backup og meta

အဝေးမှုန်စေနိုင်တဲ့ အရာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 18/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝေးမှုန်စေနိုင်တဲ့ အရာများ

    အနီးဆိုရင် ကောင်းကောင်း မြင်ရတယ် နည်းနည်း လှမ်းသွားရင် စာလုံး အကြီးကြီးတွေဆို မြင်ရပေမယ့် စာလုံး  ဆိုဒ်သေးရင် မမြင်ရတော့ဘူး ဆိုပြီး ဖြစ်နေပြီလား! ဒါဆိုရင်တော့ အဝေးမှုန်နေတာ ဖြစ်နိုင်ပါတယ်။ ဒီလို အဝေးမှုန်ရတာက ဘာတွေကြောင့်လဲဆိုတာကို သိရှိပြီး ဆင်ခြင်လို့ရမယ့် အရာတွေရှိရင် ဆင်ခြင်နိုင်စေဖို့အတွက် အဝေးမှုန်စေနိုင်တဲ့ အရာများ အကြောင်း ပြောပြပေးလိုက်ရပါတယ်။

    အဝေးမှုန် ဆိုတာ

    အဝေးမှုန်တယ်ဆိုတာက အမြင်အာရုံ ပြဿနာ တစ်ခုပါ။ အနီးအနားမှာ ရှိတာတွေကို ကောင်းကောင်းမွန်မွန် သဲသဲကွဲကွဲ မြင်ရပေမယ့် အဝေးက အရာတွေကိုတော့ မျက်လုံးရဲ့ ရောင်ပြန်ဟပ်မှု မှားယွင်းတာကြောင့် တိကျပြတ်သားစွာ မမြင်ရတာ  ဝါးတားတား ဖြစ်တာမျိုးတွေကို ခံစားရနိုင်တဲ့ အခြေအနေပါ။

    အဝေးမှုန်တာ အဖြစ်များသလား!

    အဝေးမှုန်တာက တော်တော်လေး အဖြစ်များပါတယ်။ အယောက် ၁၀၀ မှာ ၃၀% လောက် ခံစားကြရတဲ့ အမြင်အာရုံဆိုင်ရာ ပြဿနာပါ။ မျက်စိစမ်းသပ် စစ်ဆေးမှုတွေ လုပ်ပြီး အဖြေရှာလို့ ရပါတယ်။

    အဝေးမှုန်ရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ!

    အဝေးမှုန်ပြီဆိုရင် ကားမောင်းနေတုန်းမှာ လမ်းဘေးဝဲယာက ဆိုင်းဘုတ်တွေကို သဲသဲကွဲကွဲ မမြင်ရတာမျိုး ခံစားရနိုင်သလို စာသင်အရွယ် ကလေးတွေမှာဆိုရင် ကျောက်သင်ပုန်းက စာတွေကို မမြင်ရတာမျိုး ခံစားရနိုင်ပါတယ်။ အချို့မှာဆိုရင် ရုပ်သံတွေကို ကြည့်ရှုရာမှာတောင် အခက်အခဲ ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။
    လက္ခဏာတွေ အနေနဲ့ကတော့

    အဝေးမှုန်တာက အရမ်းမပြင်းထန်တဲ့အခါ လက္ခဏာ သိသိသာသာ မပြတာမျိုးတွေလည်း ရှိနိုင်ပါတယ်။

    အဝေးမှုန်စေနိုင်တဲ့ အရာများ

    အဝေးမှုန်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ အဝေးမှုန်တာက ကလေးအရွယ်မှာကတည်းက စဖြစ်နိုင်ပါတယ်။ တစ်ခါတလေမှာ အဝေးမှုန်တာက အကြောင်းအရင်းမရှိဘဲ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဥပမာ မိဘနှစ်ပါးက အ‌‌ဝေးမှုန်လို့ ကလေးမှာပါ အဝေးမှုန်ဖြစ်တာမျိုးပေါ့။

    အဝေးမှုန်စေနိုင်တဲ့ အရာများ ကတော့

    • အသက်အရွယ်

    အဝေးမှုန်တာက အသက် ၆ နှစ် နဲ့ ၁၄ နှစ်ကြား အရွယ်မှာ စဖြစ်နိုင်ပြီး အသက် ၂၀ အစောပိုင်း ကာလတွေမှာ ပိုပြင်းထန်လာနိုင်ပါတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ မျက်လုံးအရွယ်အစားပြောင်းလဲလာတာကြောင့်  မျက်စိမှန်ဘီလူးကနေ ပုံရိပ်ကို ဖမ်းတာ ပုံမှန်မဟုတ်တော့ကြောင့်ပါ။

    • အာရုံ အရမ်းစိုက်ရတာ

    မျက်လုံးကို အာရုံစိုက်ပြီး အနီးကပ် အနုစိတ် လုပ်ရတဲ့ အလုပ်တွေက အချိန် ကြာလာတာနဲ့ အမျှ အမြင်အာရုံကို ဝန်ပိစေပြီး အဝေးမှုန်တာမျိုး ဖြစ်စေနိုင်ပါတယ်။

    • အနီးကပ်ကြည့်တာ 

    ဘယ်လိုအရာမျိုးတွေ ပါလဲဆိုတော့ ကွန်ပျူတာကို အနီးကပ်ကြည့်တာ၊ စာအုပ်နဲ့ မျက်လုံးနဲ့ ကပ်ဖတ်တာ၊ ‌အလင်းရောင်ကောင်းကောင်း မရတဲ့ နေရာမှာ စာဖတ်တာ၊ စခရင်မ်တိုင်းမ် များတာ စတာတွေပါ။

    ကွန်ပျူတာနဲ့ အလုပ်လုပ်တဲ့အခါ အားပါပြီး ကျွန်ပျူတာနဲ့ မျက်လုံးနဲ့ နီးနီးလာတတ်ပါတယ်။ သတိထားမိပြီဆိုတာနဲ့ ခွာလိုက်ပါ။

    စာဖတ်ရင်လည်း အဲ့လိုပါပဲ။ ‌အလင်းရောင် ‌ကောင်းကောင်း မရတဲ့နေရာမှာ ဖတ်ရင် ပိုမြင်ရအောင် မျက်လုံးကို အားစိုက်ပြီးကြည့်တာ၊ စာအုပ်နားကို ကပ်ပြီး ဖတ်တာတွေ လုပ်မိတတ်ပါတယ်။ ဒါကြောင့် အလင်းရောင် သေချာရတဲ့နေရာမှာ စာဖတ်ပါ။

    တစ်နေ့တာရဲ့ အချိန် တော်တော်များများကို ဖုန်းကြည့်ရင်း ကွန်ပျူတာ ကြည့်ရင်း ကုန်ဆုံးနေမယ်ဆိုရင်တော့ စခရင်မ်တိုင်းများနေတာဖြစ်ပြီး ရေရှည်မှာ အဝေးမှုန်တာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် လူတွေက ဖုန်းကြည့်တယ်ဆိုရင် စခရင်မ်နဲ့ နီးနီးကြည့်မိတာ၊ မနားတမ်းကြည့်မိတာကြောင့် မျက်လုံးကို ဖိအားပေးသလို ဖြစ်စေလို့ပါ။

    • မျိုးရိုး ရှိတာ

    အဝေးမှုန်ခြင်းက တစ်ခါတလေမှာ အမွေဆက်ခံ ရရှိခြင်းပါ။ မိဘဘိုးဘွားတွေမှာ အဝေးမှုန်ဖူးမယ်ဆိုရင် ကိုယ်တိုင်မှာလည်း အဝေးမှုန်နိုင်ပါတယ်။

    • ပြင်ပ အလင်းရောင်နဲ့ ထိတွေ့မှု နည်းတာ

    ပြင်ပ အလင်းရောင်နဲ့ ထိတွေ့ချိန် နည်းပြီး တစ်ချိန်လုံး အိမ်တွင်းအောင်းနေတာ၊ အလင်းရောင် မဝင်တဲ့ အခန်းအောင်း နေထိုင်ခြင်းတွေကလည်း အဝေးမှုန်စေနိုင်ပါတယ်။ ဒါက ကလေးတွေအတွက် ပိုပြီးအရေးကြီးပါတယ်။ ကလေးတွေကို ဖုန်းသုံးတာလျှော့၊ အိမ်ပြင်ထွက်ပြီး ‌ပေးဆော့ပါ။ ဒါက အဝေးမှုန်ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

    ကိုယ်တိုင်ရော ဒီအချက်တွေထဲက ဘယ်အရာတွေနဲ့များ ကိုက်ညီနေလဲဆိုတာကို ကိုယ်တိုင်ဆန်းစစ်လို့ ပြင်လို့ ရတာမျိုးလေးတွေကို ပြုပြင်လိုက်တော့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 18/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement