မျက်စိကျန်းမာရေး

မျက်လုံးက ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ အဖွံ့ဖြိုးဆုံး အာရုံခံနိုင်တဲ့ အင်္ဂါတစ်ရပ်ပါ။ အမြင်အာရုံကောင်းနေမှသာ နေ့စဉ်အလုပ်တွေကို ကောင်းကောင်းလုပ်နိုင်မှာဖြစ်လို့ မျက်လုံးကျန်းမာရေးက အင်မတန်အရေးကြီးပါတယ်။ ဒီစာမျက်နှာမှာ အမြင်အာရုံကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေအကြောင်းနဲ့ ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

မျက်စိကျန်းမာရေး

မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား !

မျက်စိနာတာက ကိုယ်တိုင်အတွက် အတော်လေး နေရခက်သလို ပတ်ဝန်းကျင်ကသူတွေကိုလည်း စိုးထိတ်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ငါ့ကိုများ ကူးလေမလားဆိုပြီးပေါ့။ လူကြီးတွေဆိုရင် မျက်စိနာတဲ့သူကို သွားမကြည့်နဲ့ ကူးတတ်တယ်ဆိုပြီး တားတတ်ကြပါတယ်။ မျက်စိနာတာက ကြည့်ရုံနဲ့ ကူးစက်တတ်လား ဆိုတာနဲ့ မျက်စိနာတာကို မကူးစက်အောင် ဘယ်လိုကာကွယ်ကြမလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ မျက်စိနာတာက အဖြစ်များသလား! မျက်စိနာတယ်ဆိုတာက အဖြစ်များတဲ့ မျက်လုံးပိုးဝင်ကူးစက်မှု တစ်ရပ်ဖြစ်ပြီး မျက်ခွံအတွင်းသားတစ်ရှူးတွေကို ရောင်ရမ်းစေနိုင်ပါတယ်။ မျက်စိနာတာက မျက်လုံး တစ်ဖက်တည်းမှာ ဖြစ်တာမျိုး ရှိနိုင်သလို မျက်လုံး နှစ်ဖက်စလုံးမှာ ဖြစ်တာမျိုးလည်း ရှိနိုင်ပါတယ်။ မျက်စိနာတာက ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်သလို ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။  မျက်စိနာတဲ့အခါ ဖြစ်တဲ့ အကြောင်းတရားပေါ်ကိုလိုက်ပြီး မျက်စဉ်းခတ်တာ၊ ဆေးသောက်တာ နဲ့ ရေသန့်သန့်နဲ့ သန့်စင်တာ၊ သက်သောင့်သက်သာဖြစ်အောင် ထားတာ […]

မျက်စိကျန်းမာရေး ကို ရှာဖွေမည်။

မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အမြင်မကြည် ရသည့် အကြောင်းတရားများ

ကိုယ့်ရှေ့မှာ မြင်တွေ့နေရတဲ့ မြင်ကွင်းတွေကို ကြည်ကြည်လင်လင် ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်တွေ့နိုင်ခြင်းမရှိတာကို အမြင်မကြည် ဘူး၊ မြင်ကွင်းတွေဝေဝါးနေတယ်လို့ ဆိုတတ်ကြတယ်မဟုတ်လား။ လူတိုင်း အမြင်ဝေဝါးတာမျိုးကို ကြုံရတတ်ပါတယ်။ ယျေဘုယျအားဖြင့် အမြင်အာရုံဝေဝါးတာ၊ အမြင်မကြည် တာဟာ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာမျိုး မဟုတ်ပါဘူး။ အမြင်အာရုံစွမ်းဆောင်ရည် ကျဆင်းလာတာ၊ မျက်မှန် မျက်ကပ်မှန်စတာတွေ အပြောင်းအလဲပြုလုပ်ဖို့လိုတာတွေကြောင့် အဖြစ်များပါတယ်။ ဒါပေမယ့် အမြဲတမ်း ဒီပြဿနာတွေကြောင့်ချည်း အမြင်အာရုံဝေဝါးနေတတ်တယ်လို့တော့  သတ်မှတ်လို့မရပါဘူး။ တခြားသော အကြောင်းအရင်းတွေကြောင့်လည်း မြင်ကွင်းဝေဝါးတာ၊ အမြင်မကြည်တာမျိုးတွေ ကြုံရတတ်ပါသေးတယ်။ တခါတရံမှာ ဆိုးရွားတဲ့ မျက်စိကျန်းမာရေးပြဿနာတွေကြောင့် အမြင်ဝေဝါးနေတာဖြစ်နေနိုင်တာကြောင့်ပါ။ https://hellosayarwon.com/eye-health/other-eye-issues/common-symptoms-of-eyes-diseases/ အမြင်မကြည် တာ ဒီပြဿနာတွေကြောင့်လား အမြင်အာရုံ ဝေဝါးနေတာ သာမန် နေပူထဲ ထွက်ရင်း နေထိုးလို့ဖြစ်နိုင်သလို မျက်လုံးကျန်းမာရေး ပြဿနာတစ်စုံတစ်ရာ ရှိနေတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်သူတွေက အဆိုရှိကြပါတယ်။ အမြင်မကြည်တာကို အမြဲတမ်းကြီးတော့ ပေါ့လျော့မေ့ထားလို့ […]


အခြားမျက်လုံးပြဿနာများ

အမြင်အာရုံ မှာ ဒီလိုတွေ ဖြစ်လာပြီဆိုရင် သတိထားပါ။

နေ့စဉ်ကြည့်နေကျ မျက်လုံးတွေက အရာရာကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်ဆိုတာ မင်္ဂလာတစ်ပါးပါပဲ။ သာမန်အားဖြင့်တော့ ဒါကို ကျွန်တော်တို့ သတိမပြုမိကြပါဘူး။ တစ်နေ့မှာ အမြင်တွေ ဝါးလိုက်တာ၊ မျက်လုံးတွေ နီနေတယ် စသဖြင့် ဝေဒနာတွေ ခံစားရပြီဆိုရင်တော့ မျက်လုံးကျန်းမာရေးကို စစ်ဆေးဖို့ သတိရလာကြပါပြီ။ ဒါကြောင့် အောက်က အမြင်အာရုံ ပြဿနာတွေ  ခံစားနေရပြီဆို ဆရာဝန်နဲ့ အမြန်ဆုံးပြသဖို့ အကြံပေးပါရစေ။ ဂရုစိုက်ရမယ့် အမြင်အာရုံ ပြဿနာများ မျက်လုံးနီတာ မျက်လုံးနီတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီး နီရုံအပြင် မျက်လုံးယားတာ၊ ရောင်တာ၊ နောက်ဆုံး အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်လို့ သတိထားရပါမယ်။ ယေဘုယျအားဖြင့်တော့ မျက်လုံးနီတယ်ဆိုတာ မျက်လုံးထဲက သွေးကြောလေးတွေ ရောင်ရမ်းတာကြောင့် မျက်ဖြူသားမျာ ပန်းရောင် ဒါမှမဟုတ် အနီရောင် ဖြစ်လာတာပါ။ မျက်လုံးနီတာက သာမန်ပဲ ဖြစ်နိုင်သလို ပိုးဝင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ […]


မျက်စိမှုန်ဝါးခြင်း နှင့် မျက်စိကွယ်ခြင်း

အမြင်အာရုံဝေဝါးခြင်း ပြဿနာများအကြောင်း

ကမ္ဘာတစ်ဝန်းမှာ အမြင်အာရုံဝေဝါးခြင်း ပြဿနာကို ခံစားရတဲ့ လူနာတွေ  အများကြီး ရှိပါတယ်။ သူတို့ဟာ အကြောင်းအမျိုးမျိုးကြောင့် အမြင်ဝေဝါးကြတာဖြစ်ပြီး အများစုက အလွယ်တကူကုသလို့ရပါတယ်။ ဒီလို ကုသနိုင်ဖို့ဆိုရင်တော့ ကိုယ်အမြင်အာရုံချို့ယွင်းခြင်း ဖြစ်နေတာကို စောစောသိဖို့ လိုပါတယ်။ စောစောသိမှ စောစောကုသမှု ခံယူလို့ရမှာပါ။ အမြင်အာရုံဝေဝါးခြင်းက အမြင်ပြဿနာသက်သက် မဟုတ်ပါဘူး။ ကြာလာတာနဲ့အမျှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်နိုင်ပြီး မတော်တဆထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဖြစ်များတဲ့ အမြင်အာရုံဝေဝါးခြင်း ပြဿနာများ အနီးမှုန်ခြင်း အနီးမှုန်ခြင်းက ဖြည်းဖြည်းချင်း ဖြစ်လာပြီး ကြာလာလေလေ ပိုဆိုးလေလေပါ။ အသက်ကြီးလာတာနဲ့အမျှ ဖြစ်နိုင်ခြေ ပိုမြင့်လာပါတယ်။ အထူးသဖြင့် အသက် ၄၀ဝန်းကျင်လောက်ဆို စဖြစ်တတ်ပါတယ်။ သတိထားရမယ့် လက္ခဏာတွေက -အရင်ကနဲ့ မတူဘဲ တစ်ခုခုကို ခပ်ခွာခွာကြည့်မှ မြင်ရရင် -ပုံမှန်အကွာအဝေးနဲ့ စာဖတ်လို့ မရဘဲ ဝေဝါးသွားရင် -အနီးကပ် စာတွေဖတ်၊ အသေးစိတ်အာရုံစိုက်ပြီး အလုပ်လုပ်ပြီးတဲ့အခါ မျက်ရိုးတွေ၊ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါတိုးဖို့ လိုသလား

မျက်ရိုးကိုက် ပြီဆိုရင် မျက်မှန်သမားကလည်း မျက်မှန်ပါဝါမကိုက်လို့ များလား၊ မျက်မှန်မတပ်တဲ့ သူကလည်း မျက်မှန်တပ်ဖို့ လိုနေတာများလားလို့ တွေးလေ့ရှိပါတယ်။ မျက်ရိုးကိုက်တယ်ဆိုတာက မျက်လုံးပတ်ချာလည်က ကြွက်သားတွေ ညောင်းညာလို့ ဖြစ်လာတာပါ။ ဒီလို ညောင်းညာစေတာက အကြောင်းရင်းတစ်ခုမကဖြစ်နိုင်ပါတယ်။ မျက်ရိုးကိုက်ခြင်းနဲ့ မျက်မှန်ပါဝါ အသက်ကြီးလာတာနဲ့အမျှ မျက်လုံးက ကြွက်သားတွေ အားနည်းလာပြီး မျက်လုံးမှန်ဘီလူးက ငယ်ငယ်တုန်းကလို မဟုတ်တော့ပါဘူး။ ဒီတော့ တစ်ခုခုကို ကြည့်တဲ့အခါ အားစိုက်ကြည့်မှ သေချာမြင်ရပါတယ်။ ဒီလိုနဲ့ ကြာလာတဲ့အခါ မျက်လုံးကြွက်သားတွေ ညောင်းပြီး မျက်ရိုးကိုက်လာပါတယ်။ တစ်ခုခုကို ကြည့်တိုင်း အားစိုက်နေရတော့ အမြဲလိုလို မျက်ရိုးကိုက်လာတာပါတယ်။ ဒါကို သက်သာဖို့ ဆိုရင်တော့ မျက်မှန်ပါဝါကို ချိန်ညှိမှပဲ မျက်လုံးအားစိုက်ရတာ နည်းပြီး မျက်ရိုးကိုက်တာ သက်သာမှာပါ။ မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါတိုးဖို့ လိုသလား ဒါပေမယ့် မျက်ရိုးကိုက်တိုင်း မျက်မှန်ပါဝါကြောင့်တော့လို့ တစ်ထစ်ချပြောလို့မရပါဘူး။ ကိုယ့်ရဲ့ နေထိုင်မှုပုံစံ၊ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

ပြီးပြည့်စုံတဲ့ မျက်စိကျန်းမာရေးအတွက် ဘာတွေဂရုစိုက်သင့်သလဲ။

မျက်စိအဆုံး နားအရှုံးလို့ ဆိုသလိုပဲ မျက်လုံးလေးတွေပျက်စီးသွားရင် ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ မနက်မိုးလင်းကစလို့ မိုးချုပ်တဲ့အထိ မျက်တောင်လေး တဖျတ်ဖျတ်ခတ်လေး မရပ်မနားအလုပ်လုပ်နေရတဲ့အထဲမှာ မျက်လုံးလေးလည်း ပါပါတယ်။ ကျွန်တော်တွေ ဒီလောက် မရပ်မနားသုံးနေပေမယ့် ဒီမျက်လုံးလေးကို ဂရုစိုက်ဖို့တော့ အားနည်းတတ်ကြပါတယ်။ နောက်ဆုံး မျက်လုံးက ကောင်းကောင်း အလုပ်မလုပ်နိုင်တော့မှ အမြင်တွေ ပျက်စီးမှပဲ ထန်ဖိုးထားရကောင်းမှန်း သိပါတော့တယ်။ ဒီလိုမဖြစ်အောင် နေ့စဉ်ဘဝတည်းမှာ တတ်နိုင်သလောက်လေး စပြီး ဂရုစိုက်သွားပေးကြရရင် ပိုမကောင်းဘူးလား။ သင့်မျက်စိကို ဂရုမစိုက်ရင် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ သိပါသလား။ မျက်စိကို ဂရုစိုက်ချင်လာအောင် အရင်ဆုံး မျက်လုံးပြဿနာရဲ့ ကြောက်စရာကောင်းပုံတွေကို နည်းနည်းပြောပြပေးပါမယ်။ ရေတိမ်မှာ ဘာလက္ခဏာမှ မပြလိုက်ခင်မှာပဲ အမြင်အာရုံဆုံးရှုံးတာကို ဖြစ်စေနိုင်ပါတယ်။ ဆီးချိုသမားတွေဆိုရင်လည်း အမြင်တွေ ဝါးလာတာကို သတိမထားမိချင်မှ ထားမိမှာပါ။ အတွင်းထဲမှာတော့ မျက်လုံးက တဖြည်းဖြည်း […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ

မျက်လုံး တွေက အမြင်အာရုံကို ပေးတဲ့ အစိတ်အပိုင်းတွေပါ။ အလင်းရောင်ကို သိရှိခံစားပေးပြီး အာရုံကြောဆဲလ်လေးတွေကို electro-chemical impulses အနေနဲ့ သတင်း ပို့ပေးပါတယ်။ မျက်လုံးထဲမှာပါတဲ့ အရိုးစင်းဆုံး ဆဲလ်တွေဖြစ်တဲ့ အလင်းကို လျှပ်စစ်သံလိုက်လှိုင်းတွေအဖြစ် ပြောင်းလဲပေးတဲ့ ဆဲလ်လေးတွေက ပတ်ဝန်းကျင်က အလင်းတွေကို လှုပ်ရှားမှုနဲ့ ချိတ်ဆက်ပေးပါတယ်။ အဆင့်မြင့်တဲ့ သက်ရှိတွေမှာတော့ မျက်လုံးမှာ ပိုကောင်းတဲ့ အမြင်အာရုံစနစ် လုပ်ဆောင်ချက်တွေ ပါဝင်ပါတယ်။ ပတ်ဝန်းကျင်က အလင်းတွေကို ရယူပြီး မျက်လုံးအရှေ့ပိုင်း မှန်ဘီလူးတွေကနေတဆင့် အလင်းကို ချိန်ညှိပေးပြီး ပုံရိပ်တွေကို ပြောင်းလဲပေးပါတယ်။ ပုံရိပ်တွေကို electrical signals တွေအဖြစ် ပြောင်းလဲပေးပြီး ဒီအချက်ပြမှုတွေကို  အာရုံကြောတွေကနေတဆင့် ဦးနှောက်ကို ပေးပို့ပေးပါတယ်။ သင်မသိသေးတဲ့ မျက်လုံးထဲက အစိတ်အပိုင်းလေးများ မျက်လုံးထဲက အစိတ်အပိုင်းလေးများ အကြောင်း ကြည့်လိုက်ရအောင်နော်။  အမြင်အာရုံနဲ့ သက်ဆိုင်တဲ့ အစိတ်အပိုင်းများ မျက်ဖြူသားလွှာ […]


အခြားမျက်လုံးပြဿနာများ

ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း

ရေချိုးပြီးတိုင်း မျက်လုံးရဲ တတ်တဲ့သူများ ရှိပါသလား။ ဒါဆိုရင်တော့ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ လူတော်တော်များများက ရေချိုးပြီးရင် မျက်လုံးရဲတတ်ကြပါတယ်။ တစ်ဖက်တည်း ဒါမှမဟုတ် နှစ်ဖက်လုံး ဖြစ်တတ်ပါတယ်။ အခုတစ်ခေါက်တော့ ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း လေးတွေကို ပြောပြပေးသွားဖို့ ရှိပါတယ်။ တစ်ခါတလေ မျက်လုံးကြီးသိပ်ရဲနေတာကြောင့် လေများဖြတ်ချင်နေတာလား (အထူးသဖြင့် လူကြီးတွေမှာ)ဆိုပြီး တွေးတတ်ကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ။ သူများတွေ ပြောသလို အန္တရာယ်ရှိတဲ့ အခြေအနေလားဆိုတာ ကြည့်ကြရအောင်။ မျက်လုံးဘာကြောင့်ရဲရတာလဲ။ မျက်လုံးရဲရတဲ့ အကြောင်းတွေကတော့ အများကြီးပါပဲ။ မျက်လုံးခြောက်တာ နေရောင်ထဲ ထွက်တာများတာ ဖုန်ဝင်တာ ဓာတ်မတည့်တာ ပိုးဝင်တာ ထိခိုက်မိတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေထဲမှာ မပါတာကတော့ ရေချိုးပြီးရင်လည်း မျက်လုံးရဲတတ်တယ်ဆိုတာပါပဲ။ ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း ရေချိုးပြီးတိုင်း မျက်လုံးနီ နေရတဲ့ အကြောင်းအရင်း တွေကတော့ […]


မျက်စိထိန်းသိမ်းစောင့်ရှောက်ခြင်း

မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များ

မျက်မှန်တပ် တယ်ဆိုတာ သိပ်ပြီး ထူးဆန်းတဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ အသက်အရွယ် သို့မဟုတ် နေထိုင်တဲ့ပုံစံအရ မျက်စိအမြင်အာရုံတွေ မှုန်ဝါးလာတာ၊ မျက်စိစွေတာ၊ မွေးရာပါ မျက်စိအမြင်အာရုံ ပြဿနာရှိနေတာ စတဲ့ ပြဿနာများကြောင့် မျက်မှန်တပ်လာကြတဲ့သူတွေ များပါတယ်။ အရင်တုန်းကတော့ လူကြီးပိုင်းတွေမှာသာ မျက်မှန်တပ်တာများပြီး ဒီဘက်ခေတ်မှာတော့ လူငယ်တွေပါ မျက်မှန်တွေ အတပ်များလာတာကို တွေ့ရပါတယ်။ ဒီတစ်ခေါက်တော့ မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များ အကြောင်းကို ပြောပြပေးချင်ပါတယ်။ မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များ မျက်မှန်တပ်သူတိုင်း သိထားဖို့ လိုတဲ့ ဆောင်ရန်၊ ရှောင်ရန်များကတော့ ၁။ မျက်မှန်ကိုင်း အမျိုးအစားကို သေချာရွေးချယ်ပါ။ မျက်မှန်ကို အချိန်ကြာရှည်စွာ တပ်ထားရတဲ့အခါ မျက်စိအာရုံကြောသာမက နားထင်စပ်တွေပါ နာပြီး ညောင်းကိုက်လာတတ်ပါတယ်။ ဒီအတွက် မျက်မှန်ကိုင်းကို တတ်နိုင်သလောက် […]


အခြားမျက်လုံးပြဿနာများ

ခေါင်းဆောင့်ပြီးနောက် မျက်လုံးထဲ ကြယ်တာရာတွေမြင်လာရတဲ့အခါ

ကာတွန်းကားကြည့်ဖူးတဲ့သူ အများစု ဒီဖြစ်စဉ်ကို တွေ့ကြုံဖူးကြမှာပါ။ ဇာတ်ကောင် ကာတွန်းလေးတွေ တစ်ခုခုနဲ့ ခေါင်းကို ပြင်းထန်စွာ ဆောင့်မိလိုက်တဲ့အခါ ခေါင်းပေါ်မှာ ကြယ်တာရာလေးတွေ တန်းစီပေါ်လာပြီး လဲကျသွားတာမျိုးပေါ့။ တကယ်လည်း အပြင်မှာ ဒီလိုဖြစ်စဉ်မျိုးတွေ ရှိနိုင်ပါတယ်။ ကာတွန်းကားနဲ့တော့ လုံးဝ ဆင်တူတာမျိုး မဟုတ်ပါဘူး။ လောကကြီးမှာ ဖြစ်တဲ့ပုံစံက တစ်ခုခုနဲ့ ဆောင့်မိရင် မျက်လုံးထဲ ကြယ်လေးတွေ လက်သလို အဖြူရောင်အမှုန်လေးတွေ လက်လက်ထလာတာမျိုးကို မြင်နေရတာမျိုးပါ။ ဒီလို ဖြစ်ရခြင်းဟာ ဦးခေါင်းကို ဆောင့်မိတဲ့အခါ မျက်စိအာရုံကြောကိုပါ သွားပြီးထိခိုက်မိတဲ့အထိ ပြင်းထန်သွားတာကြောင့်ပါ။ မျက်ဆံထဲမှာရှိတဲ့ ဂျယ်လ်တွေက မျက်လွှာကို ဆွဲမိသလို ဖြစ်တဲ့အခါမှာလည်း ဒီလိုဖြစ်တတ်ပါတယ်။ ၁။ ဦးခေါင်းကို ထိခိုက်မိခြင်း ဦးခေါင်းကို မာကြောတဲ့ အရာဝတ္ထုတစ်ခုခုနဲ့ ပြင်းထန်စွာ ထိခိုက်မိတဲ့အခါ နီးစပ်ရာ ဦးနှောက်အပြင် အာရုံကြောတွေကိုပါ ကမောက်ကမ ဖြစ်သွားစေပါတယ်။ […]


အခြားမျက်လုံးပြဿနာများ

ညမအိပ်တဲ့ ဇီးကွက်လေးတို့ မျက်စိ မထိခိုက်ကြစေဖို့

ညဆို တော်တော်နဲ့ မအိပ်တဲ့ ဇီးကွက်လေးတို့ရေ။ ယူတို့က မအိပ်ရုံတင် မကဘူး၊ မျက်စိ ကို အမျိုးစုံ အသုံးချလေ့ရှိကြတာနော်။ တစ်နေကုန် အသုံးပြုနေရတဲ့ မျက်လုံးလေးတွေကလေ လူအိပ်ချိန်မှာမှ နားရတာပါ။ ဒါကို အိပ်လည်းမပျော်ရော တီဗီကြည့်လိုက်၊ စာဖတ်လိုက်၊ ဖုန်းကြည့်လိုက်၊ ကွန်ပျူတာ ကြည့်လိုက်နဲ့ တစ်နေ့လုံးစာထက်တောင် ပိုပင်ပန်းနေရရှာတာပေါ့။ ဘာဆက်ဖြစ်လာမလဲ ဘာဖြစ်ရမလဲ… မနက်ကျ အဲဒီမျက်လုံးက ကြည့်လို့ မကောင်းတော့ဘူး၊ အိပ်ရေးပျက်တော့ မျက်စိ တွေ ကျိန်းစပ်၊ မျက်ရည်ခြောက်သွေ့၊ အမြင်အာရုံမကောင်း၊ အာရုံစူးစိုက်ကြည့်လို့မရ၊ မျက်ရည်ပူတွေကျ၊ မျက်လုံးအောင့်တာတွေ တစ်ခုမဟုတ် တစ်ခု ဖြစ်ပြီး အလုပ်လုပ်လို့ ဘယ်ကောင်းတော့မှာလဲ။ ဒီလိုဖြစ်နေရတဲ့ ယူတို့အတွက် အသုံးဝင်မယ့် နည်းလေးတွေက - မျက်လုံး အဖွင့်အပိတ် လုပ်ပေးပါ မျက်လုံး ထဲမှာ ခိုးလိုးခုလု ဖြစ်နေတယ်လို့ ခံစားနေရပြီး ကျိန်းစပ်သလို၊ အောင့်သလို ခံစားနေရရင် […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်