backup og meta

အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ

    မျက်လုံး တွေက ကြည့်ရင်းနဲ့ ကျိန်းစပ်လာတယ်။ အာရုံစိုက်ရတာလည်း အတော်လေး ခက်နေတယ်။ အိပ်ငိုက်တာ မဟုတ်ဘဲ မျက်လုံးတွေ က ဝေဝါးလာပြီဆိုရင် အိပ်ရေးများ ပျက်ထားလားဆိုတာကို သေချာ စဉ်းစားကြည့်ပါ။

    ညဘက်တွေမှာ အိပ်ရေးပျက်တာက အမြင်အာရုံကို ထိခိုက်စေနိုင်သလို တစ်နေ့တာ လုပ်ဆောင်မှုတွေကို လုပ်ဆောင်ရာမှာလည်း အာရုံစိုက်ဖို့ ခက်ခဲပြီး မျက်လုံးတွေက အရမ်းပင်ပန်းနေတာမျိုး ခံစားရနိုင်ပါတယ်။

    ဒီတစ်ခေါက်တော့ အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ သက်သာစေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာလေးကို ပြောပြပေးသွားပါမယ်။

    အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ

    အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါသက်သာစေဖို့ အခုလို နည်းလမ်းလေးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

  • မျက်လုံးတွေကို စခရင်မ် မကြည့်ဘဲ အနားပေးလိုက်ပါ
  • အိပ်ရေးပျက်ထားတာကြောင့် မျက်လုံးတွေ ပင်ပန်းနေချိန်မှာ တီဗွီ၊ ကွန်ပျူတာ၊ စမတ်ခ်ဖုန်းလိုမျိုး စခရင်မ်တွေကို ထိတွေ့တာက မျက်လုံးတွေကို ပိုပင်ပန်းစေနိုင်ပါတယ်။

    ဒါကြောင့် မျက်လုံးတွေ ပင်ပန်းနေချိန်မှာ စခရင်မ်တွေကို မကြည့်ဘဲနဲ့ အနားပေးလိုက်ပါ။ မဖြစ်မနေ အလုပ်လုပ်ဖို့ လိုမယ်ဆိုရင်လည်း 20-20-20 rule ကို အသုံးပြုပေးပါ။ သဘောကတော့ စခရင်မ်ကြည့်တာ မိနစ် ၂၀ကြာတိုင်းမှာ ပေ ၂၀ အကွာက အရာဝတ္ထု တစ်ခုခုကို မိနစ် ၂၀ ကြည့်ပေးဖို့ပါ။ မဟုတ်ရင်လည်း ခါးကို မတ်မတ်လေး ထိုင်ပြီး ခြေလက်တွေကို ဆန့်လို့ မျက်လုံးကို ခဏလောက် ပိတ်ထားပေးပါ။ စိမ်းစိမ်းစိုစို မြင်ကွင်းလေးတွေကို ကြည့်ပေးလို့လည်း ရပါတယ်။

    အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်နေချိန်မှာ ဓာတ်မတည့်စေတဲ့အရာတွေနဲ့ ထိတွေ့တာက မျက်လုံး ကျိန်းစပ်မှုကို ပိုဆိုးစေနိုင်ပါတယ်။ ဓာတ်မတည့်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်တာ၊ ယားယံတာ၊ ရောင်တာမျိုးတွေ ခံစားရစေနိုင်ပါတယ်။

    အိပ်ရေးပျက်တာကြောင့် မျက်လုံးတွေ ကျိန်းစပ်လာတဲ့အခါ မျက်လုံးကို ရေဓာတ်ဖြည့်ဖို့ လိုပါမယ်။ ဒါကြောင့် မျက်လုံးကို မျက်လုံးခြောက်တာကို သက်သာစေဖို့ ထုတ်ထားတဲ့ မျက်စဉ်း ခပ်ပေးလို့ ရပါတယ်။

    မျက်စဉ်း မရှိဘူးဆိုရင် ရေသန့်သန့်လေး ခပ်ပေးလို့လည်း ရပါတယ်။ ရေများများ သောက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေများများ သောက်တာက မျက်လုံးကျန်းမာရေး ကောင်းစေနိုင်သလို တစ်ကိုယ်လုံး ကျန်းမာရေးကိုလည်း ကောင်းစေနိုင်ပါတယ်။

  • အနွေးဓာတ်ပေးပါ
  • မျက်လုံးတွေ အရမ်း ကျိန်းစပ်လာပြီဆိုရင် လက်ဖဝါး နှစ်ဖက်ကို သေချာ သန့်စင်အောင်ဆေးပြီး ခြောက်သွေ့အောင် သုတ်လို့ တော်တော်လေး ပူလာတဲ့အထိ ပွတ်ပေးပါ။ ပြီးရင် မျက်လုံးပေါ်မှာ အပူငွေ့ ကုန်သွားတဲ့အထိ အုပ်ထားပေးပါ။

    ဒီလို အုပ်ထားချိန်မှာ မျက်လုံးကို မှိတ်ထားပေးပါ။

    မျက်လုံးကို ရေအေးဝတ်ကပ်တာ၊ ရေအေးအေးလေးနဲ့ သစ်ပေးတာတွေကလည်း အိပ်ရေးပျက်တာကြောင့်မျက်လုံး ကျိန်းစပ်တာတွေကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေ အရမ်း ပင်ပန်းနေမယ်ဆိုရင် မျက်လုံး ကြွက်သားတွေကို ပြေလျော့စေဖို့ ရေအေးဝတ်ကပ်ပေးတာ။ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း သက်သာစေမယ့် နည်းလမ်းလေးတွေပါ။

    အိပ်ရေးပျက်တာကြောင့် မျက်လုံး ကျိန်းစပ်တာကို အကောင်းဆုံး ဖြေရှင်းနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ အိပ်ရေးဝဝ အိပ်လိုက်တာပါ။ မျက်လုံးကို လုံလုံလောက်လောက် အနားပေးနိုင်ဖို့ တရေးလောက် အိပ်ရေးဝဝအိပ်လိုက်ပါ၊၊

    ကဲ …….. အိပ်ရေးပျက်တာကြောင့် မျက်လုံးကျိန်းစပ်နေပြီဆိုရင်တော့ ဒီနည်းလေးတွေ သုံးပြီး ဖြေရှင်းဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement