သင်က colour blind တစ်ယောက်လား။
ငယ်ငယ်တုန်းကဆို သူငယ်ချင်း အချင်းချင်း အရောင်တွေ မှားပြောနေပြီဆိုရင် နင်က colour blind လား လို့ စ လေ့ရှိတယ်ဟုတ်။ ပတ်ဝန်းကျင်မှာ colour blindလေးတွေ တွေ့ဖူးကြလားမသိ။ သူတို့က blindလို့ ပြောပေမယ့် အရောင်တွေကို မမြင်ရတာ မဟုတ်ပါဘူး။ အရောင်တွေကို မြင်ရပါတယ်။ အရောင်တွေကို အမျိုးအမည် မခွဲနိုင်တာပါ။ အမြင်အာရုံလည်း တခြား လူတွေလို ပုံမှန်ပါပဲ။ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားလို့ မမြင်ရတော့တာပါ။ သူတို့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနားမှာ colour blind သူငယ်ချင်းလေး တစ်ယောက်လောက် ရှိရင် ကူညီပေးနိုင်အောင် ကြည့်ကြည့်ရအောင်။ Colour blind က ဘာကြောင့် ဖြစ်တာလဲ။ အဓိကကတော့ မျိုးရိုးဗီဇကြောင့်ပါပဲ။ မိဘ (အထူးသဖြင့် အမေ)ဆီမှာ မျိုးဗီဇရှိနေရင် သားသမီးဆီကို ရောက်သွားပြီး […]