မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အမြင်အာရုံ ကြည်လင်နေဖို့ ထူးထူးထွေထွေ ဂရုစိုက်စရာ မလိုဘူးဆိုပေမယ့် တချို့သော မျက်စိရောဂါတွေ ဖြစ်မလာအောင်၊ မျက်လုံး မထိခိုက်အောင် လိုက်နာရမယ့် အချက်တွေ၊ ဆင်ခြင်ရမယ့် အချက်လေးတွေ ရှိပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

ကမ္ဘာတစ်ဝန်းမှာ အမြင်အာရုံဝေဝါးခြင်း ပြဿနာကို ခံစားရတဲ့ လူနာတွေ  အများကြီး ရှိပါတယ်။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အမြင်ဝေဝါးကြတာဖြစ်ပြီး အများစုက အလွယ်တကူကုသလို့ရပါတယ်။ ဒီလို ကုသနိုင်ဖို့ဆိုရင်တော့ ကိုယ်အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နေတာကို စောစောသိဖို့ လိုပါတယ်။ စောစောသိမှ စောစောကုသမှု ခံယူလို့ရမှာပါ။ အမြင်အာရုံဝေဝါးခြင်းက အမြင်ပြဿနာသက်သက် မဟုတ်ပါဘူး။ ကြာလာတာနဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး မတော်တဆထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဖြစ်များတဲ့ အမြင်အာရုံဝေဝါးခြင်း ပြဿနာများ အနီးမှုန်ခြင်း အနီးမှုန်ခြင်းက ဖြည်းဖြည်းချင်း ဖြစ်လာပြီး ကြာလာလေလေ ပိုဆိုးလေလေပါ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုမြင့်လာပါတယ်။ အထူးသဖြင့် အသက် ၄၀ဝန်းကျင်လောက်ဆို စဖြစ်တတ်ပါတယ်။ သတိထားရမယ့် လက္ခဏာတွေက -အရင်ကနဲ့ မတူဘဲ တစ်ခုခုကို ခပ်ခွာခွာကြည့်မှ မြင်ရရင် -ပုံမှန်အကွာအဝေးနဲ့ စာဖတ်လို့ မရဘဲ ဝေဝါးသွားရင် -အနီးကပ် စာတွေဖတ်၊ အသေးစိတ်အာရုံစိုက်ပြီး အလုပ်လုပ်ပြီးတဲ့အခါ မျက်ရိုးတွေ၊ […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ဆိုတာ ဘာလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း ဆိုတာ မြင်ကွင်းအလယ်မှာ မှုန်နေတာ သို့မဟုတ် လုံးဝမမြင်ရတဲ့ ကျန်းမာရေးအခြေအနေတစ်ခု ဖြစ်ပါတယ်။ Age-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီအခြေအနေဟာ အထူးသဖြင့် သက်ကြီးရွယ်အိုတွေမှာ အဖြစ်များပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAge-related maculopathy (အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အသက်အရွယ်ကြောင့် မျက်စိမှုန်ခြင်း (ARM) အမျိုးမျိုးရှိပြီး ရောဂါလက္ခဏာတွေက တစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ပုံမှန်အားဖြင့် အစပိုင်းမှာ မြင်ကွင်းအလယ် မှုန်ဝါးတာကနေ အမည်းကွက်ကြီးအထိ ဖြစ်လာနိုင်ပါတယ်။ တခြားလက္ခဏာတွေကတော့   အရောင်တွေခွဲခြားနိုင်စွမ်းပျောက်ဆုံးခြင်း အမြင်မကြည်လင်ခြင်း ပုံရိပ်ဖျော့နေခြင်း သို့ ထပ်နေခြင်း အနီးမှုန်၊ အဝေးမှုန် နှင့် ပြတ်သားမှုမရှိခြင်း   အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ တခြားလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက […]

မျက်စိကျန်းမာရေး

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်း) ကဘာလဲ။ Myopia လို့လည်းသိထားကြသည့် အဝေးမှုန်ခြင်းသည် အမြင်အာရုံနဲ့ဆိုင်သည့် ရောဂါတစ်မျိုးဖြစ်ပြီး အနီးနားက ပစ္စည်းများကို ပြတ်သားစွာ မြင်ရသော်လည်း အဝေးမှ အရာတွေကိုတော့ မမြင်နိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါသည်။ အဝေးမှုန်ပြီဆိုလျှင် အဝေးမှအရာဝတ္ထုများကို တွေ့မြင်နိုင်ရန် ခက်ခဲလေ့ရှိပါသည်။ ဥပမာအားဖြင့် ကားလမ်းမပေါ်မှ သင်္ကေတဆိုင်းဘုတ်များကို သုံး၊ လေးပေအကွာရောက်မှ သေချာမြင်နိုင်တာမျိုး ဖြစ်သည်။ ဒီအခြေအနေသည် တဖြည်းဖြည်း သို့မဟုတ် လျင်မြန်စွာ ဆိုးဝါးနိုင်ပြီး ကလေးဘဝနှင့် ကြီးကောင်ဝင်ချိန်တွေမှာ ပိုဆိုးလာတတ်ပါသည် Nearsighted (အဝေးမှုန်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဤကျန်းမာရေးအခြေအနေသည် အသက် ၈ နှစ်မှ ၁၂ နှစ်အတွင်းရှိသူများမှာ အဖြစ်များတတ်သော်လည်း မည်သည့်အသက်အရွယ်မဆို ဖြစ်နိုင်ပါသည်။ ဝေဒနာဖြစ်စေနိုင်သည့် အကြောင်းရင်းများကို လျှော့ချခြင်းဖြင့် ၎င်းကိုထိန်းချုပ်နိုင်ပါသည်။ နောက်ထပ်သိလိုသည်များအတွက် သင့်၏ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပါ။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်း၏ […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အသုံးပြုပုံများSulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ကို ဘာအတွက်အသုံးပြုကြသလဲ Sulfacetamide sodium ကို မျက်စိမှာ ဘက်တီးရီးယား ကူးစက်မှု ကုသရန်အတွက် အသုံးပြုလေ့ရှိပါတယ်။ Sulfacetamide sodium အစက်တွေကို Sulfonamide လို့ခေါ်ပါတယ်။ ဒါက ဘက်တီးရီးယားတွေ ကြီးထွားဖို့လိုအပ်တဲ့ folic acid ထုတ်လုပ်မှုကို ကန့်သတ်ခြင်းဖြင့် အလုပ်လုပ်ပါတယ်။ Sulfacetamide Sodium (ဆဲလ်ဖာစီတမိုက်ဒ်) ဘယ်လိုသုံးသင့်သလဲ Sulfacetamide sodium က မျက်စိအတွက်ပါပဲ။ နှာခေါင်း၊ ပါးစပ်တွေထဲ မသုံးရပါဘူး။ အသုံးပြုဖို့အတွက် ဦးစွာ လက်ဆေးပါ။ ခေါင်းကိုနောက်လှန်ပါ။ သင့်လက်ညှိုးကိုသုံးပြီး အောက်မျက်ခမ်းကို မျက်လုံးနဲ့ ဝေးရာကို ဆွဲပြီး အိတ်ပုံလေးဖြစ်အောင် လုပ်ပါ။ ဆေးကို အဲ့ဒီ အိတ်ပုံလေးထဲ ထည့်ပြီး သင့်မျက်လုံးကို ဖြည်းညင်းစွာ ပိတ်ပါ။ ဆေးထည့်ပြီး မျက်လုံးအတွင်းထောင့်ကို သင့်လက်နဲ့ ၂ခါ […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကဘာလဲ။ အဝေးမှုန်ခြင်းသည် အဝေးမှအရာဝတ္ထုအားကောင်းမွန်စွာမမြင်နိုင်ခြင်းဖြစ်သည်။ သင့်တွင်အဝေးမှုန်ခြင်းရှိက အဝေးရှိအရာအားမြင်ရန်ခက်ခဲလိမ့်မည်။ဥပမာ အနည်းငယ်ကွာဝေးသောအဝေးပြေးလမ်းပြမှုများကိုမမြင်နိုင်ခြင်း။ဤအခြေအနေသည် ရုတ်ချည်းသို့မဟုတ် တဖြည်းဖြည်းချင်းဖြစ်တတ်သည်။ ကလေးငယ်နှင့် အရွယ်ရောက်ချိန်များတွင်ပို၍ဆိုးတတ်သည်။ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် အသက် ရှစ်နှစ်နှင့် ဆယ့်နှစ်နှစ်ကြားပိုဖြစ်တတ်သည်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဝေးမှုန်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အဝေးရှိအရာကိုကြည့်ပါက ဝါးခြင်း ရှင်းရှင်းလင်းလင်းမြင်နီုင်ရန် မျက်မှောင်ကျုတ်၍ကြည့်ရန်လိုအပ်ခြင်း မျက်စိကိုက်ခြင်းကြောင့်ခေါင်းကိုက်လာခြင်း ကားမောင်းချိန် များသောအားဖြင့်ညအချိန်များတွင်မြင်ရန်ခက်ခဲခြင်း         ကလေးတွင်ဖြစ်တတ်သောအဝေးမှုန်၏လက္ခဏာများမှာ တောက်လျောက်မျက်မှောင်ကုတ်နေခြင်း ရုပ်ရှင်ကြည့်ရာတွင် အနီးကပ်ကြည့်ရန်လိုအပ်ခြင်း သို့မဟုတ် စာသင်ချိန်တွင် ရှေ့ဆုံးတွင်ထိုင်ရန်လိုအပ်ခြင်း အဝေးမှရှိသောပစ္စည်းများကိုသတိမထားမိခြင်း မျက်တောင်ခဏခဏခတ်နေခြင်း မျက်လုံးခဏခဏပွတ်ခြင်း အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ပါအခြေအနေများရှိပါကဆရာဝန်နှင့်ပြသပါ။ အဝေးကအရာကိုကောင်းမွန်စွာမမြင်နိုင်ခြင်းတို့ကြောင့် အလုပ်လုပ်ရန်ခက်ခဲခြင်း။ ပုံမှန်လှုပ်ရှားမှုကိုပါအနှောက်အယှက်ဖြစ်စေခြင်း။ သူ့မြင်ကွင်းအတွင်း အရိပ်တခုရုတ်တရက်ဖုံးလွမ်းသည်ခံစားရခြင်း။ အကြောင်းရင်းများNearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ကိုဘာတွေကဖြစ်စေသလဲ အဝေးမှုန်သည် သင့်မျက်စံရှည်လွန်းခြင်း မျက်ကြည်လွှာကွေးလွန်းခြင်း တို့ကြောင့် ပုံရိပ်အားမျက်စိကြောပေါ်သို့မစုဆုံပေးနိုင်ခြင်းကြောင့်ဖြစ်သည်။ ပုံရိပ်အားမျက်စိကြောရှေ့တွင် စုဆုံစေပြီး ပုံရိပ်ဝါးခြင်းအားဖြစ်ပေါ်စေသည်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Nearsighted (အဝေးမှုန်ခြင်းဆိုတာဘာလဲ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ အဝေးမှုန် ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

Farsighted ဆိုတာဘာလဲ။ Farsighted ကို hyperopia လို့ ခေါ်ကြပြီးသူဟာ အဝေးက ပစ္စည်းတွေကို ကွဲပြားစွာ မြင်နိုင်ပေမယ့် အနီးကပစ္စည်းတွေ မမြင်နိုင်ခြင်းကို ဆိုလိုပါတယ်။ Farsighted ဟာ အာရုံစူးစိုက်မှုကို ထိခိုက်နိုင်ပါတယ်။ ရောဂါပြင်းထန်သူတွေမှာ အလွန်ဝေးတဲ့ အနေရာက ပစ္စည်းတွေကိုသာ မြင်ရပါတော့တယ်။ ဒီအခြေအနေဟာ အသက် အလွန်ငယ်စဉ်မှာအဖြစ်များပြီး မျိုးရိုးလိုက်နိုင်ပါတယ်။   Farsighted ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Farsighted ဟာ အမြင်အာရုံချို့ယွင်းတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။ သူဟာ အသက်အရွယ်မရွေး ဖြစ်နိုင်ပေမယ့် အများစုကတော့ ငယ်ရွယ်စဉ်မှာ ဖြစ်ကြပါတယ်။ အသက်ကြီးလာခြင်း (သို့) ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။   ရောဂါလက္ခဏာများ။ Farsighted ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Farsighted ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ အနီးမှ အရာဝတ္ထုတွေကို ဝါးနေခြင်း […]

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အဓိပ္ပါယ်ဖွင့်ဆိုချက်Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) ကဘာလဲ။ မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသော မျက်စိပြသနာ တခုဖြစ်ပါသည်။ ထိုသို့ဖြစ်ပါက မကုသဘဲထားလျှင် ရောဂါဖြစ်သောမျက်စိတဖက်တွင် အမြင်အာရုံချို့တဲ့ခြင်းဖြစ်နိုင်ပါသည်။ Astigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပုံမှန်အားဖြင့် လူတယောက်၏မျက်လုံးပုံစံသည် လုံးဝန်းပြီး မှန်ဘီလူးခုံးသည်လည်း အလိုက်သင့်ညီညာစွာ ခုံးနေသည်။ ထိုမှန်ဘီလူးခုံးသည် မျက်လုံးအနောက်တွင်ရှိသော အာရုံခံလွှာပေါ်သို့ အလင်းတန်းများစုဆုံလာစေရန်လုပ်ဆောင်ပေးခြင်း အမြင်အာရုံကိုကြည်လင်စေသည်။ မှန်ဘီလူးခုံးမညီညာသောရောဂါတွင် အထက်ပါဖြစ်စဉ်အတိုင်းမဖြစ်တော့ဘဲ အလင်းတန်းများ မစုဆုံတော့သောကြောင့် အလင်းပြန်မှုများ မူမမှန်ဖြစ်စေနိုင်သည်။ ထို့ပြင် မျက်လုံးသည် ဇွန်း၏ကျောဘက်ကဲ့သို့ဖြစ်သွားသောအခါ အလင်းတန်းများသည် တဖက်သို့ဦးတည်သွားပြီး အရာဝတ္ထု၏ အစိတ်အပိုင်း တချို့ကိုသာဖမ်းယူပေးသည်။ ၎င်းသည် အနီးအဝေးရှိ ဝတ္ထုများကို ဝါးသွားစေခြင်း၊ ပြန်သားစွာမမြင်ခြင်းတို့ဖြစ်စေသည်။   လက္ခဏာများAstigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း တွင် မျက်ကြည်လွှာခုံးခြင်းနှင့် မှန်ဘီလူးခုံးခြင်းဟူ၍၂ မျိုးရှိပါသည်။ မျက်ကြည်လွှာခုံးခြင်း ည် မျက်ကြည်လွှာ ပုံမကျခြင်းကြောင့်ဖြစ်ပြီး မှန်ဘီလူးခုံးခြင်းသည် မှန်ဘီလူး ပုံမကျခြင်းကြောင့်ဖြစ်သည်။       အကြောင်းရင်းများAstigmatism (မျက်စိအရှေ့ပိုင်းအခုံးမညီညာမှုကြောင့်အမြင်အာရုံချို့ယွင်းခြင်း) […]