backup og meta

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!

မြန်မာလူမျိုး တော်တော်များများက အသားလှုပ်နိမိတ်ကို ယုံကြည်ကြသလို မျက်ခမ်းလှုပ်တယ်၊ မျက်ခုံးလှုပ်တယ်ဆိုရင် စိတ်မကောင်းစရာ၊ စိတ်ဒုက္ခဖြစ်စရာတွေကို ခံစားကြုံတွေ့ရတော့မယ်ဆိုတဲ့ နိမိတ်လို့ ယုံကြည်ကြပါတယ်။ တကယ်ပဲ မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား! ပေါ့။ ပရိသတ်ကြီးရော ဘယ်လို ထင်လဲ!

မျက်ခမ်းလှုပ်တယ်ဆိုတာ ဘာများလဲ!

မျက်ခမ်းလှုပ်တယ်ဆိုတာက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပါ။ မျက်ခမ်းလှုပ်တာက တစ်ခါတလေမှာ မျိုးရိုးလိုက်တာမျိုး ဖြစ်နိုင်ပါသေးတယ်။

တကယ်ကတော့ မျက်ခမ်းလှုပ်တယ်ဆိုတာက မျက်လုံးတဝိုက်က ကြွက်သားလေးတွေက အရမ်း ပင်ပန်းလွန်းတာမျိုး ဖြစ်တဲ့ အချိန်တွေနဲ့ အိပ်ရေးပျက်တာ များတာမျိုး အချိန်တွေမှာ ခံစားရနိုင်တဲ့ မျက်လုံးပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာ တစ်ခုပါ။

မျက်ခမ်းလှုပ်နေတာ ကံဆိုးမှု နိမိတ်လေလား!

မျက်ခမ်း လှုပ်တာက နေ့စဉ်ဘဝရဲ့ အလေ့အထတွေကြောင့် မျက်လုံးကြွက်သားတွေအပေါ်မှာ သက်ရောက်နေတဲ့ ကျန်းမာရေး အကျိုးဆက်လေး တစ်ခုပါ။  မျက်လုံးတဝိုက်က ကြွက်သားတွေက ထိန်းချုပ်လို့ မရဘဲ အလိုလို လှုပ်သွားတာမျိုးပါ။

မျက်လုံးက တစ်ခုခုကို အာရုံစိုက်လိုက်ချိန်မှာ ပိုပြီး ပြင်းထန်တာကို ခံစားရနိုင်ပါတယ်။ မျက်ခမ်းလှုပ်တာက ကံဆိုးမှုကြောင့် မဟုတ်ဘဲ အခုလို အခြေအနေတွေကြောင့် လှုပ်ရတာပါ။ ဘယ်လို အချက်တွေလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ရအောင် နော်။

စိတ်ဖိစီးတာ

စိတ်ဖိစီးတွေ အရမ်းများနေတာက သွေးတွင်းသကြားဓာတ်ကို မြင့်တက်တာမျိုး ဖြစ်စေနိုင်သလို သွေးတိုးတာ၊ အိပ်ရေးပျက်တာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒီအချက်တွေအပြင် စိတ်ဖိစီးမှု များလာတာက မျက်လုံးကြွက်သားတွေ အပေါ် သက်ရောက်မှု ဖြစ်ပြီး မျက်ခမ်းလှုပ်တာကိုလည်း ခံစားရနိုင်ပါတယ်။

ဒါကြောင့် မျက်ခမ်းလှုပ်လာပြီဆိုရင် ကံမကောင်းတဲ့ နိမိတ်လေလားလို့ မတွေးခင် စိတ်ဖိစီးစရာတွေ များနေပြီလားဆိုတာကို အရင်ဆန်းစစ်ကြည့်ပါလို့ ပြောချင်ပါတယ်။

မျက်စိညောင်းတာ

တစ်နေကုန် ဖုန်းသုံး၊ ကွန်ပျူတာသုံးနဲ့ စခရင်မ်တိုင်းမ်များနေတာမျိုး၊ စာတွေကို တစ်ချိန်လုံး ဖတ်နေရတာမျိုးတွေက မျက်လုံးတွေကို ညောင်းညာစေပြီး နေ့စဉ်ရက်ဆက် ဒီလို အခြေအနေတွေကို ခံစားရချိန်မှာ မျက်ခမ်းလှုပ်တာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တစ်ခါတလေမှာ မျက်ခမ်းလှုပ်တာက screen time များနေတာကြောင့် ဖြစ်နိုင်ပါတယ်။

ကဖင်းနဲ့ ဆေးဝါး အချို့ကြောင့်

ကဖင်းပါတဲ့ အစားအစာတွေ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်၊ ကိုလာ စတာတွေလိုမျိုး ကဖင်း ပါဝင်နေတဲ့ အစားအစာတွေကို စားတာ၊ အချို့သော ဆေးဝါးတွေကို သောက်သုံးနေရတာကလည်း မျက်သားတွေကို လှုပ်တာမျိုး ခံစားရနိုင်ပါတယ်။

မျက်သားခြောက်တာ

မျက်လုံးတွေ ခြောက်တာ၊ မျက်သားခြောက်တာနဲ့ မျက်ရည်ခမ်းတာတွေကလည်း မျက်ခမ်းလှုပ်တာကို ခံစားရစေနိုင်ပါတယ်။ ဒါကြောင့် မျက်စဉ်းလေးကို ပုံမှန်လေး ခတ်ပေးတာမျိုး မျက်ရည်တုလေး ထည့်ပေးတာမျိုး လုပ်ပေးကြည့်ပါ။

အိပ်ရေးပျက်တာ

ညဘက်တွေမှာ အိပ်စက်ချိန် ပြည့်ပြည့်ဝဝ မရတာက အိပ်ရေးပျက်တာကို ခံစားရစေနိုင်ပါတယ်။ ဒီလို အိပ်ရေးပျက်တာမျိုး များလာတဲ့အခါ မျက်ခမ်းလှုပ်တာကိုလည်း ခံစားရစေနိုင်ပါတယ်။

ဒီအခြေအနေကြောင့် မျက်ခမ်းလှုပ်တာကို သက်သာစေဖို့ဆိုရင် ညဘက်တွေမှာ အိပ်ရေးဝဝ အိပ်တာမျိုး လုပ်ပေးဖို့ လိုပါမယ်။

တစ်ခါတလေမှာလည်း အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ မျက်လုံးလှုပ်တတ်ပါတယ်။

ဘယ်လို သက်သာအောင် လုပ်မလဲ!

မျက်ခမ်းလှုပ်တာက သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးမှာ အခုလို နည်းလမ်းလေးတွေနဲ့ သက်သာအောင် လုပ်ဆောင်လို့ ရပါတယ်။ ဒီတော့ မျက်ခမ်းလှုပ်နေတာက သိပ်မပြင်းထန်ဘူးဆိုရင်တော့ –

  • အိပ်ရေးဝဝ အိပ်ပါ
  • ကဖင်းလျှော့ပါ
  • အယ်လ်ကိုဟော လျှော့ပါ
  • စိတ်ဖိစီးမှုတွေကို ဖြေလျော့ပါ
  • မျက်ရည်တု မျက်စဉ်းခတ်ပေးပါ

ဒီနည်းလမ်းတွေ လုပ်ကြည့်ပေမယ့် မသက်သာဘူး။ အရမ်းပြင်းထန်မယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

ဒါလေးတွေ သိထားဖို့ လိုပါတယ်။

  • မျက်ခမ်းလှုပ်တာက မျိုးရိုးလိုက်တာကြောင့် ဖြစ်တဲ့ အခြေအနေ တစ်ရပ်ပါ။
  • မျက်ခမ်းလှုပ်ရတဲ့ အကြောင်းရင်းခံကို တိတိကျကျ မသိရသေးပေမယ့် ဦးနှောက်နဲ့ အာရုံကြောကနေ အခြေခံပြီး ဖြစ်လာတယ် ဆိုတာပါ?။
  • မျက်သားခြောက်တာ၊ စိတ်ဖိစီးတာ၊ ခြေကုန်လက်ပမ်းကျတာ၊ ဆေးဝါးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
  • များသောအားဖြင့်တော့ မျက်ခမ်းလှုပ်တာက အန္တရာယ်မရှိဘဲ ယာယီသာ ခံစားရတာ ဖြစ်ပြီး အချိန်အတိုင်းအတာ တစ်ခုမှာ သူ့အလိုလို သက်သာသွားတတ်ပါတယ်။

# မျက်လုံးလေးကို တန်ဖိုးထားပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

References:

Myokymia (eyelid twitch or tic) https://www.aoa.org/healthy-eyes/eye-and-vision-conditions/myokymia?sso=y Accessed Date 11 September 2023

Eye Twitching Causes and Treatment https://www.aao.org/eye-health/tips-prevention/how-to-stop-eye-twitching Accessed Date 11 September 2023

Eyelid Twitching Causes https://www.mayoclinic.org/symptoms/eye-twitching/basics/causes/sym-20050838 Accessed Date 11 September 2023

Eyelid Myokymia https://emedicine.medscape.com/article/1213160-overview Accessed Date 11 September 2023

Eye Twitching https://www.hopkinsmedicine.org/health/conditions-and-diseases/eye-twitching Accessed Date 11 September 2023

ယခုပုံစံ

28/11/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အရမ်းငိုထားလို့ မျက်လုံးတွေ မို့အစ်နေတာကို သက်သာစေဖို့

မျက်လုံး ကျန်းမာရေး စစ်ဆေးရင်းက သိနိုင်မယ့် ရောဂါတွေက ဘာတွေဖြစ်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 28/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement