backup og meta

နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

    နေပူရင် ထိခိုက်တာက အသားအရေလို့ပဲ အများက ယူဆထားကြပါတယ်။ တကယ်ကတော့ နေပူဒဏ်ကြောင့် ထိခိုက်တဲ့ထဲမှာ အသားအရေ၊ ဆံသား နဲ့ မျက်လုံးတွေပါ ပါဝင်ပါတယ်။

    နွေရဲ့ နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်စေတာကို သိထားကြပေမယ့် မျက်လုံးတွေကို ထိခိုက်တာကိုတော့ သတိထားမိသူ ရှားပါတယ်။ မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်နဲ့ အချိန်ကြာမြင့်စွာ ထိတွေ့တာက မျက်လုံးတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်တော့ အပူဒဏ်ကြောင့် မျက်လုံးတွေ မထိခိုက်အောင် ဘယ်လို ကာကွယ်ရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။

    နွေအပူဒဏ်ကြောင့် မျက်လုံးမှာ ဘယ်လို ပြဿနာတွေ ခံစားရနိုင်လဲ

    နေရောင်ထဲမှာပါတဲ့ ခရမ်းလွန်ရောင်ခြည်ကြောင့်

    • မျက်ကြည်လွှာ နေလောင်တာ
    • မျက်လုံးခြောက်တာ
    • မျက်လုံးပြာတာ
    • မျက်လုံးတွေ ယားတာ
    • မျက်လုံး ကျိန်းစပ်တာ
    • မျက်လုံး အောင့်တာ
    • အမြင်အာရုံတွေ ဝေဝါးတာလိုမျိုး မျက်စိပြဿနာတွေ ခံစားရနိုင်ပါတယ်။

    နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

    နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့

    နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့ ဒီအချက်လေးတွေကို ဂရုစိုက်ပေးဖို့ လိုပါမယ်။

    တတ်နိုင်သမျှ အရိပ်ထဲမှာပဲ နေပါ

    နေတွေ အရမ်းပြင်းနေချိန်မှာ အပြင်ထွက်တာမျိုး မလုပ်ဘဲ အရိပ်ထဲမှာပဲ နေပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးကို နေပူဒဏ်ကနေ ကာကွယ်ပေးပြီး အပူဒဏ်ကြောင့် ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    ဦးထုပ်ဆောင်းပါ။ ထီးဆောင်းပါ

    နေပူထဲမှာ မဖြစ်မနေ အပြင်ထွက်ရမယ်ဆိုရင်လည်း မျက်လုံးကို နေရောင်ဒဏ်ကနေ ကာကွယ်ဖို့အတွက် ဦးထုပ် ဆောင်းတာ ထီးဆောင်းတာမျိုး လုပ်ပေးပါ။ ဒီလို လုပ်ပေးတာက မျက်လုံးကို နေရောင်နဲ့ တိုက်ရိုက်ထိတွေ့မှုကနေ ကာကွယ်ပေးပြီး နေပူဒဏ်ကြောင့် မျက်လုံး မထိခိုက်အောင် ကာကွယ်ပေးနိုင်ပါတယ်။

    နေကာမျက်မှန် တပ်ပါ

    နေကာမျက်မှန် တပ်တာကလည်း မျက်လုံးတွေကို ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ မျက်လုံးတွေကို နေပူဒဏ်ကြောင့် ထိခိုက်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

    နေကာ မျက်မှန်ဆိုတဲ့နေရာမှာလည်း ခရမ်းလွန်ရောင်ခြည်တွေကို သေသေချာချာ ကာကွယ်ပေးနိုင်တာမျိုး ဖြစ်အောင် သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ မဟုတ်ရင် မျက်လုံးကို ပိုထိခိုက်စေနိုင်လို့ပါ။

    ရေဓာတ်ပြည့်ဝအောင် နေပါ

    နေပူပူမှာ အသားအရေ ကျန်းမာစေဖို့အတွက် ရေဓာတ်ပြည့်ဝနေဖို့ လိုသလို မျက်လုံး ကျန်းမာစေဖို့အတွက်လည်း ရေဓာတ် ပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် အပူရှိန်ကြောင့် မျက်လုံး မထိခိုက်စေဖို့ဆိုရင် တစ်နေ့ကို ရေ ၂ လီတာ ပြည့်အောင် သောက်ပေးပါ။

    အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးပါ

    မျက်လုံးကို ရေအေးဝတ် ကပ်ပေးတာမျိုး၊ သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကို အအေးခံပြီး ကပ်ပေးတာ၊ သခွားသီး ကပ်ပေးတာတွေကလည်း မျက်လုံး အမြင်အာရုံကောင်းစေပြီး မျက်လုံး နေလောင်တာကို သက်သာစေမှာပါ။

    မျက်စဉ်း ခတ်ပါ

    အပူဒဏ်ကြောင့် မျက်လုံးတွေ တအားခြောက်လာတဲ့အခါ မျက်သားခြောက်ပြီး ကျိန်းစပ်တာမျိုး မဖြစ်စေဖို့အတွက် မျက်လုံးကို ရေဓာတ်ဖြည့်ပေးပြီး မျက်သားခြောက်တာကို သက်သာစေနိုင်မယ့် မျက်စဉ်းမျိုး ရွေးခတ်ပေးပါ။

    အိပ်ရေးဝဝ အိပ်ပါ

    အိပ်ရေး ဝဝအိပ်တာက မျက်လုံးကိုရော အမြင်အာရုံကိုပါ ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးလေးကို ကျန်းမာစေနိုင်ဖို့ ဆိုရင် ညစဉ် အိပ်ချိန် အနည်းဆုံး ၇ နာရီ ပြည့်အောင် အိပ်ပေးပါ။

    ကဲ ….. နေပူဒဏ်ကြောင့် မျက်လုံးလေး မထိခိုက်စေဖို့ ဒီနည်းလမ်းလေးတွေနဲ့ ဂရုစိုက်လိုက်စို့နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement