- အရာဝတ္ထုတွေရဲ့ အရောင်တွေကို ကွဲပြားစေတာ
- ညဘက်မှာ ထင်ထင်ရှားရှား မြင်ရတာ
- ပုံရိပ်တွေ ထင်ထင်ရှားရှား မြင်ရတာ
- အလင်းစူးသက်သာစေတာ စတာတွေပဲ ဖြစ်ပါတယ်။
Blue block မျက်မှန်တွေကို ဘာအတွက် တပ်ကြတာလဲ။
မျက်လုံးပျက်စီးတာတွေ ကာကွယ်စေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကအစ Blue block မျက်မှန်တွေကို ပေးတပ်ကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် Blue block မျက်မှန်တွေက သိပ်ပြီး အကျိုးထူးလှတယ်ရယ်လည်း မဟုတ်ပါဘူး။ တပ်မယ်ဆိုရင်တော့ အောက်ပါ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။
Blue block မျက်မှန်တွေက blue lightတွေကို ကာကွယ်ပေးတဲ့အတွက် ကိုယ်ထဲက မယ်လတိုနင်တွေ ကမောက်ကမဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ကို အိပ်ပျော်စေပါတယ်။
- မျက်ရိုးကိုက်တာကို အထိုက်အလျောက်သက်သာစေပါတယ်။
Blue block မျက်မှန် တွေက မျက်ရိုးမကိုက်အောင် ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သော နည်းလမ်းတွေနဲ့တော့ သက်သာစေနိုင်ပါတယ်။ ဥပမာ ညဘက်အိပ်ပျော်လို့ မျက်လုံး အနားရပြီး မျက်ရိုးကိုက်တာ သက်သာတာ၊ အလင်းစူးသက်သာလို့ အားစိုက်မကြည့်ရတာကြောင့် မျက်ရိုးမကိုက်တာ စသဖြင့် သွယ်ဝိုက်ပြီး သက်သာစေနိုင်ပါတယ်။
Blue block မျက်မှန်တွေက မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။
Blue block မျက်မှန်တွေ သုံးပေမယ့် အိပ်ခါနီး ဖုန်းသုံးနေမယ်ဆိုရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Blue block မျက်မှန်ကြီး တပ်ထားပေမယ့် မျက်လုံးကို အနားမပေးဘဲ ဆက်တိုက် သုံးနေမယ်ဆိုရင်လည်း မျက်ရိုးက ကိုက်နေဦးမှာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။