backup og meta

မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 10/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ။

    မျက်လုံးအတွက် လေ့ကျင့်ခန်း လုပ်ပေးပါ ဆိုလို့ ထူးဆန်းသွားသလား။ ကြွက်သားတွေနဲ့ ကျန်းမာရေး ကောင်းမွန်စေဖို့အတွက် လေ့ကျင့်ခန်း လုပ်ရတယ်ဆိုတာ အားလုံး သိထားပြီးသားပါ။ ဒါဆို အမြင်အာရုံ ကောင်းစေဖို့အတွက်ရော လေ့ကျင့်ခန်း လုပ်ဖို့ လိုမလား။

    မျက်လုံးကတော့ ဘယ်လို လေ့ကျင့်ခန်း လုပ်ရပါ့မလဲ။ မျက်လုံးအတွက် လေ့ကျင့်ခန်း ဆိုတာလည်း ရှိမယ် မထင်ပါဘူးလို့ တွေးနေပြီလား။ ဒါဆိုရင်တော့ ပြောပြချင်တာက မျက်လုံးအတွက် လေ့ကျင့်ခန်း ရှိပါတယ်။ မျက်လုံး လေ့ကျင့်ခန်းက အမြင်အာရုံကို ကောင်းစေပြီး အာရုံစူးစိုက်နိုင်စွမ်းတွေကို ပိုကောင်းစေပါတယ်။

    ဒါဆို ကိုယ်ကာယလေ့ကျင့်ခန်းတွေလို gym မှာ သွားလေ့ကျင့်ရမှာလားဆိုတော့ မဟုတ်ပါဘူး။ ကိုယ်တိုင် အိမ်မှာထိုင်နေရင်းနဲ့တင် လုပ်ဆောင်လို့ ရပါတယ်။ မျက်လုံးကို လေ့ကျင့်ခန်း လုပ်ဆောင်ပေးတာက မျက်လုံးတွေ ညောင်းတာကစလို့ အမျိုးမျိုးသော အမြင်အာရုံပြဿနာတွေကို သက်သာစေနိုင်ပါတယ်။

    မျက်လုံး ကျန်းမာစေဖို့ လုပ်ဆောင်ပေးရမယ့် လေ့ကျင့်ခန်းတွေက ဘာတွေများလဲ။

    မျက်လုံးကို လက်ဖဝါးနဲ့ အုပ်ပြီး အပူပေးပါ

    လက်ဖဝါး နှစ်ဖက်ကို ခပ်နွေးနွေးလေး ဖြစ်အောင် ပွတ်ပြီး မျက်လုံးပေါ်မှာ အုပ်ထားတာက မျက်လုံးတဝိုက်က ကြွက်သားတွေကို ပြေလျော့စေပြီး မျက်လုံးညောင်းတာကို သက်သာစေနိုင်ပါတယ်။

    ဒီလို အုပ်ထားချိန်မှာ အပူရှိန် လျော့သွားတဲ့အထိ မျက်လုံးလေးကို အုပ်ထားရပါမယ်။ ၅ မိနစ်ကြာအောင်ထားပြီး အသက်ကိုလည်း မှန်မှန် ရှူနေဖို့ လိုပါမယ်။

    မျက်တောင် ခတ်ပါ

    ကွန်ပျူတာတွေ၊ ဖုန်းတွေကို အချိန်ကြာကြာ ကြည့်ပြီးချိန်မှာ မျက်တောင်ကို ဖြည်းဖြည်းချင်း ခတ်ပါ။ ဒီလို လုပ်တာက မျက်လုံးခြောက်တာကို သက်သာစေနိုင်ပါတယ်။ မျက်လုံး ကျိန်းစပ်တာကို သက်သာစေနိုင်ပါတယ်။

    ဒီလေ့ကျင့်ခန်းကို လုပ်ဆောင်ပေးတဲ့အခါ မျက်လုံးကို ၂ စက္ကန့်လောက် ပိတ်ထားပြီးမှာ ပြန်ဖွင့်ပေးပါ။ ပြီးရင် ပြန်ပိတ်ပါ။ ဒီလိုမျိုး ၁၀ ကြိမ်ကနေ ၁၅ ကြိမ်လောက် လုပ်ပေးပါ။

    Pencil Push-Ups

    Pencil push-ups လုပ်တာက မျက်လုံးတွေကို ရွှေ့လျား ကြည့်ရှုဖြစ်အောင် ထောက်ကူပေးနိုင်မှာပါ။ အနီးမှုန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ ခဲတံကို အသုံးပြုကြတာ များပေမယ့် ခဲတံမဟုတ်တဲ့ အခြား အရာဝတ္ထု တစ်ခုခုကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

    အဓိကတော့ အဲ့အရာဝတ္ထုလေးပေါ်မှာ အာရုံစိုက်ထားဖို့ပါ။ အရင်ဆုံး ခဲတံကို ဖြည်းဖြည်းချင်း နှာဖျားဆီကို ရွှေ့ပါ။ ပြီးရင် လက်မောင်း တစ်ဆန့်စာကို ရွှေ့ပေးပါ။ ပြီးရင် နှာဖျားဆီကို ပြန်ရွှေ့ပါ။ ဒီလိုမျိုး နီးလိုက် ဝေးလိုက် လုပ်ပေးပါ။ ခဲတံပေါ်မှာ အကြည့်ကို ထားဖို့တော့ လိုပါမယ်။ ၅ ကြိမ် ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

    Near And Far Focus

    မျက်လုံး ကြွက်သားတွေ ပြေလျော့စေဖို့နဲ့ အာရုံစူးစိုက်မှု ကောင်းစေဖို့အတွက် လုပ်ဆောင်ပေးရတဲ့ မျက်လုံး လေ့ကျင့်ခန်းပါ။ လက်မကို မျက်နှာနဲ့ ၁၀ လက်မ အကွာမှာ ထားပါ။ အဲ့လက်မအပေါ်ကို ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ပြီးရင် ပေ ၂၀ ၆ မီတာကို စိုက်ကြည့်ပေးပါ။ ပြီးရင် ၁၅ စက္ကန့် အာရုံစိုက်ထားပါ။ ဒီလိုမျိုး ၅ ကြိမ်ကနေ ၇ ကြိမ်လောက် လုပ်ပေးပါ။

    20-20-20 Rule

    တစ်ခုခုပေါ်မှာ အချိန်အကြာကြီး အာရုံစိုက်ထားရတာက မျက်လုံးကို ပင်ပန်းစေနိုင်ပါတယ်။ မျက်လုံးတွေကို ခြောက်သွေ့စေနိုင်ပါတယ်။ဒါကြောင့် မျက်လုံးခြောက်တာ၊ မျက်လုံးညောင်းတာတွေ မဖြစ်စေဖို့အတွက် မျက်လုံးကို အနားပေးရမယ့် 20-20-20 rule ကို အသုံးပြုပါ။ Screen time မိနစ် ၂၀ကြာတဲ့အခါ ပေ၂၀ အကွာက မြင်ကွင်းတစ်ခုခုကို စက္ကန့် ၂၀ကြာအောင် ကြည့်ပေးရပါတယ်၊၊ ဒီလို လုပ်ပေးတာက အမြင်အာရုံကို ကျန်းမာစေပြီး မျက်လုံး ကြွက်သားတွေကို ပြေလျော့စေနိုင်မှာပါ။

    ကဲ ….. မျက်လုံး ကျန်းမာစေဖို့ လေ့ကျင့်ခန်းလေးတွေ ပုံမှန် လုပ်ပေးလိုက်ရအောင်လား …….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 10/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement