backup og meta

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

ဝမ်းနည်းစရာ၊ စိတ်မကောင်းစရာ၊ ဒေါသဖြစ်စရာတွေ ကြုံလို့ အားရပါးရ ငိုလိုက်တယ်။ ငိုတာမှ တွေးမိတိုင်း ငိုထားတာ၊ တစ်ညလုံးလိုလို အိပ်မပျော်မချင်း ငိုထားမိတယ်။ ငိုတုန်းကတော့ စိတ်ခံစားမှုအတိုင်း ငိုထားမိတာ နောက်နေ့မနက်လည်း ရောက်ရော မျက်လုံးတွေက မို့အစ်နေလို့ အပြင်ကို ဘယ်လို ထွက်ရမလဲ မသိဘူးဆိုပြီး စိတ်ညစ်နေပြီလား။ ဒါဆိုရင်တော့ အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဘယ်လို လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးထားလို့ ဖတ်ကြည့်လိုက်ဦးနော်။

ငိုရင်ဘာကြောင့် မျက်လုံးတွေ မို့အစ်လာရတာလဲ ……..

မျက်လုံးထဲက မျက်ရည်တွေဆိုတာက semipermeable အမြှေးပါးကနေတဆင့် ဖြတ်ပြီး စီးဆင်းလာတာပါ။ ငိုတဲ့အခါ မျက်လုံးကြွက်သားတွေက မျက်ရည်ကို ညှစ်ထုတ်ရတဲ့ အားစိုက်မှုကြောင့် မျက်လုံးထဲက သွေးကြောငယ်လေးတွေ ပျက်စီးရပါတယ်။ ဒီလိုပျက်စီးမှုကြောင့် မျက်လုံးတွေ မို့အစ်တာဖြစ်တတ်ပါတယ်။

ဒီလို မျက်ရည်တွေ စီးကျလာပြီးတဲ့အခါ မျက်လုံးတဝိုက်က တစ်ရှူးတွေက ဆားဓာတ်ကို ပြန်လည် ထိန်းညှိရပါတယ်။ ဒီလို ထိန်းညှိရတာကြောင့်လည်း မျက်လုံးတွေက မို့အစ်ရတာပါ။ ငိုနေတုန်းမှာ မျက်လုံးတွေကို ပွတ်မယ်ဆိုရင် ငိုပြီးချိန် မျက်လုံးမို့အစ်မှုက ပိုဆိုးနိုင်ပါတယ်။

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေကို အသုံးပြုပေးလို့ ရပါတယ်။

ရေအေးဝတ် ကပ်ပါ

ရေအေးဝတ် ကပ်တာက မျက်လုံးတွေ မို့အစ်တာကို သက်သာစေနိုင်ပါတယ်။ အရေပြားတွေ မအီမသာဖြစ်တာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် မျက်လုံးတွေက ငိုထားလို့ မို့အစ်နေမယ်ဆိုရင် အဝတ်စသန့်သန့်လေးကို ရေအေးအေးလေး ဆွတ်ပြီး မျက်လုံးတွေအပေါ်မှာ မိနစ် ၂၀ ကနေ ၃၀ လောက် ကပ်ထားပေးပါ။

ရေအေးအေးလေးနဲ့ မျက်နှာသစ်ပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ရေခဲကပ်ပေးလို့လည်းရပါတယ်။ ရေခဲကပ်ပေးတဲ့အခါ အရေပြားပေါ်ကို တိုက်ရိုက် ကပ်တာမျိုး မလုပ်ပါနဲ့။ အရေပြား အအေးဒဏ်ကြောင့် လောင်စေနိုင်လို့ပါ။ ၁၀ မိနစ်လောက် ကပ်ပြီးတိုင်း နာရီဝက်၊ ၁၅ မိနစ်လောက် နားပေးပါ။

ဒီလို ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးစီးဆင်းမှုကိုကောင်းမွန်စေပြီး မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေနိုင်မှာပါ။

အအေးခံထားတဲ့ စတီးဇွန်း ကပ်ပါ

ရေစင်အောင်ဆေးထားတဲ့ စတီးဇွန်း သန့်သန့်လေးကို ရေခဲသေတ္တာ အပေါ်ကန့်ထဲ ထည့်ပြီး အအေးခဲ ထားလိုက်ပါ။ ပြီးရင် ဇွန်းအေးအေးလေးနဲ့ မျက်လုံးကို ကပ်ပေးပါ။ ခပ်ဖွဖွလေး ဖိကပ်ပေးပါ။ ဒါမှ မျက်လုံးတဝိုက် သွေးစီးဆင်းမှု ကောင်းစေမှာပါ။ ဘေဘီလေးတွေရဲ့ သွားယားကိုက်လေးတွေကို အအေးခံပြီးတော့လည်း မျက်လုံးပေါ်မှာ ကပ်ပေးလို့ ရပါတယ်။

သခွားသီး ကပ်ပါ

သခွားသီးကို ခပ်ပါးပါး လှီးပြီး ရေခဲသေတ္တာထဲ ထည့်လို့ အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။

အာလူး ကပ်ပါ

အာလူးတွေကို အဝိုင်းလိုက် ခပ်ပါးပါးလေး လှီးပါ။ ပြီးရင် ရေခဲသေတ္တာထဲထည့်ပြီး အအေးခံလိုက်ပါ။ ပြီးရင် မျက်လုံးပေါ်မှာ ကပ်ထားပေးပါ။ ၁၅ မိနစ် – မိနစ် ၂၀ လောက် ထားပေးပါ။ ပြီးရင်တော့ ခွာလိုက်ရုံပါ။

လက်ဖက်ခြောက်အိတ် ကပ်ပေးပါ

သုံးပြီးသား လက်ဖက်ခြောက်အိတ်လေးတွေကလည်း tannins နဲ့ ကဖင်း ပါဝင်တာကြောင့် ငိုထားပြီး မို့အစ်နေတဲ့ မျက်လုံးတွေကို အရောင်ကျစေနိုင်ပါတယ်။ လက်ဖက်ခြောက်အိတ်ကို အအေးခံပြီး မျက်လုံးတွေပေါ်မှာ ကပ်ပေးတာက မျက်လုံးအရောင်ကျစေနိုင်ပါတယ်။

အအေးခံထားတဲ့ လက်ဖက်ခြောက်အိတ်ကို မျက်လုံးပေါ်မှာ မကပ်ခင် မိနစ် ၂၀ လောက် ရေခဲသေတ္တာထဲမှာ အအေးခံထားပေးပါ။ ပြီးရင် မိနစ် ၃၀ လောက် မျက်လုံးပေါ်မှာ ကပ်ပေးရုံပါ။

ခေါင်းအုံးမြင့်မြင့်လေး အုံးပါ

ငိုထားပြီး ညအိပ်လို့ မျက်လုံး မို့အစ်မှာ စိုးရိမ်တယ်ဆိုရင် ညအိပ်တဲ့အခါ ခေါင်းအုံးကို ခပ်မြင့်မြင့်လေး အုံးပေးပါ။ ဒီလို အိပ်ပေးတာက မျက်လုံးတဝိုက်မှာ အရည်စုတာကို သက်သာစေပြီး မျက်လုံး မို့အစ်တာကို သက်သာစေမှာပါ။

နှိပ်နယ်ပေးပါ

မျက်ခွံနဲ့ မျက်လုံးတဝိုက်ကို ခပ်ဖွဖွလေး နှိပ်နယ်ပေးတာကလည်း မျက်လုံးတဝိုက်ကို သွေးစီးဆင်းမှု ကောင်းစေပြီး မျက်လုံး မို့အစ်တာကို သက်သာစေနိုင်ပါတယ်။

အရမ်းငိုထားလို့မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့ ဒီနည်းလမ်းလေးတွေက အဆင်ပြေစေမှာပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How to care for swollen eyes at home https://www.allaboutvision.com/treatments/remedies-for-swollen-eyes/ Accessed Date 31 January 2022

ယခုပုံစံ

09/10/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်လုံး ဓာတ်မတည့်မှု ကို သက်သာစေမယ့် အိမ်တွင်းကုထုံး

မျက်လုံးအောက်က အဆီဖု လေးများ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement