အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ မျိုးရိုးဗီဇဟာ အနည်းငယ်လောက်သာ လွှမ်းမိုးပြီး ပတ်ဝန်းကျင်ပြင်ပ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံတွေက အဓိကကျပါတယ်။ ဘဝတစ်သက်တာမှာ မည်သို့မည်ပုံနေထိုင်သွားတယ်ဆိုတဲ့အချက်က သင့်ကိုယ်စိတ်ကျန်းမာရေးကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ယခု ဆက်လက်ဖော်ပြသွားမှာကတော့ အသက်ရှည်စွာနဲ့ အနာရောဂါကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသွားသင့်သလဲ ဆိုတာပါပဲ။