ကျွန်မတို့အမျိုးသမီးတွေဟာ Sport bra ဆိုတဲ့ အားကစားသုံးဘရာစီယာကို ဝယ်ဖို့လက် တွန့်နေတတ်ကြပါတယ်။ နံပါတ်(၁)အချက်ကတော့ ဈေးကြီးလို့ပါ။ နံပါတ်(၂)ကတော့ အားကစားသုံးဘရာစီယာ (Sport bra) တွေကို မရှိမဖြစ် အသုံးလိုတဲ့ပစ္စည်းအနေနဲ့ မသတ်မှတ်ထားလို့ပါ။ မည်သို့ပင်ဆိုစေကာမူ ဘယ်လို အလုပ်မျိုးကို လုပ်တော့မယ်ဖြစ်စေ သီးသန့်ပစ္စည်းဆိုတာ ရှိပါတယ်။ ဆိုလိုရင်းကတော့ အားကစား လုပ်တော့မယ်ဆိုရင် သူ့အတွက်သီးသန့်ထုတ်ထားတဲ့ Sport Bra လိုအရာမျိုးတွေ၊ Shoe မျိုးတွေကို သာ ဝတ်ဆင်အသုံးပြုသင့်ပါတယ်။ အကြီးမားဆုံးမေးခွန်းကတော့ Gym ဆော့တဲ့အခါ Sport bra ကို မဖြစ်မနေ ဝတ်ဆင်သင့်သလားဆိုတာပါပဲ။