backup og meta

မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ

    ကွန်ပျူတာတွေ၊ ဖုန်းတွေ အသုံးများလို့ မျက်စိတွေ ညောင်းနေပြီလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုနေပါပြီ။ ဒီဆောင်းပါးလေးထဲမှာ အဓိကပြောပြပေးမယ့် အကြောင်းလေးကတော့ မျက်စိညောင်းရင် နှိပ်နယ်ပေးရမယ့် နည်းလမ်းပါ။ ကဲ …. မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ စာဖတ်ပရိသတ်ကြီးရေ ………

    မျက်စိညောင်းတာကို နှိပ်နယ်ပေးလို့ ရလား

    မျက်စိညောင်းတာကို နှိပ်နယ်ပေးလို့ ရပါတယ်။ ဘယ်လို နှိပ်နယ်ပေးရမလဲဆိုတော့ မျက်လုံးတဝိုက်ကို လက်ချောင်းလေးတွေနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးတာပါ။ ဒီနေရာမှာ အရေးကြီးတာ လက်ချောင်းလေးတွေကို သုံးပြီး မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ အားကို အရမ်းစိုက်တာမျိုး မဟုတ်ဘဲ အတော်အသင့်လေးပဲ အားစိုက်ဖို့ပါ။ အရမ်း အားသုံးမိရင် နာကျင်စေနိုင်တာကြောင့်ပါ။

    မျက်လုံးတဝိုက်ကို နှိပ်တဲ့အခါ ညောင်းညာမှု ပြေစေဖို့နဲ့ သွေးလည်ပတ်မှု ကောင်းစေဖို့အတွက် စက်ဝိုင်းပုံလေး နှိပ်ပေးရမှာပါ။ ဒါမှလည်း ကောင်းမွန်တဲ့ ရလဒ်ကို ရမှာပါ။

    မျက်စိညောင်းရင် ဒီလို နှိပ်နယ်ပေးပါ

    မျက်စိညောင်းတာကို သက်သာစေဖို့အတွက် အချိန်အားဖြင့် ၂ မိနစ်လောက်ပဲ လိုအပ်မှာပါ။ ကွန်ပျူတာသုံးရင်း အချိန်ခဏနားပြီး မျက်စိလေးတွေကို နှိပ်နယ်ပေးလို့ ရပါတယ်။

    အရင်ဆုံး လုပ်ရမှာ တစ်ခုက မျက်စိညောင်းတာ မျက်သားခြောက်တာတွေကို သက်သာစေဖို့အတွက် မျက်တောင်ကို ခဏခဏ ခတ်ပေးရပါမယ်။ တစ်မိနစ်ကို ၃ ကြိမ် ကနေ ၄ ကြိမ်လောက် ခတ်ပေးရမှာပါ။ ဒီလို လုပ်ပေးတာက မျက်စိတွေ ပင်ပန်းတာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းပါ။ ကဲ … မျက်စိလေးတွေကို အညောင်းပြေစေဖို့ စပြီး နှိပ်နယ်ပေးလိုက်ရအောင်နော်။

    • အဆင့် – ၁ မျက်ရိုးတွေကို နှိပ်နယ်ပေးပါ

    ဒီလို နှိပ်နယ်ဖို့ မျက်လုံးလေးတွေကို မှိတ်လိုက်ပါ။ မျက်ရိုးတွေကို နှိပ်ဖို့ လက်ခလယ်လေးကို အသုံးပြုပေးပါ။ အရင်ဆုံး နှာရိုးအစပ် မျက်ခုံးမွှေး အစကနေ စပြီး နှိပ်ပေးပါ မျက်ခုံး အဆုံးရောက်တဲ့ အထိပေါ့။ မျက်ခုံး ဒီဖက်ထိပ် ကနေ ဟိုဖက်ထိပ်၊ ဟိုဖက်ထိပ် ကနေ ဒီဖက်ထိပ် ၈ ကြိမ် ကနေ ၁၀ ကြိမ်လောက် အပြန်ပြန် အလှန်လှန် နှိပ်ပေးပါ။

    ဒီလို နှိပ်ပေးတာက မျက်နှာနဲ့ မျက်လုံးတဝိုက်မှာ သွေးစီးဆင်းမှု ကောင်းစေသလို မျက်လုံးတဝိုက်က ဆဲလ်တွေကို အောက်ဆီဂျင်နဲ့ လိုအပ်တဲ့ အာဟာရတွေကို ရရှိစေဖို့ ထောက်ကူပေးမှာပါ။

    • အဆင့် –  ၂ နားထင်နဲ့ မျက်ခုံး အလယ်နားကို နှိပ်ပေးပါ

    အရင်ဆုံး လက်ညှိုးလေးတွေကို မျက်ခုံးအစပ် မျက်စိ ၂ လုံး အလယ်နားမှာ ထားပေးပါ။ လက်မကိုတော့ နားထင်နားမှာ ထားပေးပါ။ ပြီးရင်တော့ လက်ကလေးတွေကို အလိုက်သင့် ရွေ့လျားရင်း နားထင်နဲ့ မျက်ခုံးမွေးတလျှောက်ကို နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို လှုံ့ဆော်ပေးပြီး မျက်စိညောင်းတာကို သက်သာစေမှာပါ။

    • အဆင့် – ၃ မျက်လုံး ၂ ခုကြားကို နှိပ်ပေးပါ

    နှာရိုးရဲ့ တစ်ဖက်တစ်ချက် မျက်စိထောင့်လေးကို နှိပ်ပေးပါ။ ဒီလို နှိပ်တဲ့အခါ လက်ညှိုးနဲ့ လက်မလေးကို သုံးပြီး ခပ်ဖွဖွလေး နှိပ်ပေးပါ။ ၅ ကျော့လောက် နှိပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးပေါ်မှာ သက်ရောက်နေတဲ့ ဖိအားတွေကို သက်သာစေနိုင်ပါတယ်။

    အဆင့် – ၄ နားထင်နဲ့ ဆံစပ်တွေကို နှိပ်ပေးပါ

    လက်ချောင်းလေးတွေကို သုံးလို့မျက်ခုံးစပ် နားထင်နားကနေ ဆံစပ်အထိ နှိပ်ပေးပါ။ အပေါ်ကို ရွှေ့လိုက်၊ အောက်ကို ရွှေ့လိုက် နှိပ်ပေးပါ။ ၁ မိနစ်ကြာအောင် ဆက်တိုက်လေး နှိပ်ပေးပါ။ ဒီလို နှိပ်ပေးတာက နားထင်တဝိုက်က တင်းအားတွေကို ပြေလျော့စေနိုင် သက်တောင့်သက်သာလေး ဖြစ်စေနိုင်ပါတယ်။

    အဆင့် – ၅ ဦးခေါင်းနောက်ဖက်ကို နှိပ်ပေးပါ

    လက်ချောင်းလေးတွေကို အသုံးပြုလို့ ဦးခေါင်းရဲ့ နောက်ဖက်ခြမ်းကို နှိပ်ပေးပါ။ အထူးသဖြင့် မျက်စိနောက်ဖက်ခြမ်းကိုပါ။ ၁ မိနစ်လောက် ဆက်တိုက်လေး နှိပ်ပေးပါ။

    ဒီလို နှိပ်ပေးတာက မျက်လုံးတွေ ညောင်းတာကို သက်သာစေသလို မျက်စိတဝိုက်က ကြွက်သားတွေဆီကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေသလို မျက်လုံးမှာ သက်ရောက်နေတဲ့ တင်းအားတွေကို ပြေလျော့စေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement