံအလောက်မရနိုင်တာကြောင့်ပါ။ လူကြီးမိဘတွေဆိုတာ အသက်ကြီးလာလေ သွားကမကောင်းတော့တာ၊ အရင်ကလောက် အစာမစားနိုင်တော့တာ၊ […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေ ကျန်းမာစေဖို့ ဘာလုပ်ပေးရင်ကောင်းမလဲ

လူကြီးအရွယ်တွေမှာ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်ပြီး အမြဲစိုးရိမ်နေရတယ်လေ။ ရာသီဥတုပြောင်းလဲမှုက အသက်အရွယ်ကြီးတဲ့သူတွေအတွက်တော့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အချက်တစ်ခုပေါ့။ ဒီတော့ ခုလို အမြဲပြောင်းလဲနေတဲ့ ရာသီဥတုမှာ ကိုယ်ချစ်တဲ့ မိဘတွေ၊ ဖိုးဖိုးဖွားဖွားတွေ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ နေထိုင်စားသောက်မှုပုံစံတွေ၊ သားသမီးတွေအနေနဲ့ ဘယ်လိုဂရုစိုက်ပေးလို့ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ၁။ အိမ်အပြင်သိပ်မထွက်ခိုင်းပါနဲ့။ အိမ်အပြင်မှာ ကားတွေက သွားရတာနဲ့၊လေထုမသန့်တာနဲ့၊ လူကြားထဲမှာဆိုရင် ဖုန်တွေ၊ သဲတွေသာမက မျက်စိနဲ့မမြင်နိုင်တဲ့ရောဂါပိုးမွှားတွေ အများကြီးရှိနေနိုင်တယ်နော်။ လူကြီးအရွယ်တွေမှာ ကိုယ်ခံအားကလည်းလျော့လာပြီဆိုတော့ တစ်ခုခုဆိုတာနဲ့ ဖျားနာတာ၊ရောဂါဖြစ်ဖို့ ပိုလွယ်ပါတယ်။ ဒါကြောင့် အသက်ကြီးတဲ့ လူကြီးမိဘတွေကို တတ်နိုင်သလောက် အပြင်သွားခိုင်းတာ၊ လူများတဲ့နေရာတွေ သွားခိုင်းတာမျိုး သိပ်မလုပ်ပါနဲ့။ မနက်ခင်းစောစောလေကောင်းလေသန့်ရတဲ့ အချိန်မှာ မိဘဖိုးဖွားတွေနဲ့အတူ လမ်းထွက်လျှောက်တာမျိုး၊လေ့ကျင့်ခန်းလုပ်တာမျိုးတော့ အဆင်ပြေပါတယ်။ ၂။ လက်သန့်ရှင်းရေးဟာလည်း အရေးကြီးပါတယ်။ လက်ကို သန့်ရှင်းအောင်ထားဖို့က အသက်အရွယ်မရွေး ဂရုစိုက်သင့်တဲ့ ကိစ္စပါ။ မသန့်ရှင်းတဲ့ လက်နဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ချစ်ရတဲ့ မေမေဖေဖေတို့ကို ကျန်းမာရေးလက်ဆောင်ပေးလို့ရတယ်ဆိုတာ မေ့နေတာလား

တန်ဆောင်တိုင်ဂါရဝပြုလက်ဆောင်လို့ပြောလိုက်ရင် လူတိုင်းလိုလိုပြေးမြင်တာက စားစရာတွေနဲ့ အဝတ်အစား အသုံးအဆောင်တွေပါ။ စားကောင်းတာတွေနဲ့ ဝတ်ကောင်းစားလှတွေက ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တဲ့အရာတွေလို့ အများက လက်ခံယူဆထားပုံရပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အခါ စားကောင်းသောက်ဖွယ်တွေနဲ့ အသုံးအဆောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အထိရောက်ဆုံးဖော်ပြနိုင်မှာပါ။ ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းကျန်းမာမာအသက်ရှည်ရှည်နေစေချင်တဲ့ဆန္ဒလူတိုင်းမှာရှိမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်စေဖို့က အစားအသောက်နဲ့ အသုံးအဆောင်တွေနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပါလုပ်ပေးဖို့လိုဦးမှာပါ။ ဒါဆိုတန်ဆောင်တိုင်ကာလမှာ ချစ်ရတဲ့သူတွေကို ဂါရဝပြူဖို့ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လမ်းညွှန်ပါရစေ။ တန်ဆောင်တိုင်အတွက် ကျန်းမာရေးဂါရဝ.... သီတင်းကျွတ်တုန်းက မကန်တော့ရသေးလို့ဖြစ်ဖြစ် သီတင်းကျွတ်မှာ ကန်တော့ပြီးပေမယ့် တန်ဆောင်တိုင်မှာ မှတ်မှတ်ရရလက်ဆောင်ပေးချင်လို့ဖြစ်ဖြစ်မေမေဖေဖေတို့အပါအဝင် ချစ်ခင်ရသူတွေကို မတူတဲ့လက်ဆောင်တစ်ခုခုပေးချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်တွေပြင်ဆင်ပေးလို့ရပါတယ်။ ကျန်းမာရေးဆိုတဲ့နေရာမှာ အစာအာဟာရအပြင် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေပါပေးလို့ရတာပါ။ ကိုယ်ကန်တော့မယ့်သူက ဆီးချိုရှိနေယ်ဆိုရင်သွေးချိုတိုင်းစက်၊သွေးပေါင်ချိန်စက်အပြင် ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်စွက်အာဟာရတွေကိုပါ ကန်တော့လို့ရပါသေးတယ်။ ဒါဆိုရင် အသင့်တော်ဆုံးကဘာများဖြစ်မလဲ ကိုယ်တိုင်လေးရွေးချယ်ကြည့်နော်။ ဆေးဝါး ရောဂါတစ်ခုခုရှိမှ မဟုတ်ဘဲနေအိမ်တိုင်းမှာဆောင်ထားသင့်တဲ့ဆေးဝါးလေးတွေရှိပါတယ်။ လူကြီးတွေရှိနေတဲ့နေအိမ်တွေမှာဆိုရင်ဆေးဝါးတွေကမဖြစ်မနေလိုအပ်မှာပါ။ ဒဏ်ကြေလိမ်းဆေး လေဆေး အဖျားပျောက်ဆေး အနာလိမ်းဆေး အရက်ပြန် […]


သက်ကြီးရွယ်အို အာဟာရ

လူကြီးမိဘတွေကို အာဟာရနဲ့ ကန်တော့တော့မယ်ဆိုရင်

မိုးတွေ အကြိုက်ရွာပြီး ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေခဲ့တဲ့ ကာလပတ်ကို ကုန်ဆုံးလို့ မိုးလေ ကင်းလွတ်ပြီး သီတင်းကျွတ်ကာလရောက်လာပြီဆိုရင် မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ယဉ်ကျေးမှု ဓလေ့အတိုင်း လူကြီးမိဘတွေကို ကန်တော့ကြတယ်။ အဝေးရောက်နေတဲ့ သားသမီးတွေက မိဘတွေ ရှိရာ ဖိုးဖိုးဖွားဖွားတွေ ရှိရာဆီကို အရောက် ပြန်လာပြီး ကန်တော့ကြတယ်။ ဒါက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးပြီး ချစ်စရာကောင်းတဲ့ ဓလေ့လေး တစ်ခုပေါ့။ သီတင်းကျွတ်ပြီ၊ မိုးလေ ကင်းလွတ်ပြီဆိုရင် မီးပုံးလွှတ်တယ်။ မီးထွန်းတယ်။ လူကြီးတွေကို ကန်တော့တယ် မုန့်ဖိုး တောင်းကြတယ်ဆိုတာတွေက ကလေးဘဝကတည်းက လုပ်လာခဲ့တဲ့ သီတင်းကျွတ်ရဲ့ အလေ့အထတွေပါ။ ကလေးတွေ စုပြီး အတူတူ ဆော့ရတာလည်း ပျော်စရာ ကောင်းခဲ့တဲ့ ငယ်ဘဝရဲ့ သီတင်းကျွတ် အမှတ်တရတွေ ပေါ့။ သီတင်းကျွတ် လွမ်းချင်းလေး ပြီးတော့ […]


သက်ကြီးရွယ်အို အာဟာရ

ကြွက်သားအားနည်းတဲ့ လူကြီးတွေအတွက် အသင့်တော်ဆုံး အာဟာရ

လူဆိုတာ အသက်ကြီးလာပြီဆိုရင် လူငယ်တုန်းကလောက် သန်မာဖျတ်လတ်မှုမရှိကြတော့ဘူးနော်။ အလုပ်လုပ်တာ၊ သွားတာလာတာ နှေးကွေးလာတယ်။ ကိုယ်ခံအားစနစ်ကလည်း အားနည်းလာတော့ ရောဂါတွေ ဖြစ်ဖို့ ပိုလွယ်လာတယ်။ ကြွက်သားတွေကလည်း အားနည်းပြီး အရိုးအဆစ်တွေက ထိခိုက်ဖို့ ပိုလွယ်လာတာပေါ့။ ဒီတော့ ကိုယ်ချစ်တဲ့ လူကြီးမိဘတွေ အားနည်းပြီး ပျော့ခွေနေချိန်မှာ ဘယ်လိုအစားအစာတွေ ကျွေးပြီး အားပြန်ဖြည့်ပေးလို့ ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။ ပရိုတင်းပါတဲ့ အစားအစာတွေ များများကျွေးကြမယ်။ လူကြီးအရွယ်မှာ ကြွက်သားဆုံးရှုံးမှုအဖြစ်များတာမို့ ပရိုတင်းဓါတ် မှန်မှန်စားပေးဖို့ လိုပါတယ်။ ပရိုတင်းဓါတ်က ကိုယ်ခန္ဓါ ဖွံ့ဖြိုးမှုအတွက်သာမက လူရဲ့ ကိုယ်ခံအားစနစ်ကို ကြံ့ခိုင်စေတယ်။ တစ်နေ့တာအတွက် အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်တယ်။ ဒါ့အပြင် ဇီဝကမ္မပြောင်းလဲမှြုဖစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်စေလို့ အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးနိုင်တာပေါ့။ ဒီတော့ ကိုယ့်ရဲ့ ဖေဖေ၊ မေမေတွေကို ပရိုတင်းဓါတ်ကြွယ်ဝတဲ့ အသားတွေ၊ ဥအမျိုးမျိုး၊ […]


အဖြစ်များသော လူကြီးရောဂါများ

ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေကို ဘာကြောင့်အသုံးပြုသင့်တာလဲ။

ဆီးထွက်ကျတယ်ဆိုတာ ကလေးဘဝတုန်းကတော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးလာရင် တော်တော်လေးကို စိတ်ညစ်ဖို့ ကောင်းတဲ့ ပြဿနာတစ်ခုပါ။ အသက်ကြီးလာလို့၊ ကိုယ်ဝန်ရင့်လာလို့၊ ရောဂါတစ်ခုခုရှိလို့ ဆီးမနိုင်တာဖြစ်နိုင်သလို ကာလကြာရှည်အိပ်ရာထဲလဲနေရတဲ့အတွက် ကိုယ်တိုင်မသွားနိုင်တာကြောင့် ဆီးတွေ ဝမ်းတွေ အိပ်ရာထဲတင်ဖြေရှင်းနေရတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။ ဒီလိုဆီးမနိုင်တဲ့ပြဿနာ ဆီးဝမ်းတွေ အိပ်ရာထဲမှာပဲ ဖြေရှင်းရတဲ့ပြဿနာတွေက ခံစားရတဲ့သူအတွက် ဒုက္ခများသလို ပြုစုစောင့်ရှောက်ပေးရတဲ့သူတွေအတွက်လည်း မသက်သာပါဘူး။ ဘယ်လိုလူတွေမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာ အဖြစ်များလဲ။ ၁။ စိတ်ဖိစီးမှု များတဲ့သူတွေ၊ အဝလွန်သူတွေ ၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဆီးနှင့် ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိနေတာ ၃။ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ၊ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တွေ ၄။ ဆီးချိုရောဂါ၊ ဦးနှောက်အာရုံကြောရောဂါ၊ ပါကင်ဆန်ရောဂါ ရှိနေသူတွေ ၅။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီးခါစချိန် ၆။ သွေးဆုံးပြီးအမျိုးသမီးတွေနဲ့ သားအိမ်ထုတ် ခွဲစိတ်ထားတဲ့ အမျိုးသမီးတွေ ၇။ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ ၈။ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်