backup og meta

အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင်

အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင်

ရာသီဥတုက အအေးပိုလာတဲ့အခါ ကျန်းမာရေး ဂရုစိုက်ဖို့ လိုအပ်လာပါတယ်။ စိုထိုင်းအေးစိမ့်တဲ့ရာသီမှာ ရောဂါပိုးတွေ ပိုပျော်ကြတယ်မဟုတ်လား။ ရာသီဥတုပိုအေးလာတယ်ဆို လူငယ်တွေတောင် နှာလေးတရွှတ်ရွှတ်၊ ချောင်းလေးတဟွတ်ဟွတ် ဖြစ်တတ်ကြတာ၊ အသက်ကြီးတဲ့သူတွေဆို ပိုပြီးထိခိုက်လွယ်ပါတယ်။ ဒါကြောင့် အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေးကို ပိုဂရုစိုက်ပေးရအောင် နည်းလမ်းကောင်းလေးတွေကို အတူတူ ကြည့်လိုက်စို့နော်။

အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေး ကို ပိုဂရုစိုက်ပေးရအောင်

လူတွေဟာ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးလေးတွေလိုပဲ ကိုယ်ခံအားနည်းလာသလို ရာသီဥတုပြောင်းလဲမှုဒဏ်ကိုလည်း ခံနိုင်ရည်နည်းလာပါတယ်။ အမြဲကျန်းမာနေဖို့က အစာအာဟာရပြည့်ဝအောင်စား၊ သန်မာအောင် လှုပ်ရှားပေးပြီး ကျန်းမာရေး လိုက်စားနေဖို့လိုပါတယ်။ ဒါပေမယ့် သားသမီးတွေရဲ့ ပြုစုစောင့်ရှောက်မှုက အဓိကအရေးကြီးတယ်ဆိုတာ သတိမမေ့သင့်ပါဘူး။

ဘယ်လို အန္တရာယ်တွေ ရှိလာနိုင်လဲ

အသက်ကြီးသူတွေမှာ အအေးဒဏ်ကို မခံနိုင်ဘဲ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေပါတယ်။ အများအားဖြင့် –

  • ခန္ဓာကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း (ကိုယ်ငွေ့မရှိဘဲ အေးစက်လာတာ)
  • နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါအခြေအနေ ပိုဆိုးလာခြင်း (နှလုံးရုတ်တရက်ဖောက်တာ၊ နှလုံးသွေးကြောကျဉ်းတာ ပိုဆိုးလာတာ)
  • လေဖြတ်ခြင်း
  • အသက်ရှူလမ်းကြောင်းရောဂါတွေ (အအေးမိ၊ တုပ်ကွေး၊ အဆုတ်ရောင်) လို အန္တရာယ်ရှိတဲ့ ပြဿနာတွေအပြင်
  • အဆစ်အမြစ်တောင့်တင်း ၊ နာကျင်တာတွေ၊
  • ရေဓာတ်ခမ်းခြောက်တာ
  • အစာမကြေတာ
  • ဝမ်းချုပ်တာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်လို ကာကွယ်စောင့်ရှောက်ရမလဲ

လူကြီးမိဘတွေ ကိုယ်တိုင်က သတိမေ့လွယ်၊ အမှုမဲ့အမှတ်မဲ့ဖြစ်လွယ်တတ်တဲ့ အရွယ်တွေမို့ ဒီတိုင်းလွှတ်မထားသင့်ပါဘူး။ ကျန်းမာရေး ဂရုစိုက်ဖို့ ကိုယ်တွေက သတိပေး၊ ပြုစုပေး၊ အကြံပေးသင့်ပါတယ်။ ဒါကြောင့်

  • အနေများတဲ့ နေရာတဝိုက် နွေးနွေးထွေးထွေးဖြစ်စေဖို့ ပြင်ဆင်ပေးပါ။
  • အေးလာတဲ့အချိန် အနွေးထည်အချိန်မီ ဝတ်ဖို့ ဂရုစိုက်ပေးပါ။ လိုအပ်ရင် ခြေအိတ်၊လက်အိတ်၊ ခေါင်းစွပ်ဝတ်ပေးပါ။
  • လူကြီးတွေရဲ့ခန္ဓာကိုယ်အပူချိန် ပုံမှန်ရှိရဲ့လား စစ်ဆေးပါ။
  • အစားကို ပုံမှန်ကျွေးပါ။
  • အာဟာရပြည့်ပြီး ကိုယ်ခံအားကောင်းစေမယ့် အစားအစာတွေ စီစဉ်ပေးပါ။
  • သွေးတိုးစေမယ့် အစားအစာတွေ ရှောင်ပါ။
  • အစားကို အများကြီးတစ်ခါတည်း ပြည့်ကားနေအောင် မစားပါနဲ့။ ရာသီဥတုအေးရင် အစာမကြေပိုဖြစ်လွယ်ပါတယ်။
  • နည်းနည်းပဲဖြစ်ဖြစ် ပုံမှန် ကိုယ်လက်လှုပ်ရှားမှုလုပ်ဖြစ်ဖို့ ဂရုစိုက်ပါ။
  • အိပ်ရေးဝအောင် အိပ်ပါ။
  • အေးတဲ့အချိန် အပြင်မထွက်တာ ကောင်းပါမယ်။
  • ရေချိုးတဲ့အခါ ရေနွေးနဲ့ချိုးပါ၊ လေတိုက်မခံပါနဲ့၊ ရေအမြန်ခြောက်အောင်သုတ်ပါ၊ ရေနွေးလေးသောက်ပါ။
  • နေမကောင်းဖြစ်သူတွေနဲ့ အနီးမှာမနေပါနဲ့။
  •  သိပ်အေးလာရင် ဦးခေါင်း၊ လည်ပင်းတို့ကိုပါ လုံခြုံအောင်၊ နွေးထွေးအောင် ဝတ်ပါ။
  • ရေကို လုံလောက်အောင် သောက်ပါ။ အေးလို့ ရေသောက်မနည်းသွားပါစေနဲ့။
  • နေမကောင်းတဲ့ လက္ခဏာတစ်ခုခုရှိရင် ဆရာဝန်အမြန်ပြပါ။ သက်ကြီးပိုင်းတွေမှာ ရုတ်တရက်ဖြစ်လာတတ်တဲ့ ကျန်းမာရေးအခြေအနေဟာ အမြန်ဆုံး လုပ်ဆောင်မှုကို လိုအပ်ပါတယ်။

တကယ်လို့ ကိုယ့်မိဘက ကိုယ်အပူချိန်အလွန်အမင်းကျဆင်းခြင်း (Hypothermia) ဖြစ်လာခဲ့ရင် –

  • ‌ခြေဖျားလက်ဖျားတွေ အေးစက်လာတာ
  • မျက်နှာ အမ်းလာတာ၊
  • အသားအရေ ဖြူဖျော့လာတာ၊
  • ခိုက်ခိုက်တုန်လာတာ၊
  • ပုံမှန်ထက် စကားပြောနှေးလာတာ၊ ဗလုံးဗထွေးပြောလာတာ၊
  • အိပ်ငိုက်လာတာ
  • စိတ်တိုလွယ်၊ အာရုံရှုပ်ထွေးလာတာ စတဲ့ အစောပိုင်းလက္ခဏာတွေကို သတိထားမိနိုင်ပါတယ်။

ထပ်ပြင်းထန်လာရင် –

  • လှုပ်ရှားမှုနှေးလာမယ်၊ လမ်းမလျှောက်နိုင်ဘူး၊ ဟန်ချက်မထိန်းနိုင်တော့ဘူး၊
  • လက်နဲ့ ခြေထောက်တွေ တောင့်တင်းလာတယ်၊
  • အသက်ရှူနှေးလာမယ်၊ အသက်ရှူသံတိမ်လာမယ်၊
  • သတိလစ်သွားမယ် စတဲ့ အန္တရာယ်အဆင့် လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။

ဒီအခြေအနေဖြစ်လာရင် အမြန်ဆုံးနွေးထွေးအောင်လုပ်ပေးပြီး ဆေးကုသမှုခံယူသင့်ပါတယ်။ ဒီလိုနည်းတွေနဲ့ အအေးပိုလာတဲ့ဆောင်းမှာ လူကြီးမိဘတွေရဲ့ ကျန်းမာရေး ကို ပိုဂရုစိုက်ပေးရအောင် ပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nia.nih.gov/health/cold-weather-safety-older-adults

Accessed Jan 28, 2020.

https://www.health.gov.il/English/Topics/SeniorHealth/HealthPromo/Pages/coldness.aspx

Accessed Jan 28, 2020.

ယခုပုံစံ

21/02/2024

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

နွေအပူကြောင့် လူကြီးမိဘတွေမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာ ၅ မျိုးနဲ့ ဂရုစိုက်နည်း

မိဘတွေကို အဝေးကနေ ဘယ်လိုဂရုစိုက်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement