backup og meta

မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ!

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ!

    ရေခဲကပ်တယ် ဆိုတာကို တော်တော်များများ သိထားမိနိုင်တာက ထိခိုက်ဒဏ်ရာတွေကိုပဲ ကပ်တာ၊ အရိုးအဆစ်တွေ နာတာ၊ ကြွက်သားတွေ နာကျင်တာကို သက်သာစေဖို့ပဲ အသုံးပြုကြတယ်လို့ သိထားကြတာပါ။ တကယ်ကတော့ ရေခဲကို မျက်လုံးလေးတွေကိုလည်း ကပ်ပေးလို့ ရပါတယ်။ ဒီတော့ ဆက်ပြောချင်တာက မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ! ဆိုတာပါ။ ကဲ …. အတူတူ ကြည့်လိုက်ရအောင်နော်။

    မျက်လုံးကို ရေခဲကပ်ပေးတာက ဘယ်လို ကောင်းကျိုးတွေရနိုင်မလဲ!

    မျက်လုံးကို ရေခဲကပ်ပေးတာက မျက်လုံး ရောင်ရမ်းတာ၊ နာကျင်တာ နဲ့ မျက်လုံးခြောက်သွေ့တာတွေကို သက်သာစေနိုင်ပါတယ်။ မျက်စိနာကျင်တာကို သက်သာစေဖို့လည်း  ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။

    မျက်လုံးကို ရေခဲဝတ်နဲ့ ကပ်ပေးတာက မျက်လုံးတဝိုက်က သွေးကြောလေးတွေကို ကျန်းမာစေပြီး မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    အချို့​သော မျက်လုံးပြဿနာတွေအတွက်တော့ ရေခဲဝတ် ကပ်ပေးတာထက် ရေနွေးအိတ်ကပ်တာက ပိုသက်သာစေပါတယ်။

    မျက်လုံးခြောက်တာ

    မျက်လုံးခြောက်တာက အဖြစ်များတဲ့ ပြဿနာပါ။ မျက်လုံး ခြောက်ပြီဆိုရင်

    • မျက်လုံးက ယားယံတာ
    • မျက်လုံးက ပူစပ်စပ် ဖြစ်တာ
    • မျက်လုံးတွေ နီတာ
    • အလင်းဒဏ် မခံနိုင်တာ
    • အမြင်အာရုံတွေ ဝါးတာမျိုးတွေကို ခံစားရနိုင်ပါတယ်။

    မျက်လုံးခြောက်တယ်ဆိုတာက မျက်ရည်ထုတ်တဲ့ ဂလင်းတွေက လုံလောက်တဲ့ အစိုဓာတ် မထိန်းနိုင်တာကြောင့်ပါ။ မျက်လုံးခြောက်တာကို ရေခဲကပ်ပေးတာက သက်သာစေသလို အချို့သော အခြေအနေမျိုးတွေမှာ မျက်စဉ်း ခတ်တာ၊ မျက်ရည်တု ခတ်တာမျိုးတွေ လုပ်ဆောင်ပေးလို့ ရပါတယ်။

    မျက်စိခြောက်တာကို ရေခဲဝတ် ကပ်ပေးတာက မျက်ရည်တု ခတ်သလို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။

    မျက်စိရောင်တာ

    မျက်စိရောင်တာက ဓာတ်မတည့်တာကြောင့် ဖြစ်နိုင်သလို ပိုးဝင်ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး အခြေအနေတွေကို ခံစားရတဲ့အခါ မျက်လုံးတွေ နီရဲပြီး မျက်စိရောင်တာကို ခံစားရနိုင်ပါတယ်။ မျက်စိရောင်တဲ့အခါ

    • မျက်လုံးခြောက်တာ
    • မျက်စိက ဝါးတားတား ဖြစ်တာ
    • မျက်စိယားယံတာ
    • မျက်ရည်ထွက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးကို ရေခဲဝတ်ကပ်ပေးလို့ ရပါတယ်။ ဒါပေမယ့် ရေခဲထည့်ပြီး ကပ်မယ့် တဘက်စကတော့ သန့်စင်နေဖို့ လိုပါမယ်။ မျက်စိရောင်တဲ့အခါ မျက်လုံးက အရမ်းနာပြီး ပုံမှန်ထက် မျက်ဝတ်တွေ ပိုထွက်တာ၊ အလင်းဒဏ်ကို မခံနိုင်တာမျိုးတွေ ဖြစ်တတ်ပါတယ်။

    မျက်စိနာတာ

    မျက်စိနာစေနိုင်တဲ့ အကြောင်းအရာတွေကတော့ အများကြီးပါ။

    • မျက်လုံးထဲကို ပြင်ပအရာဝတ္ထု တစ်ခုခု ဝင်တာ
    • ဓာတ်မတည့်တာ
    • ပိုးဝင်တာ
    • မျက်ကပ်မှန်ကြောင့် မအီမသာ ဖြစ်တာ
    • ထိခိုက်မိတာ
    • မျက်ခွံစပ်မှာ အဖုလေးတွေ ပြည်ဖုလေးတွေ ဖြစ်တာကြောင့် မျက်စိနာနိုင်ပါတယ်။

    ဒီလို မျက်စိနာတဲ့အခါ မျက်စိနာတာကြောင့် ရောင်တာကို သက်သာစေဖို့အတွက် ရေခဲဝတ်လေး ကပ်ပေးလို့ ရပါတယ်။ ဒီလို လုပ်ပေးတာက မျက်စိနာတာကြောင့် ရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒီလို မျက်စိနာချိန်မှာ မျက်လုံးကို မပွတ်မိဖို့ လိုပါမယ်။ တကယ်လို့ မျက်စိနာတာက ဓာတုပစ္စည်း တစ်ခုခုနဲ့ ထိတွေ့မိတာကြောင့် ဖြစ်မယ်ဆိုရင်တော့ မျက်လုံးကို ရေသန့်သန့်နဲ့ ဆေးပြီး ချက်ချင်း ကုသမှု ခံယူပါ။

    မျက်ကွင်းညိုတာ၊ မျက်အိတ်ဖောင်းတာ

    အချို့သူတွေမှာ အခြားသူတွေထက် ပိုပြီး မျက်ကွင်းညိုတာမျိုးတွေ ရှိသလို မျက်အိတ်ဖောင်းတာမျိုးလည်း ရှိပါတယ်။ ဒီလို မျက်ကွင်းညိုတာ မျက်အိတ်ဖောင်းတာတွေက အသက်အရွယ်ရလာချိန်မှာ ပိုဖြစ်တတ်ပြီး အခုလို အကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    • မျက်ကွင်းညိုရတာက
    • အရေပြားပြဿနာ
    • အသက်အရွယ် ရလာတာ
    • ဆေးလိပ်သောက်တာ
    • မျက်လုံးကို ပွတ်တာ
    • hayfever
    • ခြေကုန်လက်ပမ်းကျနေတာ
    • ရေဓာတ်ခမ်းခြောက်တာတွေကြောင့်ပါ။

    ဒီအခြေအနေကို သက်သာစေဖို့အတွက် မျက်လုံးတဝိုက်ကို ရေခဲဝတ် ကပ်ပေးလို့ ရပါတယ်။ ရေခံကပ်တာက မျက်ကွင်းညိုတာကိုရော မျက်အိတ်ဖောင်းတာကိုပါ အတိုင်းအတာ တစ်ခုအထိ သက်သာစေနိုင်ပါတယ်။

    # အမှာစကား

    မျက်လုံးတွေ ညောင်းတာ၊ ပင်ပန်းတာ၊ မျက်စိခြောက်တာ၊ မျက်စိရောင်တာတွေကို သက်သာစေဖို့ ရေခဲဝတ် ကပ်ပေးလို့ ရတယ်ဆိုပေမယ့် ရေခဲကပ်တာက အားလုံးကို သက်သာစေတယ်တော့ မဟုတ်ပါဘူး။ အချို့သော အခြေအနေတွေက သေချာလေး ကုသမှု ခံယူဖို့ လိုမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement