မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်စိ ကျန်းမာ စေဖို့ ဘာတွေ လုပ်လေ့ ရှိကြလဲ

ဘာလုပ်ကြမလဲ ဆိုတော့လေ။ မျက်စိက ကြည့်လို့ မကောင်းတာ၊ မျက်သားခြောက်သွေ့တာ၊ မျက်ရိုးကိုက်တာ၊ မျက်လုံးအောင့်တာ၊ မှုန်ဝါးတာတွေအတွက် မျက်စိ အားဆေး ဝယ်သောက်မယ်၊ မျက်စဉ်း ခတ်မယ်လေ။ မရရင် ဆေးခန်းပြမယ်၊ မျက်မှန် လုပ်မယ်။ ဒါပေမယ့် လိုအပ်ချက်တွေ ရှိလို့ ဆန္ဒပြနေတဲ့ ကိုယ့် ခန္ဓာကိုယ်ကို ချော့ရကောင်းမှန်း မသိကြပါဘူး။ လိုအပ်နေတဲ့ အာဟာရတွေကို ပြန်ဖြည့်ပေးမယ်၊ လွဲမှားနေတဲ့ အမူအကျင့်တွေကို ပြန်ပြင်မယ် ဆို ဆေးတွေ မလိုအပ်ခင် တော်ရုံတန်ရုံ ပြဿနာတွေကို အလိုလို ကုသနိုင်ပါတယ်နော်။ မျက်စိ ကျန်းမာဖို့ ဒါတွေ ဂရုစိုက်လိုက်ပါ (၁) အသီးအရွက် နဲ့ အာဟာရ ဖြစ်တာတွေ များများ စားပါ အစားအသောက် ဆိုတာ ကိုယ့်ကျန်းမာရေးကို ကောင်းအောင်လည်း လုပ်ပေးနိုင်သလို ဆိုးအောင်လည်း လုပ်ပေးနိုင်တဲ့အရာတွေပါ။ အားလုံးသိကြတဲ့ အတိုင်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန် လေးတွေ တပ်မယ်ဆိုရင်

နောက်ပိုင်းမှာ မျက်ကပ်မှန် လေးတွေကို အနီးမှုန်၊ အဝေးမှုန် ပါဝါတွေကြောင့်ရော၊ ပါဝါမပါဘဲ အလှအနေနဲ့ရော တပ်ဆင်လာကြပါတယ်။ တချို့ကတော့ မျက်ကပ်မှန်တပ်ရမှာ ကြောက်ကြပေမယ့် တချို့ကတော့ မျက်မှန်အလေးကြီးတွေအစား ပေါ့ပါးတဲ့မျက်ကပ်မှန်လေးတွေတပ်ရတာကို ပိုကြိုက်နှစ်သက်ကြပါတယ်။ ဒါ့အပြင် မျက်လုံးကို အရောင်မျိုးစုံ ဒီဇိုင်းမျိုးစုံ အလှဆင်နိုင်တဲ့အတွက်လည်း မျက်ကပ်မှန်တွေက လူငယ်တွေကြားမှာ ပိုပြီး ခေတ်စားလာခဲ့ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မျက်ကပ်မှန်တပ်လေ့ရှိတဲ့ သူတွေအတွက် အန္တရာယ်မဖြစ်စေဖို့အတွက် ဂရုစိုက်သင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာပါ။ Hello ဆရာဝန် ပရိသတ်ကြီးထဲမှာလည်း မျက်ကပ်မှန်လေးတွေ တပ်တဲ့ သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မျက်ကပ်မှန်တွေဟာ သေသေချာချာဂရုမစိုက်ဘူးဆိုရင် (သို့) မမှန်ကန်တဲ့ တပ်ဆင်နည်း၊ သိမ်းဆည်းနည်းတွေနဲ့ အသုံးပြုမယ်ဆိုရင် မျက်လုံးကို ထိခိုက်စေတဲ့အပြင် မျက်လုံးထဲကို ပိုးဝင်စေနိုင်ပြီး ဆိုးရွားတဲ့ နောက်ဆက်တွဲတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် […]


မျက်စိရောဂါများ

သင်က colour blind တစ်ယောက်လား။

ငယ်ငယ်တုန်းကဆို သူငယ်ချင်း အချင်းချင်း အရောင်တွေ မှားပြောနေပြီဆိုရင် နင်က colour blind လား လို့ စ လေ့ရှိတယ်ဟုတ်။ ပတ်ဝန်းကျင်မှာ colour blindလေးတွေ တွေ့ဖူးကြလားမသိ။ သူတို့က blindလို့ ပြောပေမယ့် အရောင်တွေကို မမြင်ရတာ မဟုတ်ပါဘူး။ အရောင်တွေကို မြင်ရပါတယ်။ အရောင်တွေကို အမျိုးအမည် မခွဲနိုင်တာပါ။ အမြင်အာရုံလည်း တခြား လူတွေလို ပုံမှန်ပါပဲ။ ချို့ယွင်းချက်လေး တစ်ခုဖြစ်သွားလို့ မမြင်ရတော့တာပါ။ သူတို့အကြောင်းက စိတ်ဝင်စားဖို့ကောင်းပါတယ်။ အနားမှာ colour blind သူငယ်ချင်းလေး တစ်ယောက်လောက် ရှိရင် ကူညီပေးနိုင်အောင် ကြည့်ကြည့်ရအောင်။ Colour blind က ဘာကြောင့် ဖြစ်တာလဲ။ အဓိကကတော့ မျိုးရိုးဗီဇကြောင့်ပါပဲ။ မိဘ (အထူးသဖြင့် အမေ)ဆီမှာ မျိုးဗီဇရှိနေရင် သားသမီးဆီကို ရောက်သွားပြီး […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေကာမျက်မှန် ကို ဘာကြောင့်တပ်သင့်သလဲ။

နွေတုန်းကဆို ပူလိုက်တာမှ ခေါင်းတွေပါ ကိုက်လာတဲ့အထိပဲ။ နားထင်ကြောတွေထင်းပြီး မျက်လုံးတွေပါ ဝါးလာတယ်ဟုတ်။ နွေရာသီမှာ ထီးတွေဆောင်း sunscreenတွေ လိမ်းကြပေမယ့် မသိလိုက် မသိလိုက်ဘာသာနဲ့ ဂရုစိုက်ဖို့ လွတ်သွားတာ ရှိပါတယ်။ ဒါကတော့ မျက်လုံးပါ။ မျက်လုံးကို တော်ရုံတန်ရုံ ဘယ်သူမှ ဂရုမစိုက်ကြပါဘူး။ မျက်လုံးကို အပူဒဏ်က ကာကွယ်ဖို့ဆိုရင် နေကာမျက်မှန် တပ်ရမှာပါ။ အရင်ကတော့ နေကာမျက်မှန်ဆိုတာ ဖက်ရှင်တစ်ခုလို စတိုင်ထုတ်ပြီး တပ်ကြပေမယ့် အောက်က ဆောင်းပါးကို ဖတ်ပြီးသွားရင်တော့ ကျန်းမာရေးအရလည်း နေကာမျက်မှန်ဆိုတာ လိုပါလားလို့ သိသွားမှာပါ။ နေကာမျက်မှန် ဝယ်မယ်ဆိုရင် အဲ့တာ အရင်မပြောခင် အရင်ဆုံး နေကာမျက်မှန်ကို ဘယ်လို ရွေးရမလဲဆိုတာ ပြောပြပေးပါ့မယ်။ မျက်နှာနဲ့ လိုက်ဖက်တာတွေ၊ brandတွေကို ခဏထားပြီး ကျန်းမာရေး အရ သင့်တော်တဲ့ နေကာမျက်မှန်ကို အရင်ရွေးရအောင်။ […]


မျက်စိရောဂါများ

မျက်သားတက် တာ စိုးရိမ်ရလား

မျက်လုံးရဲ့ အဖြူသားပေါ်မှာ အကြည်ရောင်တြိဂံပုံ အဖတ်လေး ကပ်နေတာ မြင်ဖူးပါသလား။ အထူးသဖြင့် လူကြီးတွေမှာပေါ့။ တစ်ခါတစ်လေဆို မျက်ဆံအမည်းပေါ်ထိတောင် ရောက်လာတယ်လေ။ ဒါကို မျက်သားတက် တယ်လို့ ခေါ်ပါတယ်။ လူကြီးတွေကတော့ မျက်လုံးမှာ တစ်ခုခုကပ်နေတယ်ဆိုပြီး ပြောတတ်ကြပါတယ်။ သူတို့က စိတ်ထဲမှာ တစ်ခုခု ဖြစ်သွားမှာကို ကြောက်တတ်ကြပါတယ်။ တကယ်တော့ မျက်သားတက်တာက လူကို ဒုက္ခပေးလေ့မရှိပါဘူး။ တစ်ခါတစ်လေ သူ့ဟာသူ အလိုလို ပျောက်သွားတာမျိုးလည်း ရှိပါတယ်။ မပျောက်လည်း  ထူးထူးခြားခြား ခံစားရတာမျိုးမရှိရင် အရေးတယူကုနေစရာ မလိုပါဘူး။ ဒါပေမယ့် မျက်သားတက်တာကြောင့် မျက်လုံးထဲမှာ ခုလုခုလုဖြစ်နေပြီး နေလို့မကောင်းရင်၊ မျက်စိကြည့်လို့မကောင်းရင်တော့ ဒါကို ဖယ်ထုတ်နိုင်ပါတယ်။ ဘာကြောင့် မျက်သားတက် တာလဲ။ မျက်သားတက်ရတဲ့ အကြောင်းအရင်းကိုတော့ အသေအချာ မပြောနိုင်ကြသေးပါဘူး။ အပြောများတဲ့ကိစ္စတစ်ခုကတော့ UV lightက မျက်သားတက်တာကို ပိုဆိုးစေပါတယ်တဲ့။ […]


မျက်စိရောဂါများ

မျက်ကြောဆွဲခြင်း

မျက်ကြောဆွဲခြင်း အကြောင်း လေ့လာလိုက်ရအောင်နော်။ မျက်ခွံလေး အကြောမဆွဲလိုက်နဲ့။ ငါတော့ မျက်ခုံးလှုပ်နေပြီ ဘာဖြစ်တော့မလဲမသိဘူးလို့ တွေးဖူးကြတယ်ဟုတ်။ မျက်ခွံမှာ ရှိတာတွေက ကြွက်သားတွေပါ။ ဒီကြွက်သားတွေကြောင့် မျက်လုံးအဖွင့်အပိတ် လုပ်လို့ရတာပေါ့။ ကြွက်သားတွေ ကျုံ့ဖို့ ဆန့်ဖို့ဆိုရင် လျှပ်စီးဓာတ်လိုပါတယ်။ ဟုတ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ လျှပ်စီးဓာတ်ရှိပါတယ်။ Action potentialလို့ ခေါ်ပါတယ်။ ဒီလျှပ်စီးဓာတ်ကြောင့်ပဲ နှလုံးကြွက်သားကစလို့ ဒီမျက်ခွံကြွက်သားသေးသေးလေးတွေအထိ ကျုံ့နိုင်ဆန့်နိုင်တာပေါ့။ လျှပ်စီးဓာတ်ဆိုတော့ သိတဲ့အတိုင်းပဲ သူတို့လည်း တစ်ခါတလေ circuitလွဲပြီး လုပ်ချင်ရာ လုပ်တတ်ပါတယ်။ ဘာမှန်းမသိ မျက်ကြောဆွဲ တာ၊ အသားလှုပ်တာ၊ ဟိုနား ဒီနား ဆတ်ခနဲတုန်တာတွေက ဒါကြောင့်ပါ။ များသောအားဖြင့်တော့ အန္တရာယ်မရှိတတ်ပါဘူး။ ဖြစ်ဖြစ် ပျောက်ပျောက်တွေပါပဲ။ ဒါပေမယ့် ဘယ်လိုအခါမှာ စိုးရိမ်ရမလဲ။ ဆရာဝန်နဲ့ ပြရမလဲ စသဖြင့် သတိထားရမယ့် အခြေအနေတွေလည်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ဖုန်း နဲ့ ကွန်ပျူတာ ကြည့်တာများလို့ မျက်လုံး ခြောက်ရင် ဘာလုပ်ရမလဲ

မျက်လုံး ထဲ ကျိန်းတာ၊စပ်တာ၊ ခို့လို့ခုလုဖြစ်တာတွေက မျက်လုံးခြောက်သွေ့နေတာဖြစ်နိုင်တယ်။ Dry eye လို့ခေါ်တဲ့ မျက်လုံးခြောက်သွေ့တဲ့ပြဿနာဟာ ကွန်ပျူတာတွေ၊ ဖုန်းတွေလို ဒစ်ဂျစ်တယ်စခရင်မ်တွေကြည့်တာများတဲ့သူတွေမှာဖြစ်နေကျပါ။ တီဗီကိုမထတမ်းကြည့်လေ့ရှိတဲ့သူတွေမှာလည်း ခံစားရတတ်ပါတယ်။ တကယ်တော့ မျက်လုံး ကျန်းမာပြီး အမြင်အာရုံ ကြည်လင်စေဖို့ ထိန်းသိမ်းပေးနိုင်ဖို့ မျက်ရည် မလုံလောက်တဲ့အခါ အခုလိုဖြစ်လာတာပါ။ မျက်လုံး ထဲမှာ ရေဓာတ် ထိန်းသိမ်းနိုင်ဖို့၊ သက်တောင့်သက်သာရှိဖို့၊ အမြင် ကြည်လင်ဖို့၊ အမှုန်အမွှားနဲ့ ပြင်ပက ဖုန်မှုန့်တွေကို မျက်လုံးထဲကဖယ်ရှားပေးဖို့၊ ရောဂါပိုးတွေ ရန်က ကာကွယ်ပေးဖို့ ဆိုတာ မျက်ရည်ရဲ့ လုပ်ဆောင်ချက်တွေ ပါ။ ဒါ့ကြောင့် မျက်ရည်အမြဲအလုံအလောက်ရှိနေဖို့ လိုပါတယ်။ မျက်ရည်ခန်းခြောက်လို့ Dry eye ဖြစ်နေပြီဆို ဒီအချက်လေးတွေ လုပ်ကြည့်ပါ။ မျက်ရည်တု ခတ်ပါ မျက်ရည်တုလို့ခေါ်တဲ့ မျက်စဉ်းလေးတွေကို ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရပါတယ်။ မျက်ရည်တု […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

နေကြတ်တဲ့အခါ မျက်စိနဲ့ တိုက်ရိုက် မကြည့်သင့်ပါ။

မနေ့က ဒေသစံတော်ချိန် ၁၂ နာရီ ကျော်ကော်လောက်က နေကြတ်တဲ့ဖြစ်စဉ် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ နေကြတ်တုန်းက အားပါးတရနဲ့ နေကြတ်တာကို မျက်လုံးနဲ့ ဘာအကာအကွယ်မှ မယူဘဲ ကြည့်လိုက်မိသေးလား။ ခုရော မျက်လုံးက ကြည့်ရတာ အဆင်ပြေရဲ့လား။ လူတော်တော်များများက နေကြတ်တဲ့ဖြစ်စဉ်ကို လူတော်တော်များများက ကြုံတောင့်ကြုံခဲ ဖြစ်စဉ်လို့ မှတ်ယူပြီး အချိန်ပေး စောင့်ကြည့်တတ်ကြပါတယ်။ နေကြတ်တာကို ကြည့်ဖို့ အာရုံ ထားရင်း လူတော်တော်များများ မေ့လျော့နေတာက အဖိုးဖြတ်လို့မရတဲ့ မျက်လုံးတွေကို ကာကွယ်ဖို့ပါ။ တကယ်ကတော့ နေကြတ်တာကို အကာအကွယ် မပါဘဲ သာမန်မျက်လုံးနဲ့ လုံးဝ မကြည့်သင့်ပါဘူး။ ဘာကြောင့် ဒီလို ပြောရတာလဲ ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ နေကြတ်တယ် ဆိုတာဘာလဲ။ နေကြတ်တယ်ဆိုတာက  လက နေ နဲ့ ကမ္ဘာကြားကို ဖြတ်သန်းသွားတဲ့ အချိန်ပါ။ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ရွှေသမင်လို မျက်ဝန်းလှလှလေး ပိုင်ဆိုင်စေမယ့် လျှို့ဝှက်ချက်များ

ရွှေသမင်လို ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းလှလှလေးတွေ ပိုင်ဆိုင်ထားတာကို အမျိုးသမီးတစ်ယောက်ရဲ့ အလှတရားတစ်ခုလို့ မြန်မာတွေက တင်စားခေါ်ဆိုကြပါတယ်။ ရွှေသမင်လို မျက်ဝန်းဆိုတာက မျက်လုံးအစုံလိုက် ရွှေသမင်နဲ့ တူနေတာကိုဆိုလိုတာမဟုတ်ပါဘူး။ သမင်မျက်ဝန်းလို ရွှန်းစိုတောက်ပနေတာကို ဆိုလိုတာပါ။ ရွှန်းစိုလှပတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နေဖို့ဆိုရင် နေထိုင်ပုံ၊ စားသောက်ပုံတွေမှာ နည်းမှန် လမ်းမှန်နဲ့ နေထိုင်စားသောက်ဖြစ်ဖို့ လိုအပ်ပါတယ်။ နေချင်သလိုနေ၊ စားချင်သလိုစားပြီး မျက်စိကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် မွေးရာပါလှပတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသူတောင်မှ အဲ့ဒီအလှတရားကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်မဟုတ်လား။ ဒါကြောင့် ကိုယ့်ရဲ့ မျက်ဝန်းလေး လှပနေဖို့ဆိုရင် အနေအထိုင် အစားအသောက်ပိုင်းမှာ ဘယ်လို နေထိုင်၊ စားသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။ မျက်ဝန်းကျန်းမာလှပစေသော အစားအစာနှင့် အာဟာရများ မျက်ဝန်းကို ရွှန်းစိုလှပစေဖို့ မှီဝဲပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ ၁။ ဗီတာမင် C ဓာတ်ကြွယ်ဝသည့် အသီးအနှံများ (လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး) ၂။ […]


အခြားမျက်လုံးပြဿနာများ

မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် ဒါတွေသိထားဖို့ လိုမယ်နော်

အမြင်အာရုံဝေဝါးလို့ပဲဖြစ်ဖြစ်၊ အလှအပအတွက်ပဲဖြစ်ဖြစ် မျက်ကပ်မှန်တပ်တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက်လေးတွေကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ မျက်ကပ်မှန်ဆိုတာ အမြင်အာရုံချိန်ညှိပေးဖို့အတွက် မျက်လုံးထဲမှာ သက်သောင့်သက်သာ တပ်ဆင်နိုင်အောင် တီထွင်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်မှန်ဘီလူးလေးတွေ ဖြစ်ပါတယ်။ အရင်တုန်းကတော့ အနီးမှုန်၊အဝေးမှုန်လို မျက်လုံးအားသိပ်မကောင်းသူတွေပဲ အဓိက အသုံးပြုခဲ့ကြပေမဲ့ အခုချိန်မှာတော့ အလှအပအတွက်ပါ ဒီဇိုင်းကာလာ မျိုးစုံထုတ်လုပ်ပြီး တပ်လာကြပါပြီ။ မျက်စိအားနည်းပေမဲ့ မျက်မှန်ကြီး တစ်ချိန်လုံး တပ်မထားချင်သူတွေအတွက်တော့ မျက်ကပ်မှန်က အတော်လေး အဆင်ပြေစေပါတယ်။ ကိုယ်မျက်စိအားနည်းတာကိုလည်း လူမသိစေသလို မျက်မှန်ကို ဂရုတစိုက်သိမ်းဆည်းရတဲ့ ဒုက္ခလည်း ကင်းဝေးစေပါတယ်။ မျက်ကပ်မှန် တပ်ဆင်တော့မယ်ဆိုရင် မျက်ကပ်မှန်အမျိုးအစားတွေကို သိဖို့အရေးကြီးပါတယ်။ အဓိက မျက်ကပ်မှန်အမျိုးအစား ၂ မျိုးရှိပါတယ် - Soft contact lenses (မျက်ကပ်မှန်အပျော့) - အသုံးအများဆုံးမျက်ကပ်မှန်အမျိုးအစားတွေဖြစ်ပြီး အနီးမှုန်၊ အဝေးမှုန် နဲ့ ပုံရိပ်နှစ်ထပ်မြင်တဲ့ […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်